အကယ်ဒမီအထူးဆုဂယက်

ဓာတ်ပုံ−နစ်ကီ

 မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲနီးကပ်လာသည်နှင့်အမျှ လူ မှုကွန်ရက်တွင် အကယ်ဒမီဆု စာရင်းများဟုဆိုကာ ပျံ့နှံ့လာပြီး ယင်းဆုများတွင် အကယ်ဒမီ အထူးဆုလည်း ပါဝင်ကြောင်း ရေ ပန်းစားနေသည်။

‘‘အဲဒါကတော့ တွေ့ရင် တော့ တင်မှာပေါ့။ မတွေ့ရင် မပါဘူးပေါ့။ ရွေးချယ်ရေးအဖွဲ့ကနေ ပြီး သူတို့ထိုက်သင့်တာရှိရင် တင် မှာပေါ့။ ထိုက်သင့်တာမရှိရင် မတင်ဘူး။ ပါမှာမဟုတ်ဘူးပေါ့။ ဒါကတော့ ရုပ်ရှင်ရွေးချယ်ရေး အဖွဲ့နဲ့ ဆိုင်ပါတယ်။ ဒီနှစ်မှာ ပါ တယ်လည်းမဟုတ်ဘူး၊ မပါဘူး လည်း မဟုတ်ဘူးပေါ့။ ၂၃ ရက် နေ့မှ သိရမှာပဲ’’ဟု အကယ်ဒမီအ ကဲဖြတ်အဖွဲ့ဝင် ရုပ်ရှင်ဒါရိုက် တာ ကြည်စိုးထွန်းက အထူးဆုနှင့် ပတ်သက်၍ ပြောသည်။

နှစ်စဉ် အစဉ်အလာအရ အထူးဆုပေးလျှင် ကလေးသရုပ် ဆောင်ဆုကို ပေးလေ့ရှိသော် လည်း ၂၀၁၆ ထူးချွန်ဆုပေးပွဲ တွင် မနောမြေမှ ကျောက်စိမ်း ကမ္ဘာ ဇာတ်ကားကို အထူးဆုအ ဖြစ်ပေးခဲ့သည်။

‘‘ဒီနှစ်ပြန်စဉ်းစားနေတာက တော့ ဒီ ၁၁ ခုထဲမှာ ပေးပြီးသား ပါတဲ့ဟာဆိုရင် မပေးတာကောင်း တယ်လို့ စဉ်းစားတယ်။ ပါတယ် ဆိုတာ ကားဆု၊ သရုပ်ဆောင်ဆု တို့ ပါပြီးသားဆို ထပ်မပေးတော့ ဘူး။ ကလေးကလည်း သရုပ် ဆောင်ပဲ။ ဒါပေမဲ့ ထူးခြားတာ ကိုး။ ဥပမာ ပေးပြီးသား ၁၁ ဆု ထဲမှာ မပါတဲ့ဟာမျိုး Special Effect တွေ ကောင်းတယ်ဆို မိတ်ကပ်သိပ်ကောင်းတယ်ဆို မိတ် ကပ်ဆု၊ ဥပမာ အဝတ်အစားတွေ သိပ်ကောင်းတယ်ဆို Costume ဒီဇိုင်းဆုတို့ ဒါမျိုးတွေတော့ ဖြစ် သွားနိုင်တယ်။ စဉ်းစားနိုင်တယ်။ တခြားဆုတွေအနေနဲ့ကတော့ ပေးပြီးသားဆုကို ထပ်ပေးဖို့က တော့ စဉ်းစားဖို့ သိပ်ခက်သွားပြီ’’ ဟု ဒါရိုက်တာကြည်စိုးထွန်းက ပြောသည်။