ကျောက်မဲမြို့နယ် ရွာလေးရွာမှ စစ်ရှောင် ၂၀၀ ကျော်ကို မြို့ပေါ်သို့ ကယ်ထုတ်နိုင်

တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များကို ကျောက်မဲမြို့တွင် တွေ့ရစဉ် (ဓာတ်ပုံ − Tin Maung Thein FB)

ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)ကြားဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ပိတ်မိနေသော ကျောက်မဲမြို့နယ်ရှိ ကျေးရွာ လေးရွာမှ ဒေသခံ ၂၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ကယ် ဆယ်ရေးဆောင်ရွက်ရာတွင် ပါ ၀င်သည့်နယ်စည်းမခြားပရဟိတ (သီပေါ)မှ ကိုမျိုးကပြောသည်။

RCSS နှင့် TNLA တို့သည် ကျောက်မဲမြို့နယ် ခွန်ကော်ကျေး ရွာနှင့် တော့ဖယ်ကျေးရွာတစ် ၀ိုက်တွင် မတ်လ ၁၀ ရက်က တည်းက တိုက်ပွဲများနေ့စဉ်ဖြစ် ပွားနေရာ ယင်းဒေသရှိ စစ်ရှောင် များအား ကျောက်မဲ၊ သီပေါစ သည့်မြို့များမှ ပရဟိတအဖွဲ့များ က မတ်လ ၁၆ ရက်၌ ကျောက် မဲမြို့သို့ ကူညီခေါ်ဆောင်ခဲ့သည်။

‘‘အုံးမွီးရယ်၊ တော့ဖယ်ရယ်၊ မန်ကန်ရယ်၊ မန်ခေါက်ရယ်အဲဒီ လေးရွာက လူတွေက ချောင်းတွေ ဖြတ်ပြီး မိုင်းငေါ့ဘုန်းကြီးကျောင်း ကို ထွက်ပြေးလာတာ။ ဘုန်းကြီး ကျောင်းရောက်တဲ့အချိန်မှာ ကျောက်မဲကို လှမ်းချိတ်လိုက် တော့ ကျောက်မဲက ကျွန်တော်တို့ ကို ချိတ်တယ်။ ပရဟိတကား အားလုံး ၁၃ စီးနဲ့ မိုင်းငေါ့ဘုန်း ကြီးကျောင်းကို သွားကြိုတာပါ။ အားလုံးပေါင်း ကျွန်တော်တို့ခေါ် လာတာ ၂၁၇ ယောက်ပါ’’ ဟု ကိုမျိုးက ပြောသည်။

စစ်ရှောင် ၂၀၀ ကျော်ကို ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ အောင်မြေသာယာ ဘုန်းကြီး ကျောင်းတွင်ထားရှိပြီး ကျောက်မဲ စစ်ရှောင်ကော်မတီက စား သောက်နေထိုင်ရေးအကူအညီ များဆောင်ရွက်ပေးကြောင်း ၎င်း ကဆိုသည်။

တော့ဖယ်ရွာမှ ဒေသခံနှစ် ရာကျော်ကို မတ်လ ၁၅ ရက်က တည်းက ကယ်ထုတ်ရန်ကူညီရေး အဖွဲ့များက ကြိုးစားသော်လည်း တိုက်ပွဲဆက်ဖြစ်နေ၍ ကူညီရေး လုပ်ငန်းများမအောင်မြင်ဘဲ ကား များနောက်ပြန်လှည့်ခဲ့ရသည်။

မတ်လ ၁၀ ရက်ကစတင် သော အဆိုပါတိုက်ပွဲဖြစ်စဉ်များ ကြောင့် တော့ဖယ်ရွာသားနှစ်ဦး အပါအ၀င် အရပ်သားသုံးဦးသေ ဆုံးပြီး သုံးဦးထက်မနည်းဒဏ်ရာ ရခဲ့ကြောင်း TNLA နှင့် ဒေသခံ ကူညီရေးအဖွဲ့ကိုယ်စားလှယ်အ ချို့က ပြောသည်။