‘သရာစောထိ’ ဇာတ်ကားနဲ့ မင်းသမီးဆု၊ ဓာတ်ပုံဆုလိုချင်တဲ့ ဒါရိုက်တာအောင်လွင်

သရာစောထိဇာတ်ကားရိုက်ကွင်းတွင် ညွှန်ကြားပြသနေသော ဒါရိုက်တာအောင်လွင်

 ယခင်က ဒါရိုက်တာ အနေဖြင့် ၎င်းရိုက်ကူးသည့် ဇာတ် ကားများတွင် ဓာတ်ပုံဆုများနှင့် မင်းသမီးဆုများ ရရှိဖူးသော ကြောင့် ‘သရာစောထိ’ ဇာတ်ကား နှင့်လည်း အဆိုပါဆုများ  လိုချင် ကြောင်း ဦးအောင်လွင်က ပြော သည်။

‘‘ကျွန်တော်ကြွားလို့ရတာ ပေါ့။ ကျွန်တော်နဲ့ အရင်တုန်းက ရိုက်ခဲ့တဲ့ မင်းသမီးတွေ ၇၂ ခုနှစ်ကဆိုရင် ဒေါ်အေးအေးသင်း၊ ‘မာယာထောင်ချောက်’၊ ကျွန်တော် မင်းသား၊ ဒါရိုက်တာစလုပ်တဲ့ ကားနဲ့ ရဖူးတယ်။ နောက်ပြီး ၇၄ ခုနှစ်မှာဆိုရင်လည်း ‘နော်ကူးမ’ နဲ့ မင်းသမီးဆုရဖူးတယ်။ ၂၀၀၅ မှာ ဆိုရင်လည်း ထွန်းအိန္ဒြာဗို အကယ်ဒမီရတယ်။ ဒီတစ်ကားမှာဆိုရင်လည်း ကျွန်တော်နဲ့ရိုက် တဲ့မင်းသမီးတွေ အကယ်ဒမီရ ကြတယ်လို့ ပြောစေချင်တယ်’’ဟု ဒါရိုက်တာ စံရွှေမောင်(ခ)ဦးအောင်လွင်က ပြောသည်။

ထို့အတူ ဓာတ်ပုံဆုများအ နေဖြင့် ‘နေခြည်ဖြာမှ နွေးသော ကြောင့်’နှင့် ‘မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍’ ရုပ်ရှင်များဖြင့် ဆု များရရှိခဲ့သောကြောင့် ယင်းဆု များကိုလည်း လိုချင်ကြောင်း​ ၎င်း က ဆိုသည်။

ရုပ်ရှင်ထူးချွန်ဆုပေးပွဲ မတက်ဖြစ်သည်မှာ ၂ နှစ်ခန့်ရှိပြီ ဖြစ်ပြီး ယခုနှစ်တွင် တက်ဖြစ်မည် ထင်ကြောင်းနှင့် ၎င်းကို ဒါရိုက် တာဆုရမည်ဟု ခန့်မှန်းမှုများ အပေါ်     သိပ်မခံစားဖြစ်ဟုဆို သည်။

သရာစောထိရုပ်ရှင်သည် ၂၀၁၇ တွင် ပြုလုပ်ခဲ့သော မြန်မာ့ ဒီမိုကရေစီရက်သတ္တပတ်ရုပ်ရှင် ပွဲတော်အတွက် ရိုက်ကူးသည့် ဇာတ်ကားဖြစ်ပြီး ယင်းဇာတ်ကား နှင့်ပတ်သက်၍ ဒါရိုက်တာဆု၊ အမျိုးသမီးဇာတ်ပို့ဆုအပါအဝင် အတတ်ပညာဆိုင်ရာ ထူးချွန်ဆု များရနိုင်ကြောင်း တစ်ကြိုပေး ထားသည်။

ဦးအောင်လွင်သည် ဒါရိုက် တာအဖြစ် ၂၀၀၅ တွင် ‘မိုးကုတ် စက်ဝိုင်းကို ကျော်လွန်၍’ ရုပ်ရှင်ကို နောက်ဆုံးရိုက်ကူးပြီး  ‘သရာ စောထိ’ ကို ၁၂ နှစ်ကြာမှ ပြန်လည် ရိုက်ကူးခဲ့သည်။