သက်ငယ်မုဒိမ်းမှု ပပျောက်ရေးနှင့် ထိရောက်ပြစ်ဒဏ်များသတ်မှတ်ရေး မန္တလေးတွင် လူထုလှုပ်ရှားမှုပြုလုပ်

သက်ငယ်မုဒိန်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရေး မန္တလေးမြို့တွင် ယမန်နေ့က လူထုလှုပ်ရှားမှုပြုလုပ်နေစဉ် (ဓာတ်ပုံ − ထက်သာဦး)

 သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေးနှင့် ထိရောက်သည့် ပြစ်ဒဏ်များ သတ်မှတ်ရေးလူထု လှုပ်ရှားမှုတစ်ရပ်ကို မန္တလေးမြို့ တွင် မတ်လ၁၈ရက်ကပြုလုပ်ခဲ့ သည်။

မန္တလေးမြို့ ၂၂ လမ်း၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားတွင် ပြုလုပ်သည့် အဆိုပါ လူထုလှုပ်ရှားမှု၌ မန္တလေးမြို့မှ ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ပြီး သက်ငယ်မုဒိမ်းမှုမဖြစ်ပေါ်စေရန် ဆောင်ရန်၊ ရှောင်ရန် အချက် များပါဝင်သည့် လက်ကမ်း စာ စောင်များဝေငှခြင်း၊ ဂရပ်ဖစ်တီရေးဆွဲခြင်း၊ သရုပ်ဖော်ပြကွက် များ ပြသခြင်းနှင့် ဓာတ်ပုံကမ်ပိန်းပြုလုပ်ခြင်းများ  ဆောင်ရွက်ခဲ့ကြသည်။

သက်ငယ်မုဒိမ်းမှုများ ဖြစ် ပေါ်နေသည့်အပေါ် ပြည်သူများ  သတိပြုမိစေရန်နှင့် ကြီးလေး သောပြစ်ဒဏ်များ ချမှတ်နိုင်ရေး ရည်ရွယ်ကာ လူထုလှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးဆောင် ပြုလုပ်သူ  ကိုသန့်ဇင်ဝင်း (MC  Prince) ကပြောသည်။

‘‘ကျွန်တော်ကတော့ (သက်  ငယ်မုဒိမ်းမှုတွေကို) သေဒဏ်ထိ ဆွဲစေချင်တယ်’’ ဟု ၎င်းကဆို သည်။

  ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်ကလည်း မန္တလေး မြို့မနော်ရမံ္မဗိုလ်ချုပ် ကြေးရုပ် ကွင်းတွင် သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေးနှင့် ထိရောက်သည့် ပြစ်ဒဏ်များသတ်မှတ်ရေး လူထု အသိပညာပေး လှုပ်ရှားမှုများကို မန္တလေးမြို့ခံ ပရဟိတအဖွဲ့ များက ပြုလုပ်ခဲ့သည်။

၂၀၁၇အတွင်း မြန်မာ တစ်နိုင်ငံလုံးတွင် (၁၆) နှစ်  အောက် သက်ငယ်မုဒိမ်းမှု ၈၉၇ မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။ အဆိုပါထုတ်ပြန်ချက် အရ ၂၀၁၇အတွင်း မြန်မာနိုင်ငံ တွင် သက်ငယ်မုဒိမ်းမှု တစ်ရက် လျှင်အနည်းဆုံးနှစ်မှုနှုန်း ဖြစ်ပွား ခဲ့သည်။