အမုန်းတရား၊ အမုန်းစကားတွေကို ဘယ်လိုတားဆီးကာကွယ်ကြမလဲ

အမုန်းတရားတစ်နည်း ဆိုသော် အမုန်းစကား ပြောဆိုခြင်းပါပဲ။ ဒီအမုန်းတရား၊ အမုန်းစကားတွေကို ဘာကြောင့်ပြောဆိုတာလဲ၊ လူတစ်ဦးချင်းစီက ဖြစ်စေ၊ အုပ်စုအဖွဲ့တစ်ခုက ဖြစ်စေအမုန်းတရား၊ အမုန်းစကားတွေကို နောက်အုပ်စု နောက်အဖွဲ့တစ်ဖွဲ့ကို ဘာကြောင့်ပြောဆိုတာလဲ၊ ရည်ရွယ်ချက်ကကော ဘာဖြစ်နိုင် သလဲ၊ ဒီအကြောင်းလေးတွေကို အနည်းငယ်ပြောပြ၊ ရှင်းပြချင်ပါ တယ်။

အမုန်းတရား၊ အမုန်းစကား တွေကို ယခုအခါ နိုင်ငံတိုင်းနီးနီး မှာ ပြောဆိုနေကြတာတွေရှိသလို နိုင်ငံတော်တော်များများကလည်း ဥပဒေပြဋ္ဌာန်းအကာအကွယ်ပေး နေရတာတွေရှိပါတယ်။ အမုန်း စကားတွေဟာ အဓိကအားဖြင့် တော့ ၀ါဒဖြန့်မှုအနေနဲ့ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ လူများစုရှိ တဲ့ လူမျိုးဘာသာဝင်တွေက လူ နည်းစုဖြစ်တဲ့ လူမျိုးဘာသာဝင် တွေကို အခွင့်အရေးပေးတာ၊ အ ခွင့်အရေးရသွားမှာမလိုလားတဲ့ အတွက်ကြောင့်ပါပဲ။ ဒီလူတွေက ဖြင့် ငါတို့လူမျိုး၊ ငါတို့ဘာသာနဲ့ မတူဘူး။ ဒီလိုလူတွေကို ဒီလိုအ ခွင့်အရေးတော့မပေးသင့်ဘူး၊ ဒီလူတွေကိုဖြင့် ကန့်သတ်ချုပ် ချယ်ထားရမယ်၊ ဒီလူတွေအခွင့် အရေးတွေရသွားရင်တော့ဖြင့် ဘာတွေဖြစ်သွားမယ်၊ ငါတို့လူ မျိုးပျောက်သွားမယ်၊ ငါတို့ဘာ သာကွယ်သွားမယ်၊ ငါတို့နိုင်ငံကို သိမ်းပိုက်သွားမယ်ဆိုတဲ့ အခြေ အမြစ်မရှိတဲ့ ၀ါဒဖြန့်မှုမျိုးတွေအ ပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာ တာကို တွေ့ရပါတယ်။

ဂရိတွေးခေါ်ပညာရှင်ကြီး ဆိုကရေးတီးက ‘‘စကားလုံးအမှား တွေဟာ သူတို့ကိုယ်တိုင်ကောက် ကျစ်ရုံမကဘူး (ဖတ်သူတွေရဲ့) ၀ိညာဉ်ကိုလည်း မကောင်းဆိုးဝါး ပူးကပ်စေတယ်’’လို့ အမုန်းစကား တွေအပေါ်ကို မှတ်ချက်ပြုပြော ဆိုထားတာရှိပါတယ်။

အမုန်းတရား၊ အမုန်းစကား တွေကိုဖြစ်ပေါ်စေတဲ့ ပြောဆို၊ ရေးသားမှုတွေအမျိုးမျိုးရှိနိုင်ပေမယ့် အဓိကအားဖြင့်တော့ လူမျိုးဘာ သာအပေါ်မှာ အခြေခံပြီး ပြောဆို တာကိုတွေ့ရပါတယ်။ ဒီအမုန်း တရား၊ အမုန်းစကား (Hate Speech) ကို အဓိပ္ပာယ်ဖွင့်ဆိုမယ် ဆို လူမျိုးရေး၊ ဘာသာရေးခွဲခြား ဆက်ဆံမှု၊ ပိတ်ဆို့တားမြစ်မှု ထက်တောင် ပိုနိုင်ပါတယ်။ လူ အုပ်စုတစ်စု၊ လူမျိုးတစ်မျိုး၊ ဘာ သာတစ်ခုအပေါ်ကို စွပ်စွဲ စော် ကားပြောဆိုနေတာ၊ လူအုပ်စုတစ်စုအပေါ် ခြိမ်းခြောက်နေတာတွေ ဟာ အမုန်းတရားကိုဖြစ်ပေါ်စေ တဲ့ အကြောင်းရင်းတွေပါပဲ။

အမုန်းတရား၊ အမုန်းစကား ဖြစ်စေတဲ့ နောက်ထပ်အဓိပ္ပာယ်  ဖွင့်ဆိုချက်ကတော့ လူမျိုး၊ ဘာ သာ၊ လိင်၊ ဘာသာရေးတွေမှာ အမုန်းတရားဖြစ်စေမယ့် အပြော အဆို၊ အရေးအသား၊ အတွေးအ ခေါ်၊ အယူအဆတွေကို ပျံ့နှံ့ အောင်လုပ်ခြင်းလို့လည်း ဖွင့်ဆို ကြပါတယ်။ လူနည်းစုလူမျိုး၊ ဘာသာတွေအပေါ် ထိခိုက်စေမယ့် စကားတွေဟာလည်း အမုန်းတရားတွေပါပဲ။

အမုန်းတရား၊ အမုန်းစကား ဖြစ်စေတဲ့စကားတွေကို ဘယ်လို ရေးသား၊ ပြောဆိုသလဲဆို ဒီလူ နည်းစုဘာသာဝင်တွေကိုတော့ လူများစုဖြစ်တဲ့ ငါတို့နဲ့မတူတာ ဖြစ်တဲ့အတွက် ငါတို့နဲ့တူတဲ့အခွင့် အရေးမျိုးတွေပေးစရာမလိုဘူး၊ ဒီလူတွေကိုဖြင့် ကန့်သတ်ထားရ မယ်၊ ဘယ်လိုဘာသာဝင်တွေနဲ့ တော့ စီးပွားရေးမလုပ်ရဘူး၊ ဘယ်လိုဘာသာဝင်တွေရဲ့ ဆိုင်တွေကို တော့ဖြင့် ဈေးမ၀ယ်ရဘူး၊ လက် မထပ်ရဘူး၊ ရှောင်ကြဉ်ရမယ်၊ ဒီလူတွေကဖြင့် ဒုတိယတန်းစား နိုင်ငံသားတွေဖြစ်တယ်၊ ဒီနိုင်ငံ  သားတွေမဟုတ်ဘူး၊ ဧည့်သည် တွေဖြစ်တယ်၊ ခိုးဝင်တွေဖြစ် တယ်၊ ဒီလူတွေကို ဥပဒေနဲ့ ကန့် သတ်ရမယ် ဒါတွေကလည်း အမုန်းတရား၊ အမုန်းစကားတွေပါပဲ။

ဒီလိုအမုန်းတရား၊ အမုန်း စကားတွေဟာ လတ်တလောပဋိပက္ခတွေမပေါ်ပေါက်နိုင်ပေ မယ့် တဖြည်းဖြည်းနဲ့ အမုန်းတရားယဉ်ကျေးမှုတစ်ရပ်ပေါ်ပေါက် လာနိုင်ပါတယ်။ ဒီလိုအမုန်းစကားယဉ်ကျေးမှုပေါ်ပေါက်လာပြီဆို ရင် လူ့အဖွဲ့အစည်းဟာ အချိန်မ ရွေးလူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး ပဋိပက္ခတွေ၊ အကြမ်း ဖက်မှုတွေဖြစ်ဖို့အတွက် တာစူ နေသလိုဖြစ်နေပါမယ်။ ဒီလိုအမုန်းတရားယဉ်ကျေးမှုကို တာဝန်ရှိသူ တွေအနေနဲ့ လျစ်လျူရှုထားမယ် ဆိုကြီးမားတဲ့ ပဋိပက္ခတွေ၊ အ ကြမ်းဖက်မှုတွေကို ဦးတည်စေပါ တယ်။ ယူဂိုဆလပ်နိုင်ငံတို့၊ ရ၀မ် ဒါနိုင်ငံတို့မှာ တာဝန်ရှိသူတွေအ နေနဲ့ မသိလိုမှုတွေ၊ အကြမ်းဖက် မှုတွေအထိ ဦးတည်သွားတယ်ဆို တာ အားလုံးအသိပါပဲ။

ဒီလိုအမုန်းတရား၊ အမုန်း စကားတွေကို ယဉ်ကျေးတဲ့လူ့ အဖွဲ့အစည်းဝင်တွေ လူသားတစ် ဦးချင်းစီရဲ့ အသက်ကိုတန်ဖိုးထား တဲ့ တိုင်းပြည်တွေအနေနဲ့ လုံးဝ လက်သင့်မခံဘဲ ဥပဒေပြဋ္ဌာန်း အကာအကွယ် ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လစ်ဘ ရယ်ဆန်တဲ့ တိုင်းပြည်တွေမှာ လူ တစ်ဦးတစ်ယောက်၊ အစုအဖွဲ့ တစ်ခု၊ အုပ်စုတစ်စု၊ လူမျိုးတစ် မျိုး၊ ဘာသာတစ်မျိုးကို အမုန်းပွားစေမယ့်၊ ထိခိုက်နစ်နာစေမယ့် ပြောဆိုမှု (Hate Speech) ဖြစ်ရင် အဲဒီထုတ်ဖော်ပြောဆိုမှုမျိုးတွေ ကို ဥပဒေပြဋ္ဌာန်းကန့်သတ်တား မြစ်မှုတွေရှိပါတယ်။

ဒီနေရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုနဲ့ အမုန်းစကားတွေကိုတော့ ကွဲကွဲပြားပြားသိရှိ နားလည်ထားဖို့တော့လိုပါတယ်။ အချို့က ဒီလိုအမုန်းစကားပြော ဆိုမှုတွေကို လွတ်လပ်စွာရေးသား ပြောဆိုမှုတွေနဲ့ ရောထွေးနေ တတ်လို့ပဲ ဖြစ်ပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်ကို ကောင်းမွန်စွာ အသုံးမပြုဘူးဆိုရင် အလွဲသုံးစား ပြုမယ်ဆိုရင်ဖြင့် မိမိတို့ရဲ့ လွတ် လပ်မှုကြောင့် အခြားသူတွေရဲ့ အကျိုးစီးပွားတွေကို ထိခိုက်စေ မှာဖြစ်ပါတယ်။ အသင်ဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိ သော်လည်း ပုဂ္ဂိုလ်ရေးအရ ခိုင်လုံမှုမရှိသောအကြောင်း၊ ယုတ္တိမ တန်သော၊ သဘောရိုးမရှိသော စကားတွေကို အခြားသူတစ်ဦးကို ဖြစ်စေ၊ အစုအဖွဲ့တစ်စုကိုဖြစ် စေ၊ လူမျိုးတစ်မျိုးကိုဖြစ်စေ၊ ဘာ သာတစ်ခုကိုဖြစ်စေ ပြောဆိုရေး သားခြင်းပြုမယ်ဆိုရင်ဖြင့် ဒါဟာ လွတ်လပ်စွာပြောဆိုခြင်းမဟုတ် တော့ဘဲ အမုန်းတရား၊ အမုန်း စကားတွေကို ကျူးလွန်တာပဲ ဖြစ်ပါလိမ့်မယ်။

လွတ်လပ်စွာရေးသားပြော ဆိုခွင့်ရှိပြီဆိုတာနဲ့ ဘာတွေကို လွတ်လွတ်လပ်လပ်ပြောဆိုရေး သားမလဲဆိုတာ ပထမဦးဆုံးစဉ်း စားရမှာ ဖြစ်ပါတယ်။ ကျွန်ုပ်လွတ်လပ်စွာပြောဆိုရေးသားခွင့်ရှိသ လို အခြားသူများလည်း ကျွန်ုပ်ကဲ့ သို့ လွတ်လပ်ခွင့်ရှိတယ်ဆိုတာကို သိရှိရမှာ ဖြစ်ပါတယ်။ လွတ်လပ် စွာပြောဆိုရေးသားခွင့်မှာ လူသားအားလုံး ရယူပိုင်ဆိုင်ခွင့်ရှိတဲ့ အခွင့်အရေးဆိုတာကိုတော့ မမေ့ အပ်ပါဘူး။ ဒါကြောင့် လွတ်လပ် စွာပြောဆိုရေးသားခွင့်ဟာ မည် သူကိုမျှထိခိုက်နစ်နာစေမယ့် အ ပြောအဆို၊ အရေးအသားတွေမဖြစ်ဖို့လိုပါတယ်။

ဒီနေရာမှာ အမုန်းတရား၊ အမုန်းစကားနဲ့ပတ်သက်ပြီး အ ရေးကြီးတဲ့အချက်တစ်ချက်က တော့ လူမျိုးတစ်မျိုး၊ ဘာသာတစ် ခုအပေါ်ကို အမုန်းတရားဖြစ် အောင် ပြောဆိုခြင်းကြောင့် ပြော ဆိုတဲ့လူများစုဘာသာဝင်တွေက သာ အကြမ်းဖက်မှုတွေကို လုပ် ဆောင်နိုင်တဲ့အချက်ပါပဲ။ ဒီအ ချက်က သိပ်အရေးကြီးပါတယ်။ အဲဒီလိုအခြေအနေမျိုးတွေပဲ ဖြစ် ပွားခဲ့တာကို တွေ့ရမှာ ဖြစ်ပါ တယ်။ ဒါကြောင့် အမုန်းတရား ဖြစ်ပေါ်အောင်ပြောတဲ့ စကားဟာလူ့အဖွဲ့အစည်းအတွက် အလွန် ကြောက်စရာကောင်းပြီး မတည် ငြိမ်မှုတွေဆီကို ဦးတည်စေမှာ ဖြစ်ပါတယ်။ အပြောခံရတဲ့လူမျိုး၊ ဘာသာဝင်တွေဘက်ကလည်း တန်ပြန်ပြောဆိုမှုတွေ၊ အကြမ်း ဖက်မှုတွေကြုံလာရနိုင်ပါတယ်။ ဒါကြောင့် အမုန်းတရား၊ အမုန်း စကားတွေဟာ အလွန်ကြောက် စရာကောင်းပြီး လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို အဖျက်မျိုးစေ့ချ ပေးနေသလိုပါပဲ။ ဒီအမုန်းတရား၊ အမုန်းစကားတွေကို တားဆီးဖို့ အတွက် အစိုးရတွေမှာ တာဝန် အရှိဆုံးပါပဲ။ ဥပဒေပြဋ္ဌာန်းပြီး ထိ ရောက်စွာအရေးယူရမှာ ဖြစ်ပါ တယ်။

၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄မှာ ‘နိုင်ငံရေးကိစ္စအလို့ငှာ ဘာ သာသာသနာကို အလွဲသုံးစားမပြု ရ။ ထို့ပြင် လူမျိုးရေးကြောင့်သော် လည်းကောင်း၊ ဘာသာရေး ကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်းမုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုးပေါ် ပေါက်လာစေရန် ရည်ရွယ်သော (သို့မဟုတ်) ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည်ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုး အတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်’လို့ ပြဋ္ဌာန်းထား တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄အရ ဥပဒေတစ်ခုကို မုချပြဋ္ဌာန်းပေးရမှာ ဖြစ်ပါတယ်။ ဒါမှအမုန်း တရား၊ အမုန်းစကားတွေကို တား ဆီးကာကွယ်နိုင်မှာ ဖြစ်ပါတယ်။တစ်စုံတစ်ယောက်၊ အဖွဲ့ တစ်ဖွဲ့၊ လူမျိုးတစ်မျိုး၊ ဘာသာ တစ်မျိုးကိုတော့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ပြုထားခြင်း ကြောင့် တစ်စုံတစ်ယောက်၊ လူ မျိုးတစ်မျိုး၊ ဘာသာတစ်ခုကို ထိ ခိုက်၊ နာကျင်ခံစားစေမယ်ဆို ဒါ ကတော့ တန်းတူညီမျှစေတဲ့ လူ့ စည်းမျဉ်းတွေကို လိုက်နာကျင့် သုံးတယ်လို့ ပြောလို့ရတော့မှာ မဟုတ်ပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၄၈ မှာ ‘နိုင်ငံတော် သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာ သာ၊ ရာထူးဌာနန္တရ၊ အဆင့်အ တန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ’ လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါ ကြောင့် အစိုးရတွေအနေနဲ့ ဥပဒေကိုလေးစားလိုက်နာရမှာဖြစ်သလို နိုင်ငံအတွင်းမှီတင်းနေထိုင်ကြတဲ့ တိုင်းသူပြည်သားများ အနေဖြင့်လည်း ဥပဒေအတိုင်း လိုက်နာကြရမှာ ဖြစ်ပါတယ်။

ဒီအမုန်းတရား၊ အမုန်းစကားတွေကို ဥပဒေပြဋ္ဌာန်းပြီး မကာ ကွယ်ဘူးဆိုရင် ကြောက်ရွံ့ထိတ် လန့်စရာကောင်းတဲ့ မတည်ငြိမ်မှု တွေနဲ့ ရင်ဆိုင်ကြုံလာနိုင်ပါ တယ်။ ဒါကြောင့် ဒီအမုန်းတရား၊ အမုန်းစကားပြောဆိုမှုတွေ၊ လူမျိုး ဘာသာတစ်ခုခုကို အထင်အမြင် သေးအောင်ပြောဆိုနေမှုတွေဟာ လူ့အဖွဲ့အစည်းအတွက် အဖျက် မျိုးစေ့ကိုဖြစ်ပေါ်စေပြီး အမုန်း တရားယဉ်ကျေးမှုတစ်ရပ်ကို ချ မှတ်နေတယ်လို့ သဘောပေါက် ပြီး တာဝန်ရှိအစိုးရတွေအနေနဲ့ ဥပဒေပြဋ္ဌာန်းအကာအကွယ်ပေး ရမှာဖြစ်ပါတယ်။ အမုန်းတရား၊ အမုန်းစကားတွေကို ဘယ်လိုတား ဆီး ကာကွယ်ရမလဲ ဆိုတဲ့အ ကြောင်းကို လူသားအချင်းချင်း လူလိုမြင်စေပြီး ခွဲခြားဆက်ဆံ ခြင်းကင်းစေမယ့် လူပီသတဲ့လူ့ ဘောင်တစ်ရပ်ပေါ်ထွန်းလာစေ ကြောင်း စေတနာကောင်းဖြင့်ရေး သား တင်ပြပေးလိုက်ရပါတယ် ဗျာ။။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)