ပွဲဦးထွက်ရုပ်ရှင်ကို အကယ်ဒမီတစ်ကြို ခန့်မှန်းကြလို့ စိတ်လှုပ်ရှားနေတဲ့ ထူးပိုင်ဇော်ဦး

 ‘ည’ ရုပ်ရှင်သည်၎င်း ပထမဆုံး ရိုက်ကူးသည့်  ရုပ်ရှင် ဖြစ်သောကြောင့် အကယ် ဒမီရရေး  မစဉ်းစားထားသော် လည်း ပွဲနီးကပ်လာချိန်တွင် တစ် ကြိုခန့်မှန်းပေးမှုများကြောင့် ပျော်ရွှင်ရကြောင်း ဒါရိုက်တာ ထူးပိုင် ဇော်ဦးက ပြောသည်။

‘‘ကျွန်တော်တို့တစ်ဖွဲ့လုံးခံ ယူထားတာကတော့ တစ်ယောက် ရတာက တစ်ဖွဲ့လုံးရတာနဲ့အတူ တူပဲ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်ချင်းစီက သူ့အခန်း ကဏ္ဍမှာအကောင်းဆုံး Team Work ကောင်းကောင်းနဲ့ လုပ် ထားတာဆိုတော့တစ်ယောက် ရ ရင်အားလုံးရသလိုပါပဲ’’ ဟု ၎င်း ကပြောသည်။

ညရုပ်ရှင်ကို ဒါရိုက်တာ ထူးပိုင်ဇော်ဦးက မျက်နှာသစ် သရုပ်ဆောင်များဖြင့် ရိုက်ကူး ပုံဖော်ထားပြီး ဇာတ်လမ်းတင် ဆက်ပုံအပါအ၀င် အရုပ်၊ အသံ ပိုင်းနှင့် ပတ်သက်၍ ပရိသတ်များ ၏ အသိအမှတ်ပြုမှုရရှိခဲ့သည်။

ယင်းဇာတ်ကားသည် မတ် လ ၂၃ရက်တွင် ကျင်းပမည့် မြန်မာရုပ်ရှင်ထူးချွန်ဆု ပေးပွဲ၌  အတတ်ပညာဆိုင်ရာဆုများ ရရှိ နိုင်သည်ဟု ခန့်မှန်းထားသည်။

‘‘ ည ကိုချစ်ကြတဲ့ ပရိသတ် တွေက ချစ်ချင်တဲ့စိတ်နဲ့ ခန့်မှန်း ပေးကြတဲ့အတွက် အကယ်ဒမီကို မမှန်းပေမယ့် ရစေချင်တဲ့စိတ် တော့အပြည့်ရှိပါတယ်’’ ဟု ဒါ ရိုက်တာ ထူးပိုင်ဇော်ဦးက ပြော သည်။

လတ်တလောတွင် ၎င်း၏ ဒုတိယမြောက်ရုပ်ရှင်  ဖြစ်လာ မည့် စာရေးဆရာမဂျူး၏ လရဲ့အောက်ဘက်မိုင်အဝေးမှာ ၀တ္ထုရိုက်ကူးရန်ပြင်ဆင်နေပြီး လိုက်ဖက်မည့်ဇာတ်ကောင်းများ ရရှိရန် သရုပ်ဆောင်သစ်များ ခေါ်ယူထားကြောင်း ပြောသည်။