ပထမဆုံး ဂီတဖျော်ဖြေပွဲ ပြုလုပ်တဲ့ NU'ESTW အဖွဲ့

 ကေပေါ့ပ်အဖွဲ့ NU'ESTWသည် ပထမဆုံး တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲကို ဆိုးလ်မြို့၌ အောင်မြင်စွာ ကျင်းပခဲ့သည်။

ဆိုးလ်မြို့ရှိ Olympic Park SK Handball Arena အားကစား ရုံတွင် ၎င်းတို့၏ ဂီတဖျော်ဖြေပွဲ'DOUBLE YOU' ကို NU'ESTW အဖွဲ့ဝင်လေးဦးက မတ်လ ၁၆ ရက်မှ ၁၈ ရက်အထိ မြိုင်မြိုင် ဆိုင်ဆိုင် ဖျော်ဖြေခဲ့သည်။

အဆိုပါ သုံးရက်ကြာ ဖျော် ဖြေပွဲသို့ ပရိသတ် ၁၆,၀၀၀ ကျော်လာရောက်အားပေးခဲ့သည်။

NU'ESTW အဖွဲ့သည် ဖျော်ဖြေပွဲများတွင် ၎င်းတို့၏ ကျော် ကြားသော သီချင်း "Where You At" အပါအဝင် "Overcome" "Love Paint" "Lock" နှင့် "Thank You" တို့ဖြင့် သီဆိုခဲ့သည်။         allkpop