စည်ကားမှုမရှိ၍ အောင်လံအမှတ် (၂) ဈေး ဆိုင်ခန်းအများစု ပြန်လည်ပိတ်သိမ်း

အသစ်ဖွင့်လှစ်ထားသော အောင်လံ အမှတ်(၂)ဈေးကို မတ်လ ၁၈ ရက်က မြင်ရစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)

 အောင်လံမြို့ အမှတ် (၂) ဈေးကြီးစတင်ဖွင့်လှစ်ပြီး တစ်လကျော်အကြာတွင် ဆိုင်ခန်း အားလုံးဖွင့်လှစ်မှုမရှိခြင်းနှင့် လူ စည်ကားမှုမရှိခြင်းများကြောင့် လက်ရှိဖွင့်လှစ်ရောင်းချနေသည့် ဆိုင်ခန်းအများစုပြန်လည်ပိတ် သိမ်းနေကြောင်း ဆိုင်ခန်းပိုင်ရှင် များက ပြောသည်။


အောင်လံမြို့ အမှတ် (၂) ဈေးကြီးတွင် ဆိုင်ခန်းသစ် ၁၉၁ ခန်း ထပ်မံတည်ဆောက်ထားပြီး ယင်းဆိုင်ခန်းသစ်များအနက် လက်ရှိတွင် ဆိုင်ခန်း ၁၀ ခန်းကျော်သာ ဖွင့်လှစ်ရောင်းချနေကြောင်း ဆိုင် ခန်းရှင် ဦးတင်အောင်က ပြောသည်။

ဈေးဖွင့်စတွင် ဆိုင်ခန်းများ ထက်ဝက်ကျော်လာရောက်ဖွင့် လှစ်ခဲ့သော်လည်း ကျေးရွာများ မှ ဈေးဝယ်ကားများရပ်နားမှုမရှိ ခြင်း၊ ဆိုင်ခန်းသစ်ပိုင်ရှင်များအ နက် အများစုက ဆိုင်ဖွင့်လှစ်မှုမရှိ ခြင်းတို့ကြောင့် လူမစည်သဖြင့် ဖွင့်လှစ်ထားသော ဆိုင်ခန်းများ ကို ပြန်လည်ပိတ်သိမ်းနေကြောင်း ကုန်စုံဆိုင်ဖွင့်လှစ် ရောင်းချသူ ဆိုင်ခန်းရှင်တစ်ဦးက ပြောသည်။

‘‘ပထမတော့ ဒေသအာဏာ ပိုင်တွေ၊ တိုင်းစည်ပင်ဝန်ကြီး ကိုယ်တိုင်ဆင်းလာပြီး ဈေးကြီးကို စည်ကားလာအောင်၊ ကျေးရွာက လာတဲ့ တောကားတွေရပ်နား ဈေးဝယ်နိုင်အောင် စီစဉ်ပေးမယ် ပေါ့နော်ပြောတယ်။ ဒါပေမဲ့ ဒီနေ့ အချိန်အထိ ဖြစ်မလာခဲ့ဘူး။ ဒါ့အ ပြင် ဆိုင်ခန်းသစ်ပိုင်ရှင်တွေက လည်း ဆိုင်လာရောက်ဖွင့်လှစ် ခြင်းမရှိတော့ ဈေးကမစည်ဘူး ဖြစ်နေတယ်။ လူကိုမရှိသလိုဖြစ် နေတာ၊ အမှန်တကယ်ရောင်းချ လိုလို့ ဆိုင်ဖွင့်ထားသူတွေ နစ်နာ ပါတယ်’’ဟု အမှတ် (၂) ဈေးကြီးမှ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောသည်။

ဆိုင်ခန်းသစ် ပိုင်ရှင်များ ဆိုင်ခန်းဖွင့်လှစ်ရောင်းချကြရန် အကြိမ်ကြိမ်နှိုးဆော်စာများထုတ် ပြန်ထားသော်လည်း လက်ရှိအ ချိန်အထိ ဖွင့်လှစ်ရောင်းချမှုမရှိ ခြင်းသည် ဆိုင်ခန်းရှင်အများစုကအမှန်တကယ်ဈေးရောင်းချလို၍ ၀ယ်ယူထားခြင်းမဟုတ်ဘဲ ဈေး ကစားလိုသည့် သဘောမျိုးဝယ်ယူထားသဖြင့် ဈေးကြီးမစည် ကားရခြင်း ဖြစ်ကြောင်း အောင်လံမြို့နယ်စည်ပင်ကော်မတီအဖွဲ့ ၀င်တစ်ဦးက ဆိုသည်။

အောင်လံမြို့နယ်စည်ပင် သာယာရေးအဖွဲ့အနေဖြင့် ဈေး ကြီးစည်ကားလာစေရန် စည်ပင် သာယာရေးဝန်ထမ်းများက ယင်း ဈေးကြီးတွင် ဟင်းသီးဟင်းရွက်ဆိုင်တစ်ခု ဖွင့်လှစ်ရောင်းချနေ ပြီး ကျေးရွာကားများ ရပ်နားစေရန် သက်ဆိုင်ရာဦးစီးဌာနများသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အောင်လံအမှတ် (၂) ဈေး ကို ၂၀၁၇ ဖေဖော်ဝါရီက ဆိုင်ခန်းသစ်များတိုးချဲ့တည်ဆောက်ပြီးစီးခဲ့ပြီး ၂၀၁၈ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဆိုင်ခန်းအားလုံး ဖွင့်လှစ်ရန် ဒေသအာဏာပိုင်များ နှင့် ဆိုင်ခန်းရှင်များသဘောတူခဲ့ သည်။  ထို့အပြင် ဈေးကြီးစည်ကား လာစေရေးဒေသအာဏာပိုင်များကလည်း ကူညီမည်ဖြစ်ကြောင်း ဈေးဆိုင်ခန်းရှင်များနှင့် ဒေသအာဏာပိုင်များ၊ တိုင်းအစိုးရအဖွဲ့စည်ပင် သာယာရေးဝန်ကြီးနှင့် တွေ့ဆုံပွဲတွင် ဒေသအာဏာပိုင်များက ကတိပေးပြောကြားထားသည်။

More in News Section