အသံပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာကြောင့် အရက်ဖြတ်လိုက်တဲ့ မီဂန်ထရိန်နာ

အမေရိကန် အ ဆိုတော် မီဂန်ထရိန်နာသည် အ သံပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာကြောင့် ခွဲစိတ်မှုနှစ်ကြိမ် ခံယူပြီးနောက် အရက်ဖြတ်ခဲ့ ကြောင်း ပြောသည်။

အသက်(၂၄)နှစ်အရွယ်မီ ဂန်ထရိန်နာသည် ပြီးခဲ့သည့်နှစ် ကအသံပိုင်းဆိုင်ရာ ပြဿနာ ကြောင့် ဒုတိယအကြိမ် ခွဲစိတ်မှု ခံယူခဲ့ရပြီး  ဂီတအလုပ်များ လည်းရပ်နားထားခဲ့ရသည်။

‘‘ကျွန်မခွဲစိတ်မှု ခံယူပြီး တော့ အရက်ဖြတ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အရက်က ကျွန်မရဲ့အသံကို ထိခိုက်စေတဲ့ အတွက်ပါ။ ကျွန်မရေများများ သောက်တယ်။ ပြီးတော့ ကျန်း မာရေးနဲ့ညီညွှတ်တဲ့ အစားအ သောက်တွေစားတယ်။ အား ကစားလုပ်တယ်။ အခုဆိုရင် ကျွန်မ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ် ပိုင်းဆိုင်ရာရော တိုးတက်ကောင်း မွန်လာတာ သက်သေပါပဲ။ နောက်လည်းဒီလိုပဲ ကျန်းမာရေး ဂရုစိုက်ပြီးနေသွားမှာပါ’’ ဟုမီဂန် ထရိန်နာကပြောသည်။

မီဂန်ထရိန်နာသည် ၂၀၁၅ တွင်တစ်ကြိမ်၊ ၂၀၁၇တွင် တစ် ကြိမ် အသံပိုင်းဆိုင်ရာ ပြဿနာ ကြောင့် ခွဲစိတ်မှုခံယူခဲ့ရသည်။

‘All About That Bass’,Like I’m Gonna  Lose You’ ‘No’ စသည့်သီချင်းများဖြင့် ကျော်ကြားလာသော မီဂန်ထ ရိန်နာသည့် ယခုနှစ်အစောပိုင်း က ‘No Exuses’ သီချင်းကို ဖြန့်ချိခဲ့သည်။      Contactmusic