ဆောက်သမ်တန်နည်းပြ ပယ်လီဂရီနို ထုတ်ပယ်ခံရ

လန်ဒန်- ရာသီကုန်ဆုံးရန် ရှစ်ပွဲ သာ ကျန်တော့ချိန်တွင် အသင်း အနေဖြင့် တန်းဆင်းဇုန်ထဲ ကျ ရောက်ရန် တစ်မှတ်သာ လိုအပ် ပြီး အဆင့် ၁၇ ၌ ရပ်တည်နေရ ပြီးနောက် ဆောက်သမ်တန်သည် နည်းပြ ပယ်လီဂရီနိုကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။

 ဆောက်သမ်တန်သည် နောက်ဆုံးကစားခဲ့သော လိဂ် ၁၇ ပွဲတွင် တစ်ပွဲသာ အနိုင်ရခဲ့ပြီး မတ်လ ၁၀ ရက်က နယူးကာဆယ်ကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

ပယ်လီဂရီနိုသည် ကလော် ဒီပူအဲလ်နေရာကို ဆက်ခံရန် ဇွန်လက ဆောက်သမ်တန်နည်းပြအဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။

မတ်လ ၁၈ ရက်တွင် အက်ဖ်အေဖလား ကွာတားဖိုင်နယ်အ ဖြစ် ဝီဂန်နှင့် ကစားမည့်ပွဲမတိုင်မီ နည်းပြသစ်တစ်ဦး ခန့်အပ်ရန် ဆောက်သမ်တန်က မျှော်မှန်းနေ ပြီး လက်ထောက်နည်းပြ ကား လို့စ်ကွန်ပါနူစီနှင့် ပထမအသင်း လက်ထောက်နည်းပြ ဇာဗီးယား တာမာရစ်တ်တို့လည်း အသင်းမှ ထွက်ခွာခဲ့သည်ဟုဆိုသည်။

အာဂျင်တီးနာဗဟိုနောက်ခံ လူဟောင်း ပယ်လီဂရီနိုသည် ပရီး မီးယားလိဂ်၌ ဆောက်သမ်တန် နည်းပြအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူများ၏စုစုပေါင်း တစ်ပွဲပျမ်းမျှ ရမှတ်ရာခိုင်နှုန်းတွင် ၀ ဒသမ ၉၃ သာရရှိခဲ့ပြီး စတိဗ်ဝစ်ဂ်လေနှင့် ဟယ်ရီရက်ပ်နက်တို့၏ နောက် တတိယမြောက်ရလဒ် အဆိုးရွားဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ သည်။

‘‘နည်းပြရှာဖွေမှုကို ဆောင် ရွက်နေပြီး ခပ်မြန်မြန်ခန့်အပ်ချင် ပါတယ်’’ဟု ထုတ်ပြန်ချက်တစ် စောင်တွင် ဆောက်သမ်တန်က ပြောသည်။

ပယ်လီဂရီနိုနေရာတွင် အ စားထိုးရန် မန်စီးတီးနှင့် စတုတ်စီးတီးနည်းပြဟောင်း မာ့ခ်ဟုခ်ျက ရေပန်းစားနေပြီး ဝက်ဖို့ဒ်နည်းပြ ဟောင်း မာကိုဆေးလ်ဗားနှင့် ဝက်စ်ဟမ်းနည်းပြဟောင်း ဆလာဗန်ဘီလစ်တို့လည်း ရောက်လာ နိုင်သည်ဟု သတင်းထွက်ပေါ်နေသည်။

—Ref: bbc/reuters

Top News