ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ဂျူဗင်-ရီးရဲလ်၊ ဘာကာ-ရိုးမား၊ ဆီဗီလာ- ဘိုင်ယန်နှင့် လီဗာပူး- မန်စီးတီးတို့ ရင်ဆိုင်တွေ့

Getty Images

နိုင်ယွန် - ၂၀၁၈ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်များကို မတ်လ ၁၆ ရက်က ဆွစ်ဇာလန် နိုင်ငံတွင် မဲနှိုက်ရွေးချယ်ရာ ယမန်နှစ်က ဗိုလ်လုပွဲ၌ ဆုံတွေ့ခဲ့ သော ဂျူဗင်တပ်နှင့် ရီးရဲလ်၊ ဆီဗီ လာနှင့် ဘိုင်ယန်၊ အင်္ဂလန် နှစ် သင်းဖြစ်သော လီဗာပူးနှင့် မန်စီး တီး၊ ဘာစီလိုနာနှင့် ရိုးမားတို့ ရင် ဆိုင်တွေ့နေသည်။

နိုင်ယွန်မြို့တွင် မဲခွဲမှုအတွင်းလာလီဂါသုံးသင်း အချင်ချင်း မတွေ့ခဲ့ဘဲ ပရီးမီးယားလိဂ် နှစ် သင်း ရင်ဆိုင်တွေ့ခဲ့သည်။ လက် ရှိချန်ပီယံရီးရဲလ်က ယမန်နှစ်က ဗိုလ်လုပွဲတွင် ဆုံခဲ့သော အီတလီ ချန်ပီယံဂျူဗင်တပ်နှင့် ရင်ဆိုင်ရ မည်ဖြစ်သည်။

နောက်ဆုံး (၁၆) သင်းအ ဆင့်တွင် မန်ယူကို ကျော်ဖြတ်ခဲ့ သည့် ဆီဗီလာသည် ကွာတားအ ဆင့်၌ ပွဲကျပ်အဖြစ် ဘိုင်ယန်ကို ရင်ဆိုင်ရမည်ဖြစ်သည်။

လီဗာပူးနှင့် မန်စီးတီးပွဲသည် ၂၀၁၀-၁၁ နောက်ပိုင်းချန်ပီယံ လိဂ်ကွာတားအတွင်း အင်္ဂလန်နှစ် သင်းပထမဆုံး ဆုံတွေ့မှုဖြစ်လာ သည်။  

ဆီဗီလာ- ဘိုင်ယန်နှင့် ဂျူ ဗင်တပ်- ရီးရဲလ်တို့၏ ပွဲများကို ဧပြီ ၃ ရက်နှင့် ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဘာကာ- ရိုးမားနှင့် လီဗာပူး- မန်စီးတီးပွဲများကို ဧပြီ ၄ ရက်နှင့် ၁၀ ရက်၌ ကျင်းပမည် ဖြစ်သည်။ယူရိုပါလိဂ် ကွာတားပွဲစဉ်များကိုလည်း တစ်ပြိုင်တည်း မဲနှိုက်ခဲ့သည်။

အာဆင်နယ်- စီအက်စ်ကေ အေ၊ အက်သလက်တီကို- စပို့ တင်း၊ လာဇီယို- အော့စ်ဘတ်၊ လိုက်ပ်ဇစ်- မာဆေးတို့ပွဲစဉ် များ အားလုံးကို ဧပြီ ၅ ရက်နှင့် ၁၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။

—Ref:As/Telegraph