သြစတြေးလျသို့ မုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီးနောက် လူနေအိမ် ၂၅,၀၀၀ ခန့် လျှပ်စစ်မီးပြတ်တောက်
ဩစတြေးလျနိုင်ငံ မြောက်ပိုင်းသို့ အပူပိုင်း ဆိုင်က လုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် တနင်္ဂနွေနေ့တွင် ဒါဝင်မြို့၌ နေအိမ် ၂၅,၀၀၀ ခန့် လျှပ်စစ်မီးများ ပြတ်တောက်နေသည်။
အပူပိုင်း ဆိုင်ကလုန်းမုန် တိုင်း မားကတ်စ် ဝင်ရောက်တိုက် ခတ်စဉ် သစ်ပင်များ ကျိုးကျခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်းအ ပြင် ဆိုးရွားသောရာသီဥတုအခြေ အနေကြောင့် လေကြောင်းခရီး စဉ်များ ဖျက်သိမ်းခဲ့ရပြီး စာသင် ကျောင်းများ ပိတ်ထားခဲ့ရသော် လည်း သေဆုံးသူမရှိကြောင်း သိရသည်။
စနေနေ့တွင် အပူပိုင်း ဆိုင် ကလုန်းမုန်တိုင်း မားကတ်စ်သည် Northern Territory ဒေသ ဒါဝင် မြို့သို့ ကုန်းတွင်းပိုင်း ဝင်ရောက် လာစဉ် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၈၀ ခန့်ရှိသည်။
Northern Territory ဒေသ အစိုးရက တနင်္လာနေ့အထိ စာ သင်ကျောင်းများ ပိတ်ထားမည် ဖြစ်ကြောင်း ပြောကြားသည်။
တနင်္ဂနွေနေ့တွင် လေ ကြောင်းခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲခဲ့ပြီး စီးပွားဖြစ် ရေကြောင်းကုန်သွယ်ရေး လုပ် ငန်း၌လည်း ကုန်တင်သင်္ဘော များ ဆိပ်ကမ်းသို့ ပြန်လည်ဆိုက် ကပ်လာသည်။
စနေနေ့ညနေတွင် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း မားကတ်စ် သည် ပင်လယ်ပြင်၌ ပိုမိုအား ကောင်းလာပြီးနောက် တနင်္ဂနွေ နေ့ နံနက်တွင် ဩစတြေးလျ မြောက်ဘက် ကမ်းရိုးတန်းဒေသ သို့ ဝင်ရောက်တိုက်ခတ်ခဲ့သည်။
မိုးလေဝသပညာရှင် ပီတာ ကလာဆန်က မားကတ်စ်မုန် တိုင်းသည် တနင်္လာနေ့တွင် အိန္ဒိယသမုဒ္ဒရာသို့ ဆက်လက်ရွေ့လျားမည်ဖြစ်ပြီး ယင်းသမုဒ္ဒရာ သို့ ရောက်ရှိစဉ် မုန်တိုင်းအင်အား အဆင့် (၃)အထိ အားကောင်း ကာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၀၂ မိုင်မှ ၁၃၉ မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့် မှန်းရကြောင်း ပြောသည်။
—Ref: Reuters