တောဘိုင်စကုပ်

(တစ်)

စားရကံကြုံတော့ မုတ်ဆိတ် ကို ပျားစွဲတယ်ဆိုတဲ့စကားကြား ဖူးကြမလား မပြောတတ်ဘူး။ ရေ ငတ်တုန်း ရေတွင်းထဲကျတဲ့။ အဲ သည့်စကားပုံလည်း ကြားဖူးမယ် ထင်ပါရဲ့။ အဓိပ္ပာယ်ကတော့ ခပ်ဆင်ဆင်တွေပါပဲဗျာရယ်။

အခု...ဂျက်ကွမ်းခြံကုန်းက အနို့ကလိုအဖြစ်မျိုးနဲ့ လာပြီးကြုံ နေရတာ။ နဂိုကတည်းက ဘိုင် စကုပ်တို့၊ ရုပ်ရှင်တို့လိုဟာမျိုး တွေကို ၀ါသနာထုံလွန်းပါတယ် ဆိုမှ စုံနံ့သာမြိုင်တောထဲမှာရုပ် ရှင်နဲ့ လာတိုးနေပါလေရော။

တိရစ္ဆာန်တွေကလည်း ရုပ် ရှင်ရိုက်ကြလေသတဲ့ခင်ဗျ။ သင်း တို့ကလည်း ၀တ္ထုနဲ့၊ ဇာတ်ညွှန်း နဲ့၊ ဒါရိုက်တာနဲ့၊ သရုပ်ဆောင်နဲ့။ ထူးချွန်ဆုတွေ၊ ဘာတွေတောင် မှပေးကြလေသတဲ့။ လူတွေနည်း နည်းလှုပ်တာနဲ့ တိရစ္ဆာန်တွေအ ကုန်လိုက်လှုပ်တဲ့တော။ လူလုပ် သမျှအကုန်လုံးလိုက်ပြီး တုပနေ တဲ့ စုံနံ့သာမြိုင်တောကြီးပဲဟာ ကိုး။

အဲသတိရပြီ။ Animal Farm ဆိုတဲ့ဓာတ်ရှင်ဇာတ်ကား။ စာရေးဆရာကြီး ဂျော့အော်ဝဲလ် (George Orwell)ရဲ့ ကမ္ဘာကျော် ၀တ္ထု။ ဆရာကြီးသခင်ဘသောင်း တောင်မှ ခြေလေးချောင်းတော် လှန်ရေးဆိုပြီး ဘာသာပြန်ဆိုသမှု ပြုထားခဲ့သေးတဲ့ဥစ္စာ။ အဲသဟာ ကို လူတွေရိုက်တဲ့ရုပ်ရှင်။ တိရစ္ဆာန်တို့ရဲ့ကမ္ဘာလို့ ပြန်ဆိုရ ရင်ကောင်းလေမလားမသိ။ဓာတ် ရှင်တစ်ကားလုံးလိုလို တိရစ္ဆာန် တွေချည်းပဲ။ လွှတ်ကောင်းတဲ့ ကား။

နေဦး ခေါင်းထဲပေါ်လာပြီ။ The Lion King လေ။ ဝေါ့လ်ဒစ္စ နေ (Walt Disney)ကထုတ်တဲ့ ဇာတ်ကား။ ခြင်္သေ့ဘုရင်ဆိုတာ။ တစ်ကားလုံးတိရစ္ဆာန်ကာတွန်း ဇာတ်ကောင်ကလေးတွေက သ ရုပ်ဆောင်သွားကြတာ။ ထိပ် တန်းနာမည်ကျော်ကားပေါ့။

Tom and Jerry ဆိုတဲ့ ကြောင်ကလေးတွမ်နဲ့ ကြွက်က လေးဂျယ်ရီဆိုလည်း လူတွေချစ် တဲ့တိရစ္ဆာန်ဇာတ်လမ်းတွဲတွေပဲ ပေါ့။

လူတွေနဲ့ တွဲရိုက်တဲ့တိရစ္ဆာန် တွေထဲမှာ သခင်ပါမောက္ခကြီး ရစ်ချတ်ဂီရိ (Richard Gere) ပြန် အလာကိုစောင့်ရင်း ဂျပန်နှင်း တောထဲမှာ သေဆုံးသွားရရှာတဲ့ ခွေးကလေးဟာချီ (Hachi)အဖြစ် နဲ့ သရုပ်ဆောင်သွားခဲ့တဲ့ ခွေးက လေးဆိုရင် ထိပ်တန်းလူသရုပ် ဆောင်တွေ တွန့်သွားနိုင်တဲ့ တိရစ္ဆာန်ဇာတ်ဆောင်ပဲပေါ့။

အို...ပြောရရင် အများကြီး ပါ။ တိရစ္ဆာန်တွေချည်းပဲ ရိုက်တဲ့ ကား။ လူနဲ့တိရစ္ဆာန်ရောရိုက်တဲ့ ကား။ ကာတွန်းလည်း ရိုက်။ တကယ့်တိရစ္ဆာန်နဲ့လည်း ရိုက်။ ကြောင်များနဲ့ခွေးများ (Cats and Dogs)တို့။ ဒယ်လ်မေးရှင်းတစ်ရာ့ တစ်ကောင် (101 Dalmatians) တို့။

ထားလိုက်တော့။

စုံနံ့သာမြိုင်က အဲသဟာ တွေကို အားကျတာ။ လူတွေရိုက် တဲ့ ဓာတ်ရှင်ခေါ်ဘိုင်စကုပ်ကို အားကျတာ။ ငါတို့တိရစ္ဆာန်တွေ လည်း ရုပ်ရှင်ရိုက်တတ်ပါတယ် ကွာပေါ့။ အဲသည့်အပေါက်မျိုး ကိုချိုးတာ။

စုံနံ့သာမြိုင်မှာ တိရစ္ဆာန်တွေ ကိုယ်တိုင်ရုပ်ရှင်ရိုက်နေခဲ့တာ ကြာပေါ့။

 အခု ဂျက်ကွမ်းခြံကုန်းနဲ့ တည့်တည့်ကြီး လာတိုးတာက နွေရာသီတိရစ္ဆာန်ရုပ်ရှင်ပွဲတော် တဲ့ခင်ဗျ။ လက်ရွေးစင်တိရစ္ဆာန် ဇာတ်ကားတွေကိုချည်းပဲပြမှာ။ ရှု စားအားပေးလှည့်ပါလို့ ဂျက်ကို ဖိတ်တာ။

အဲဒါကြောင့် မုတ်ဆိတ်ပျား စွဲတို့၊ ရေငတ်တုန်းရေတွင်းထဲကျ တို့ပြောခဲ့တာ။ ပြတဲ့သူရှိတော့ လည်း ကြည့်ပေတော့ပေါ့။ တော ရုပ်ရှင်။

(နှစ်)

ကြည့်ရှုခံစားမိခဲ့လေသမျှ ပြန်လည်၍ ဖောက်သည်ချရသည် ရှိလေသော်....

တိရစ္ဆာန်တက္ကသိုလ်နောက် ခံ အချစ်ဇာတ်ကားကလေးက တစ်ကားခင်ဗျ။ ဇာတ်လိုက်က ယုန်ကလေး။ ကန်ပေါင်ရိုးတစ် နေရာမှာ သူငယ်ချင်းတွေနဲ့ ပြေး ကြ၊ လွှားကြ၊ တွန်းကြ၊ ထိုးကြ သစ်ပင်အောက်မှာ တိရစ္ဆာန်အမ ကလေးတွေကိုလိုက်ပြီး စ,ကြ၊ နောက်ကြ၊ ရန်ဖြစ်ကြ၊ စား သောက်ဆိုင်ထဲမှာ ပေါက်ကရ တွေ ပြောကြ၊ စားကြ၊ သောက် ကြ။ အနို့ကလို ပြကွက်တွေနဲ့ တိရစ္ဆာန်တက္ကသိုလ်ကျောင်းသား တွေရဲ့ အနာဂတ်မျှော်လင့်ချက် တွေကို ပြထားတဲ့ဇာတ်ကား။ အ ကြိုက်ဆုံးက ယုန်ကလေးရဲ့ သူ ငယ်ချင်းတွေ။ ဆင်ကြီးရယ်၊ ကြံ့ ကြီးရယ်၊ မျောက်ဝံကြီးရယ်က ပထမနှစ်ကျောင်းသားယုန်က လေးရဲ့ အတန်းဖော်သူငယ်ချင်း တွေ။ သိပ်လိုက်တာပဲ။ ရွယ်တူ သူငယ်ချင်းတွေအဖြစ်နဲ့ သရုပ် ဆောင်သွားကြတာ။

တိရစ္ဆာန်တွေရဲ့ အချစ်ကို အခြေခံပြီးရိုက်ထားတဲ့ မိန်းမဆိုး အမုန်းဆိုတဲ့ဇာတ်ကားကလေး လည်း ကြည့်ခွင့်ရခဲ့ပါသေးတယ် ခင်ဗျ။ ဇာတ်ကအများသိ ဆဒ္ဒန် ဆင်မင်းဇာတ်ပါ။ ဆဒ္ဒန်ဆင်မင်း ရဲ့မိဖုရားနှစ်ပါးဖြစ်တဲ့ မဟာသု ဘဒ္ဒါနှင့် စူဠသုဘဒ္ဒါတို့ တစ် ကောင်နဲ့တစ်ကောင် ရန်စောင်ပြီး စကားများကြတဲ့အခန်းဟာ သိပ် ကိုအသက်ဝင်တယ်လို့ ပြောကြ ပါရဲ့။

‘‘ဒီမှာ သုဘဒ္ဒါ

ယူနဲ့အိုင်က

သုဘဒ္ဒါချင်း

တူပေမယ့်

အဆင့်မတူဘူးဆိုတာ

နားလည်ထားပါ

အိုင်က စီနီယာသုဘဒ္ဒါ

ယူက ဂျူနီယာသုဘဒ္ဒါ

ဘာမှမဆိုင်ဘူး’’

‘‘ဟင်း..ဟင်း

ရယ်လိုက်ရတာ

ဖတ်ဖတ်မော

ရင်ဘတ်နောက်ကကျော

စုံနံ့သာမြိုင်မှာ

အိုင်ဒီယာအဟောင်းတွေ

New Version

လာလုပ်နေတယ်

ဒီမယ် အခုခေတ်

Living Style က

အပြိုင်ပဲရှိတယ်

စီနီယာတွေ

ဂျူနီယာတွေက

Expire ဖြစ်သွားပြီ

သွန်ပစ်လိုက်

သဘောပေါက်’’

‘‘ကြည့်စမ်း

ရိုင်းလိုက်တာ

ချောကလက်ကိုသာ

ဝေစားချင်စားမယ်

အချစ်ကိုဝေမစားဘူး

နားလည်ထား’’

ဆင်တွေရဲ့ ဒိုင်ယာလော့ဂ် က ကောင်းလိုက်တာ။ ရန်စောင် နေကြတဲ့ ဆင်မနှစ်ကောင်က လည်း နှစ်ကိုယ်ခွဲသရုပ်ဆောင် ထားတာ။ တော်တော်ကွာပါ တယ်။ တစ်ကိုယ်က ဆွဲကြိုးပါ တယ်။ တစ်ကိုယ်က မပါဘူး။ တော်တော့်ကို မတူအောင်လို့ ခက်ခက်ခဲခဲသရုပ်ဆောင်ထားကြ တာ။ အဆင့်မြင့်တိရစ္ဆာန်ရိုက် ချက်။

ဘုရားလောင်းမျောက်မင်း ဇာတ်ကို ရိုက်ထားတဲ့ဇာတ်ကား ကလေးလည်း ကြည့်ဖြစ်ပါသေး တယ်။ လမ်းပျောက်နေတဲ့မုဆိုး ကို မျောက်မင်းက လမ်းပြတဲ့ ဇာတ်။ လမ်းမှာ ခဏနားတုန်း မုဆိုးက မျောက်ကိုသတ်စားဖို့ ခေါင်းကို ခဲနဲ့ထု။ ဒါပေမဲ့ မျောက် မင်းက  သွေးစက်တွေနဲ့ မုဆိုးကို ရွာရောက်တဲ့အထိ လမ်းပြပေး ရာက မုဆိုးမြေအမျိုခံရတဲ့ဇာတ် လမ်း။

မုဆိုးသစ်ပင်ပေါ်ကမျောက် မင်းလမ်းပြတဲ့ သွေးစက်လမ်းညွှန် အတိုင်း ရွာကိုပြန်နေတဲ့ပြကွက် မှာ ဟိုးခပ်လှမ်းလှမ်းက မီးရထား ဖြတ်မောင်းသွားတာတို့၊ အဝေး ပြေးမော်တော်ကားကြီးတွေ ဖြတ် မောင်းသွားတာတို့ပါနေတာက လွဲရင် ကြည့်ပျော်ရှုပျော်ကားက လေးပါ။ မုဆိုးမြေမျိုခံရလို့ သေ လုဆဲဆဲမှာ စကားပြောနေတာက လည်း သိပ်သဘာဝကျတာ။

‘‘ဆေးလိပ်လည်းတို

နေလည်းညိုပြီ

ငါ့ကို အိပ်ပြန်ပို့ကြပါ

ဆိုတဲ့...ကဗျာထဲကလို

အခု

နေလည်းညို

မြေလည်းမျိုပြီလေ

ကျုပ်အိမ်ပြန်ပါရစေ

ကျွဲနွားတွေက

ချည်တိုင်ရှိရာ

ကျေးငှက်တွေက

အိပ်တန်းရှိရာ

ဆယ်လ်မွန်ငါးတွေက

သူတို့မွေးခဲ့တဲ့နေရာ

ပြန်ကြသလို

ကျုပ်လည်း ပြန်ရပြီ

ဒါပေမဲ့

ကောင်းသောပြန်ခြင်းတော့

မဟုတ်ခဲ့ပြီ

ငမိုက်သားကို

ပွေ့ပိုက်ထားမယ့်

မဟာပထ၀ီကို

အားနာလှချည်ရဲ့

ကျုပ်ကိုခွင့်လွှတ်ပါစ

အရှင်မျောက်မင်းရယ်

ဟင်... ပြောစမ်းပါ

ခွင့်လွှတ်တယ်လို့’’

သစ်ပင်ပေါ်က မျောက်မင်း က ခေါင်းနဲ့ သစ်ပင်နဲ့ဆောင့် လိုက်၊ ပင်စည်ကိုလက်သီးတွေနဲ့ ထိုးလိုက်နဲ့ ဇာတ်သိမ်းသွားတဲ့ ကား။

(သုံး)

      ဩော်...တောထဲကတိရစ္ဆာန် ရုပ်ရှင်တွေအကြောင်း လျှောက် ပြောနေတာ အရေးကြီးတဲ့အချက် ကလေးပြောဖို့မေ့နေလို့။

တောသတ္တ၀ါတွေက သူတို့ ရိုက်ထားတဲ့ကားတွေကို ကမ္ဘာ့ ရုပ်ရှင်ပွဲတော်တင်မလို့တဲ့ဗျ။ ဘာ သံတွေထွက်လာမလဲတော့ မသိ။ နည်းနည်းလေး နားစွင့်ပေးထား ကြပါဦး။။

(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)