နျူးကမ့်ကွင်း၌ ဒုက္ခခံစားရန် အသင့်ပြင်ထားရမည်ဟု ချဲလ်ဆီးနည်းပြကွန်တီ ပြောကြား

Getty Images

လန်ဒန်- ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့အဖြစ် ဘာစီလိုနာအိမ်ကွင်း နျူးကမ့်၌ ကစားရမည့်ပွဲတွင် မိမိတို့အနေ ဖြင့် ဒုက္ခခံစားရန် အသင့်ပြင်ထား ရမည်ဖြစ်ကြောင်း ချဲလ်ဆီးနည်း ပြ ကွန်တီက ပြောသည်။

စတမ်းဖို့ဒ်ဘရစ်ခ်ျ၌ ကစား ခဲ့သော ပထမအကျော့တွင် ချဲလ် ဆီးနှင့် ဘာစီလိုနာ တစ်ဂိုးစီ သရေ ကျခဲ့သည်။

ဥရောပဖလား ငါးကြိမ်ရ ဘာစီလိုနာနှင့် နျူးကမ့်ကွင်း၌ ရင်ဆိုင်ရမည့်ပွဲတွင် မိမိအသင်း အနေဖြင့် ပိုမိုကြီးလေးသော တာ ဝန်ဖြင့် ရင်ဆိုင်ရနိုင်သည်ဟု ကွန်တီက ပြောသည်။

‘‘ကျွန်တော်တို့ တော်တော် ကို ကောင်းရပါမယ်။ ဒါပေမဲ့ ကမ္ဘာမှာ အကောင်းဆုံးအသင်း တွေထဲက တစ်သင်းလို့ ကျွန် တော်ထင်တဲ့ ဒီလိုမျိုးအသင်းနဲ့ ကစားရတဲ့အခါ ဒုက္ခခံစားဖို့ အသင့်ပြင်ထားရပါမယ်’’ ဟု ကွန်တီက ပြောသည်။

‘‘ဒါက သမ္ဘာရင့်တဲ့ ချဲလ်ဆီး အသင်းမဟုတ်ပါဘူး။ ချန်ပီယံ လိဂ်မှာ အခုမှ စကစားတဲ့၊ ဒါမှ မဟုတ် ကစားတာ ၂ နှစ်ပဲ ရှိသေးတဲ့ ကစားသမားတွေ အများကြီး ပါ။ ဒါပေမဲ့ အသင်းအဖွဲ့တစ်ခုလို အလုပ်လုပ်ရမှာဖြစ်ပြီး ကိုယ် ခံစားရမယ့် အခိုက်အတန့်တွေ အတွက် ခံစားဖို့ အသင့်ဖြစ်အောင် ကြိုးစားရပါမယ်။ ပြီးတော့ အခိုက်အတန့်တိုင်းမှာ ကျွန်တော်တို့ ဂိုးသွင်းဖို့ အခွင့်အရေးရမယ်ဆိုတာ ကို သိရပါမယ်’’ဟု ကွန်တီက ထပ်လောင်းပြောသည်။

ချဲလ်ဆီးသည် ဘာစီလိုနာ နှင့် ရှစ်ပွဲရင်ဆိုင်တွေ့ရာတွင် ရှုံးပွဲမကြုံဖူးသေးဘဲ နျူးကမ့်ကွင်း၌ လေးပွဲဆက်တိုက် သရေကျခဲ့ သည်။‘‘ပထမအကျော့ အဝေးကွင်း ပွဲလိုပဲ ဒီပွဲက ခက်ခဲပါလိမ့်မယ်။ သူတို့မှာ တောင့်တင်းတဲ့ လူစာ ရင်းပိုင်ဆိုင်ပြီး တံတိုင်းတစ်ခုလို နောက်တန်းကို ကောင်းကောင်း ကာကွယ်နိုင်ပါတယ်။ ပြီးတော့ သူတို့က တန်ပြန်တိုက်စစ်ကောင်း ပါတယ်။ ကျွန်တော်တို့ ရုန်းကန် ရပါလိမ့်မယ်’’ဟု ဘာစီလိုနာနည်း ပြ ဗယ်လ်ဗာဒီက ပြောသည်။

၂၀၁၂ ချန်ပီယံလိဂ်ဆီးမီး ဖိုင်နယ်တွင် တွေ့ဆုံပြီးနောက် ပိုင်း ချဲလ်ဆီးနှင့် ဘာစီလိုနာကြား ယခုတွေ့ဆုံမှုသည် ပထမဆုံးအ ကြိမ်ဖြစ်ပြီး ယင်းနှစ်တွင် ချဲလ် ဆီးက နှစ်ကျော့ပေါင်း ၃-၂ ဂိုး ဖြင့် အနိုင်ရခဲ့သည်။

ယင်းနှစ်ဗိုလ်လုပွဲတွင် ချဲလ် ဆီးသည် ဘိုင်ယန်မြူးနစ်ကို ပင် နယ်တီအဆုံးအဖြတ်ဖြင့် အနိုင် ယူကာ ပထမဆုံး ချန်ပီယံလိဂ် ဖလားရရှိခဲ့သည်။

—Ref: reuters/ap

Top News