ရီးရဲလ်နှင့်ရင်ဆိုင်ရမည့်ပွဲများသည် အံ့အားသင့်စရာပွဲများဖြစ်လိမ့်မည်ဟု ဂျူဗင်တပ်နည်းပြပြော

ယမန်နှစ်က ဗိုလ်လုပွဲ တွင် ရီးရဲလ်ကို ၂ နှစ်ဆက် ချန်ပီ ယံဖြစ်ခွင့်ပြုခဲ့ရသည့် ဂျူဗင်တပ် နည်းပြ အယ်လီဂရီက ယခုနှစ် ရီးရဲလ်နှင့် ပြန်လည်ဆုံတွေ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲ နှစ်ပွဲသည် အံ့အားသင့်စရာပွဲစဉ် များ ဖြစ်လိမ့်မည်ဟု ပြောကြား သည်။


ဂျူဗင်တပ်အနေဖြင့် ပြီးခဲ့ သည့် ရာသီက ဗိုလ်လုပွဲရှုံးကြေး ကို လက်စားချေရန် အခွင့်အရေး အဖြစ် ရီးရဲလ်ကို ရင်ဆိုင်ရန်ရှိနေ သည်။

‘‘ရီးရဲလ်လား။ အဲဒီပွဲတွေ ဟာ အံ့အားသင့်စရာဘောလုံးပွဲ နှစ်ပွဲဖြစ်လာပါလိမ့်မယ်’’ ဟု အယ်လီဂရီက ပြောသည်။

‘‘ကျွန်တော်တို့ကောင်း ကောင်း ကစားနိုင်ခဲ့ရင် ကျော် ဖြတ်နိုင်ပါလိမ့်မယ်။ ကောင်း ကောင်းမကစားနိုင်ရင် အိမ်ပြန်ရ ပါမယ်။ ကျွန်တော်တို့ဟာ ဥရော ပအကောင်းဆုံး ရှစ်သင်းမှာ ပါ နေလို့ ဂုဏ်ယူရပါမယ်’’ ဟု အယ် လီဂရီက ပြောသည်။

မိမိတို့အနေဖြင့် ပြီးခဲ့သည့် ရာသီက ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်တွင် ဘာစီလိုနာကိုကျော် ဖြတ်နိုင်ခဲ့ပြီး ယခုရာသီတွင်လည်း ရီးရဲလ်ကို ကျော်ဖြတ်နိုင်မည်ဟု အယ်လီဂရီက ပြောသည်။

ရီးရဲလ်သည် ချန်ပီယံလိဂ် တွင် ရေပန်းစားနေသော အသင်း ဖြစ်သောကြောင့် ၎င်းတို့ကို အနိုင် ရလျှင် သာမန်ထက် နှစ်ဆပျော် ရွှင်ရမည်ဟု အယ်လီဂရီက ပြော သည်။

မိမိတို့အနေဖြင့်ပိုကောင်း အောင်ပြင်ဆင်ရမည်ဖြစ်ပြီး အ ကောင်းဆုံးရင်ဆိုင်ရမည်ဟု ၎င်း ကပြောသည်။

—Ref:Football Italia