သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို နှစ်ရှည်ပြစ်ဒဏ်ပေးရေး ဆန္ဒပြုပွဲတွင် ပြည်သူများပါဝင်ရန် မေတ္တာရပ်ခံ

သက်ငယ်မုဒိမ်းမှုကျူး လွန်သူများကို ထောင်ဒဏ် နှစ် ၈၀ကဲ့သို့ နှစ်ရှည်ပြစ်ဒဏ်များ ချမှတ် ၍ လွတ်ငြိမ်းချမ်းသာခွင့်မရှိရန် တောင်းဆိုမည့် ဆန္ဒပြုပွဲသို့ ပြည် သူများ တက်ရောက်ရန် မေတ္တာရပ်ခံကြောင်း ဆန္ဒပြုပွဲဖြစ်မြောက် ရေး ဦးဆောင်သူများက ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားသည်။


 ‘လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ်ချမှတ်ပေး’ ဆန္ဒပြုခြင်းနှင့် မျှဝေဆွေးနွေးပွဲကို မတ်လ ၁၈ ရက် ညနေ ၄ နာရီကစ၍ ကန်တော်ကြီးမျှော်စင်ကျွန်း၌ ကျင်းပမည်ဖြစ် ပြီး အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေးဥပဒေကြမ်းကို လွှတ်တော်တွင် အမြန်ဆုံးဆွေး နွေးအတည်ပြုပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း ဆန္ဒပြုပွဲဖြစ် မြောက်ရေးအဖွဲ့ဝင် ကိုဇေယျာထွန်းပြောကြားသည်။

ယင်းဆန္ဒပြုပွဲတွင် အလှမယ် ထားထက်ထက်၊ သရုပ်ဆောင်စမိုင်း စသည့် အနုပညာရှင်များအပြင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးမည်ဖြစ်သည်။ ကလးများ ကဗျာရွတ်ခြင်းနှင့် မုဒိမ်းမှုရပ်တန့်ရေးသီချင်းများ သီဆိုခြင်းများလည်း ပါဝင်မည်ဖြစ်ပြီး တက်ရောက်မည့်သူ များသည် အဖြူရောင်အင်္ကျီ ၀တ်ဆင်လာရမည်ဖြစ်သည်။

‘‘ကိုယ့်သားသမီးသာဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ဒီပွဲမှာ ပူးပေါင်းပါဝင်သွားမှာပါ’’ ဟု သရုပ်ဆောင်စမိုင်းကပြောသည်။လိင်အကြမ်းဖက်မှုများ ပ ပျောက်ရေး ကြီးလေးပြစ်ဒဏ်ချ မှတ်ပေးရန် တောင်းဆိုခြင်းကို ၂၀၁၆ ကလည်း ယင်းအဖွဲ့ကပင် ကန်တော်ကြီးမျှော်စင်ကျွန်း၌ ပြုလုပ်ခဲ့ပြီး လူထောင်ကျော် တက် ရောက်ဆန္ဒပြုခဲ့သည်။

၂၀၁၆ က သက်ငယ်မုဒိမ်းကျူးလွန်ခံရသည့် ကလေးငယ်များပြားလာသည့်အပေါ် ကျူးလွန်သူများကို ထိရောက်သည့် ပြစ်ဒဏ်ပေးရန် ဆန္ဒပြုတောင်းဆိုမှုများရှိလာပြီးနောက် တရားစီရင်ရေးကဏ္ဍတွင် သက်ငယ်မုဒိမ်းကျူးလွန်သူကို ခရိုင်တရားရုံးတွင် စစ်ဆေးပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀) ချမှတ်ခြင်းများရှိလာခဲ့သည်။

ယင်းအဖွဲ့သည် အစိုးရက သက်ငယ်မုဒိမ်းမှုများ လျော့နည်း အောင် မစွမ်းဆောင်နိုင်ပါက လူထုဆန္ဒပြပွဲ ထပ်မံကျင်းပမည် ဖြစ်ကြောင်း 7Day Daily သတင်း စာအား ပြောကြားထားသည်။

၂၀၁၇ တွင် တစ်နိုင်ငံလုံးသက်ငယ်မုဒိမ်းမှု ၉၀၀ ခန့် ဖြစ်ပွားပြီး ရန်ကုန်တိုင်း၌ အများဆုံးဖြစ်ပွားကာ ဧရာဝတီတိုင်းတွင် ဒုတိယအများဆုံးဖြစ်ပွားခဲ့သည်။

More in News Section