မုံရွာတွင် ရေနံစိမ်းချက်ဖို ဆီကန်အဖုံးမလုံ၍ မီးဖိုပေါ်လျှံကျကာ မီးလောင်မှုဖြစ်ပွား

ရေနံစိမ်းချက်ဆီကန်ကို မီးသတ်တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

မုံရွာတွင် ရေနံစိမ်းချက်ဖို ဆီကန်အဖုံးမလုံ၍ မီးဖိုပေါ်လျှံ ကျကာ မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း မုံရွာမြို့နယ် မီးသတ်ဦး စီးမှူး ဦးညီညီဇော်က ပြောသည်။ 

မုံရွာမြို့နယ် ကျောက္ကာ မြောက်ကျေးရွာတွင် အသက် (၅၅)နှစ်အရွယ် အမျိုးသမီးတစ် ဦးပိုင်ဆိုင်သော ရေနံစိမ်းချက်ဖို တွင် မတ်လ ၁၂ ရက် နံနက်က ချက်ဖိုဆီကန်အဖုံးမလုံ၍ ရေနံစိမ်း များ မီးဖိုပေါ်လျှံကျကာ မီးလောင် မှုဖြစ်ပွားခဲ့သည်။

‘‘မီးလောင်မှုနဲ့ပတ်သက်ပြီး ရေနံချက်ဖို တာဝန်ခံအမျိုးသား တစ်ဦးကို စစ်ဆေးနေပါတယ်’’ဟု ဦးညီညီဇော်က ပြောသည်။

မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန နှင့် မုံရွာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ကိုးစီး၊ ရေ သယ်ယာဉ် နှစ်စီးနှင့် သွားရောက် ငြှိမ်းသတ်ခဲ့သည်။ မီးလောင်မှု ကြောင့် ရေနံစိမ်း ၁၅ ဂါလန်၊ သွပ်မိုးမြေစိုက်အကာမပါ အ ဆောက်အအုံတစ်လုံး၊ ကာလ တန်ဖိုး ကျပ် ၅၀,၀၀၀ ခန့်ဆုံးရှုံး ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှတ် တမ်းတွင်ဖော်ပြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍  ရေနံချက်ဖိုတာဝန်ခံ အမျိုးသားကို  မုံရွာမြို့နယ်မြေရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။ 

Top News