ဆိုင်ကယ်ကယ်ရီငှားစီးပြီး လုယက်သူ နှစ်ဦးကို ဖမ်းဆီးအရေးယူ

ဆိုင်ကယ်ကယ်ရီ ငှား ရမ်းစီးနင်းပြီး လမ်းတစ်ဝက် အရောက်တွင် ဆိုင်ကယ်မောင်း သူကို လည်ပင်းဓားထောက်ကာ ဆိုင်ကယ်လုယက်ခဲ့သည့် အမျိုး သားနှစ်ဦးသည် လှည့်ကင်းရဲတပ် ဖွဲ့နှင့် တိုးကာ ဖမ်းဆီးခံခဲ့ရ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြော သည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၈၇)ရပ်ကွက်နေ ကိုထက်အောင်သည် မတ်လ ၁၂ ရက် ည ၉ နာရီ က သုခိတာလမ်းနှင့် ကနောင်မင်းသားကြီးလမ်းဆုံတွင် ခရီးသည်စောင့်ဆိုင်းနေစဉ် စိုးကိုဆိုသူရောက်လာပြီး ကယ်ရီငှားရမ်းခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ထို့နောက် တောင်ဒဂုံမြို့ နယ်(၇၁)ရပ်ကွက်သို့ ကျပ် ၁,၀၀၀ဖြင့် လိုက်ပါလာခဲ့ရာ ကနောင် မင်းသားကြီးလမ်းနှင့် မြနန္ဒာလမ်းဆုံသို့အရောက် ဆိုင်ကယ်ငှားရမ်းစီး နင်းလာသူ စိုးကိုက ဆိုင်ကယ် မောင်းနှင်သူ ကိုထက်အောင်၏ ပါးစပ်နောက်မှ ပိတ်ကာလည် ပင်းကို ဓားဖြင့်ထောက်၍ ဆိုင် ကယ်အားရပ်ခိုင်းခဲ့ကြောင်း ရဲအ ရာရှိက ပြောသည်။

ဆိုင်ကယ်ရပ်ပေးပြီးနောက် ကိုထက်အောင်ထံမှ ငွေကို ခြိမ်းခြောက်တောင်းနေစဉ် အသက် (၁၉)နှစ်အရွယ် အောင်နိုင်ဝင်း ဆိုသူ ဆိုင်ကယ်နှင့်ထပ်မံ ရောက် ရှိလာပြီး ကိုထက်အောင် အား ဆောင့်တွန်းကာ ဆိုင်ကယ်ကို စိုးကိုက လုယူမောင်းနှင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ဆိုင်ကယ် လုယူထွက်ပြေး သဖြင့် ကိုထက်အောင်က ပတ်ဝန်း ကျင်သို့  အော်ဟစ်အကူအညီ တောင်းရာ လှည့်ကင်းရဲတပ်ဖွဲ့နှင့် ပတ်ဝန်းကျင်မှလူများ ရောက်ရှိလာပြီးဝိုင်းဝန်းဖမ်းဆီးခဲ့သဖြင့် ဆိုင်ကယ်လုပြေးသူ စိုးကိုနှင့် အောင်နိုင်ဝင်းတို့ကို ဖမ်းမိခဲ့ကြောင်း ရဲအရာရှိက ဆိုသည်။

စိုးကိုနှင့် နောက်မှလိုက်လာ ကာ ကူညီသူ အောင်နိုင်ဝင်းတို့ကို ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက ပြင်ဆင်ပြီးမှ လုယက်မှုပုဒ်မ ၃၉၂၊ အားပေးကူညီမှုပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။ 

Top News