သောက်သုံးရေရှားပါးသည့် အုတ်လှကျေးရွာတွင် လူကယ်ပြန်ထောက်ပံ့မှုဖြင့် စက်ရေတွင်းတူးဖော်မှု ရေချိုရရှိ

အုတ်လှကျေးရွာ စက်ရေတွင်းတူးဖော်မှု အောင်မြင်သဖြင့် ပျော်ရွှင်နေသည့် ဒေသခံများ (ဓာတ်ပုံ − မိုးကျော်)

 နွေရာသီတွင် သောက် သုံးရေရှားပါးမှုကို ရင်ဆိုင်ရသည့် ရေနံချောင်းမြို့နယ် ညောင်ပင် အိုင့်ကျေးရွာအုပ်စု အုတ်လှကျေး ရွာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ကျပ်သိန်း ၁၉၀ ထောက်ပံ့မှုဖြင့် စက်ရေတွင်းတူး ဖော်ရာ ရေချိုရရှိအောင်မြင်ခဲ့ ကြောင်း အုတ်လှကျေးရွာအုပ် ချုပ်ရေးမှူး ဦးဌေးက ပြောသည်။

အဆိုပါစက်ရေတွင်းကို ပြီး ခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်က စတင်တူးဖော်ခဲ့ရာ ရေထိပ် ၁၈၃ ပေ၊ ပန့်ချ ၄၄၀ ပေ၊ အနက် ၇၂၀ ပေတူးဖော်ရပြီး မတ် လ ၁၅ ရက်တွင် သောက်သုံးရေချို ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ ရေရှားပါးသည့်ကျေးရွာများတွင် စက်ရေတွင်းတူးရန် အလှူရှင်များရှိသော်လည်း သောက်သုံးရေချို မရရှိသည့် ကျေးရွာများရှိကြောင်းမကွေးတိုင်းအတွင်း ရေရှားပါး သည့်ဒေသများအား ရေလှူဒါန်း ခြင်းနှင့် စက်ရေတွင်းတူးဖော်ခြင်း များ ကူညီဆောင်ရွက်နေသည့် ဦးဇော်မင်းထိုက်က ပြောသည်။

‘‘အညာဒေသကျေးရွာတိုင်း မှာ ရေချိုရဖို့ဆိုတာ တော်တော် ခက်ခဲပါတယ်။ တချို့နေရာတွေ မှာ ပေသုံး၊ လေးရာတူးတာတောင် မှ ရေချိုမရတဲ့နေရာတွေအများ ကြီးရှိပါတယ်။ အခုလိုရေချိုရတဲ့ ကျေးရွာက ကုသိုလ်တော်တော် ကောင်းပါတယ်’’ဟု လူကယ်ပြန် ဒုဝန်ကြီး ဦးစိုးအောင်က ပြော ကြားသည်။

သောက်သုံးရေအခက်အခဲ ကို နှစ်စဉ်ကြုံတွေ့ခဲ့သဖြင့် ယခုကဲ့သို့ ၎င်းတို့ကျေးရွာတွင် စက်ရေတွင်းတူးဖော်ရန် ထောက်ပံ့မှုရရှိခြင်းနှင့် သောက်သုံးရေချိုရရှိခြင်းသည် ကြီးမားသည့် ရလဒ်အကြိုးကျေးဇူးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

‘‘ကျွန်တော်တို့ရွာအတွက် အရမ်းကိုအဆင်ပြေသွားပါတယ်။ ရေစက်မရှိခင်က ရေရဖို့က ခက် ခက်ခဲခဲပါပဲ။ ချောင်းထဲမှာ ကိုယ့် အစုလိုက်လက်ယက်တွင်းလေး တွေတူးရတယ်။ ရေပုံး ၁၀ ပုံး၊ တစ်စည်ရဖို့အရေးကို ငါးနာရီလောက် စောင့်ပြီး ခပ်ခဲ့ရတယ်’’ဟု ဦးဌေး က ပြောသည်။

ရေရှားပါးသည့် ကျေးရွာများ စာရင်းပြုစုပြီး စီမံကိန်းချ၍ စက်ရေတွင်းတူးပေးရန် စီစဉ်နေကြောင်း၊ သို့သော် စက်ရေတွင်းမရှိသည့်ကျေးရွာများရှိနေသည့်အပေါ်တွင် နွေရောက်တိုင်း ရေရှားပါးသည့် ကျေးရွာများသို့ သက်ဆိုင်သည့်ဌာနဆိုင်ရာများ၊ ရေအလှူရှင်များနှင့် ပူးပေါင်း၍ ကူညီဖြေရှင်းပေးနေကြောင်း မကွေးတိုင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက ပြောကြားသည်။ ယခုစက်ရေတွင်းတူးဖော်မှု တွင် ရေချိုရရှိအောင်မြင်သည့် အုတ်လှကျေးရွာ၌ အိမ်ခြေ ၂၄၂ အိမ်တည်ရှိပြီး အုတ်လှကျေးရွာ နှင့် တစ်မိုင်ခွဲအကွာတွင်ရှိသည့် ကျေးရွာ သုံးရွာလည်း ရေရရှိ ရေး မှီခိုနိုင်မည်ဖြစ်သဖြင့် အိမ်ခြေတစ်ထောင်ကျော်ရှိ ဒေသခံများမှီခိုအသုံးပြုနိုင်မည့် စက်ရေ တွင်းဖြစ်ကြောင်း ဦးဌေးက ပြော သည်။