စစ်တွေတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေ ကျောင်းသားများအား စစ်ဆေးမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်တင်သူကို အရေးယူမည်

စစ်တွေမြို့ မင်းဂံ စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုရာတွင် ကျောင်းသား များ၏ အတွင်းခံဘောင်းဘီချွတ် ၍ စစ်ဆေးခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်ပေါ် ရေးတင်သူကို ဖော်ထုတ်အရေးယူမည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြော ကြားသည်။

 ယင်းရေးသားချက်သည် မဟုတ်မှန်ဘဲ ပြည်နယ်ပညာရေး မှူးရုံး တာဝန်ရှိသူများ ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း ၎င်း ကဆိုသည်။

‘‘အခုလို ရေးသားတာက ရခိုင်ပြည်နယ်ကို ချစ်ရာမရောက် ဘဲ နှစ်ရာသာ ရောက်ပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်တွေက ဆရာတွေက ဖုန်းဆက်ပါတယ်။ စာမေးပွဲအခန်းထဲမှာ အဲဒီလိုမျိုး လုပ်တာ လုံးဝမရှိပါ’’ ဟု ဦးစိန် ထွန်းလှက ပြောသည်။

ဖြေဆိုပြီးသည့် တက္ကသိုလ် ၀င်စာမေးပွဲတွင် အင်္ဂလိပ်စာနှင့် ဓာတုဗေဒ ဘာသာရပ်ကို မဖြေနိုင်ခဲ့ကြောင်း စစ်တွေမြို့မှ ကျောင်း သားအများစုက ပြောသည်။

မတ်လ ဒုတိယပတ်က စစ် ဆေးသည့် တက္ကသိုလ်ဝင် စာ မေးပွဲတွင် ရခိုင်ပြည်နယ် မြို့နယ် များအနက် မောင်တောမြို့နယ် သည် ပျက်ကွက်မှုအများဆုံးဖြစ် ကြောင်း ပြည်နယ် ပညာရေးမှူး ရုံး စာရင်းတွင်ဖော်ပြသည်။