ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများစာရင်းတွင် မြန်မာ အဆင့်(၁၃၀)သို့ ကျဆင်းသွား

လှည်းတန်းအနီး သွားလာနေကြသော ရန်ကုန်မြို့နေပြည်သူများကို တွေ့ရစဉ်(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

၂၀၁၈ တွင် ကမ္ဘာ့ကုလ သမဂ္ဂက နှစ်စဉ်ထုတ်ပြန်သည့် နေချင့်စဖွယ် ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ သည် အာဆီယံဒေသတွင်း အိမ် နီးချင်းနိုင်ငံများထက် အဆင့်ကျ ဆင်းပြီး ပြီးခဲ့သည့် ၂ နှစ်ထက် ၁၆ ဆင့် ကျဆင်းခဲ့သည်။

ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံ စာရင်းကို ဝင်ငွေ၊ လွတ်လပ်မှု၊ ယုံကြည်မှု၊ ကျန်းမာရေး အာမခံ ချက်၊ လူမှုရေး အထောက်အပံ့ နှင့် ရက်ရောမှု ကဏ္ဍခြောက်ရပ် မူတည်၍ တွက်ချက်ခြင်းဖြစ်ပြီး နိုင်ငံ ၁၅၆ နိုင်ငံတွင် မြန်မာနိုင်ငံ သည် အဆင့် (၁၃၀) ချိတ်၍ ယ မန်နှစ်ထက် ၁၆ ဆင့် ကျဆင်း ခြင်းဖြစ်သည်။


အဆိုပါစာရင်းကို ကုလ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော Sustainable Development Solutions Network က နှစ်စဉ် မတ်လရောက်တိုင်း ထုတ်ပြန်လေ့ရှိသည်။

အာရှနိုင်ငံများအနက် အစ္စ ရေးက နံပါတ် (၁၁) ဖြင့် အာရှအ တွင်း အဆင့်အမြင့်ဆုံးအဖြစ် ရပ် တည်ပြီး အာဆီယံဒေသတွင်း နိုင်ငံများအနက် စင်ကာပူက အ ဆင့် (၃၄)၊ မလေးရှားက (၃၅)၊ ထိုင်းက (၄၆)၊ ဖိလစ်ပိုင်က (၇၁)၊ဗီယက်နမ်က (၉၅)၊ အင်ဒိုနီးရှားက (၉၆)၊ လာအိုက (၁၁၀) နှင့် ကမ္ဘောဒီးယားက (၁၂၀) တို့ဖြင့် အသီးသီးရပ်တည်နေသည်။

မြန်မာ့အိမ်နီးချင်း အာရှ နိုင်ငံများတွင် တရုတ်က အဆင့် (၈၆) ဖြစ်ပြီး အိန္ဒိယက (၁၃၃)၊ ဘင်္ဂလားဒေ့ရှ်က (၁၁၅) ဖြစ် ကြောင်း ဖော်ပြထားသည်။ စာ ရင်းများအရ မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း နိုင်ငံများ တွင်ပင် အနိမ့်ဆုံးဖြစ်နေသည်။

မြန်မာနိုင်ငံက ကမ္ဘာ့ပျော် ရွှင်စရာအကောင်းဆုံးစာရင်းတွင် အဆင့် (၁၃၀) ချိတ်ခြင်းနှင့်ပတ် သက်၍ နိုင်ငံတွင်း လူနေမှုအခြေ အနေများကို သတင်းစာဆရာ၊ လွှတ်တော်ကိုယ်စားလှယ်၊ လူမှု ရေးပရဟိတသမားများကလည်း ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။

Myanmar Now သတင်း ဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း က မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ပိုင်း၊ တရားဥပဒေစိုးမိုးရေးအ ပိုင်းတို့တွင် အားနည်းနေသေး ကြောင်း မှတ်ချက်ပြုသည်။

‘‘ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဆင်းရဲ တာက ဘာမှ ဝမ်းနည်းစရာမရှိ ပါဘူး။ အခုလောလောဆယ်က တိုက်တွေမရှိဘူး။ ကားတွေမရှိ ဘူး။ ဒါတွေက အဓိကမကျပါ ဘူး။ ဒါပေမဲ့ နိုင်ငံမှာက တရား မျှတမှုရှိမယ်။ လူတွေက ကိုယ်ရ တဲ့ဟာနဲ့ ရောင့်ရဲတင်းတိမ်ပြီး တော့ အေးအေးချမ်းချမ်းနဲ့ နေနိုင် ကြမယ်ဆိုရင် တိုင်းပြည်က အေး ချမ်းတာပဲလေ’’ဟု သတင်းစာ ဆရာ ကိုဆွေဝင်းက ဆိုသည်။

လူမှုပရဟိတ လုပ်ငန်းများ ကို ကူညီဆောင်ရွက်နေသည့် ကိုဝမ်းက နေချင့်စဖွယ် ပျော်စရာ နိုင်ငံများစာရင်းတွင် အဆင့်တက် နိုင်ရန် နိုင်ငံ၏ ဝန်ဆောင်မှုကို မြှင့်တင်ရန် အကြံပြုသည်။

‘‘ကျန်းမာရေးကဏ္ဍနဲ့ပြော ရင် အာမခံကလည်း မရှိဘူး။ ဆေးရုံက ဆေးကတော့ အခမဲ့ ပေးတာပဲ။ လူနာအားလုံးကို လည်း မပေးနိုင်ဘူး။ ဆေးရုံတက် တဲ့ ၈၀ ရာခိုင်နှုန်းက နယ်က ပိုက် ဆံမရှိတဲ့သူ များတာပဲ။ သူတို့ပါ တဲ့ ပိုက်ဆံကလည်း ဆေးကုပြီး သိပ်မကြာခင် ကုန်သွားတာပဲ။ ရောဂါကလည်းဖြစ်၊ ပိုက်ဆံက လည်း မရှိဆိုတော့ တော်တော် လေး စိတ်ညစ်ဖို့ ကောင်းတာပေါ့။ ဆေးရုံကလည်း အဆင့်အတန်းမ မီတာတွေ၊ တချို့ကျန်းမာရေးဝန် ထမ်းတွေက ဟောက်တာ၊ ဆူ တာနဲ့ကို တော်တော်လေး စိတ် ညစ်ဖို့ ကောင်းတာပေါ့။ လူတော် တော်များများက စိတ်ကျေနပ်ဖို့ မဆိုထားနဲ့ တော်တော်လေးကို စိတ်ညစ်ရတယ်။ တောကလူ ရော၊ မြို့ကလူရော’’ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ဆေးရုံတွင် ဆေး ဘက်ဆိုင်ရာဝန်ထမ်း လူဦးရေနှင့် လူနာမျှတအောင် ထားရှိပေးခြင်း၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို လစာကောင်းမွန်စွာပေးခြင်းတို့ ဆောင်ရွက်သင့်ကြောင်း ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး လူမှု ရေးနှင့် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ တောင်ဒဂုံမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုရှိမှသာ ပြည်သူ့ဘဝ အေးချမ်းသာယာပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုရရှိ၍ နိုင်ငံ့စီးပွား ရေး တိုးတက်မည်ဖြစ်ကြောင်း ပြောသည်။ ထို့ကြောင့် ပြည်ထဲ ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ အစိုးရ၏ လက်အောက်တွင် ရှိ မည်ဆိုပါက ရာဇဝတ်မှုများ လျော့နည်း၍ နေချင်စရာကောင်းသည့် နိုင်ငံအနေဖြင့် အဆင့်တိုးလာ မည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။

‘‘ရာဇဝတ်မှုတွေလည်း ထူ ပြောတယ်။ ကောင်းမွန်စွာ အိပ် စက် အနားယူနိုင်ဖို့ဆိုတာက လည်း လောလောဆယ်မှာ အလုံး စုံမဖြစ်နိုင်သေးဘူး။ ဒါဟာ တရားဥပဒေစိုးမိုးမှု အားနည်းလို့ဆိုတာ ကိုပဲ ချဉ်းကပ်ရမှာပဲ။ ရဲကိုချည်း ပဲ အပြစ်ပုံချလို့ မရသလို တပ် မတော်ကိုပဲလည်း အပြစ်ပုံချလို့ မရဘူး။ ရက်ရောမှုအနေနဲ့ ကြည့် မယ်ဆိုရင်၊ တစ်ခုခုအနေနဲ့ဆိုရင် လူကို လူချင်းကူညီတဲ့ နေရာမှာ မြန်မာနိုင်ငံက ထိပ်ဆုံးမှာတောင် ပြောလို့ရတယ်။ ဒါပေမဲ့ စီးပွား ရေးကောင်းဖို့ဆိုရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဝင်လာဖို့လိုတာပဲ။ အဲဒီလို ဝင်လာဖို့ စိတ်ချလုံခြုံမှု၊ တရားဥပဒေစိုးမိုးဖို့နဲ့ ပြည်တွင်း စစ်တွေ ဖြစ်မှုတွေ နည်းမှဝင်လာ မှာ။ အဲဒီတော့ နိုင်ငံအနေနဲ့ တရားဥပဒေစိုးမိုးရေး၊ ဥပဒေရဲ့ အကျိုး သက်ရောက်မှုတွေကို ကောင်း မွန်စွာ စီရင်ပိုင်ခွင့်တွေ မရှိနေ သေးသရွေ့က ပျော်စရာအ ကောင်းဆုံး နိုင်ငံအဆင့်ကို ထိုး တက်လာမှာမဟုတ်ဘူးလို့ ပြော ချင်တယ်’’ဟု ဦးညီညီကဆို သည်။

အဆိုပါ အစီရင်ခံစာအရ ၂၀၁၈ ၏ ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံမှာ ဖင်လန်ဖြစ်ကြောင်း ဖော် ပြထားသည်။ ယခင်နှစ်က ဖင် လန်နိုင်ငံသည် အဆင့် (၅) နေရာ တွင် ရှိနေသည်။ ထို့အပြင် ယခင်က ကမ္ဘာ့ပျော်ရွှင်စရာ အကောင်း ဆုံးနိုင်ငံဟု သတ်မှတ်ခံရသည့် နော်ဝေးနိုင်ငံက ယခုနှစ်တွင် အဆင့် (၂) သို့ ရောက်ရှိခဲ့သည်။

ယခင်နှစ် စာရင်းတွင် မြန်မာနိုင်ငံ၏ ရပ်တည်မှုက အဆင့် (၁၁၄) ၌ရှိခဲ့ပြီး ၂၀၁၆ တွင် အ ဆင့် (၁၁၉) အထိ ရောက်ရှိခဲ့ သည်။

More in News Section