ဆိုင်ကယ်နှင့် မလွတ်သဖြင့် လမ်းရှင်းပေးရန် ပြောရာမှ ဓားထိုးမှုဖြစ်

ဆိုင်ကယ်မောင်းနှင် လာစဉ် လမ်းမလွတ်သဖြင့် လမ်း ရှင်းပေးရန် ပြောဆိုရာမှ ဓားထိုး မှုဖြစ်ကာ အသက် (၁၉) နှစ်အ ရွယ် လူငယ်တစ်ဦးဒဏ်ရာရရှိခဲ့  မှု မတ်လ ၁၂ ရက် ညပိုင်းက လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရုံးက သတင်းထုတ်ပြန်သည်။

လှိုင်သာယာမြို့နယ် ၁၇ ရပ်ကွက် စက်မှုဇုန် (၅)အတွင်းနေ ထိုင်သည့် မောင်ထွန်းထွန်းသည် မတ်လ ၁၂ ရက် ည ၈ နာရီက ၎င်းနှင့် အလုပ်အတူလုပ်ကိုင်သည့် ဖြိုးကို၊ ၀င်းကိုတို့နှင့်အတူ ဖြိုးကို ၏ နေအိမ်သို့ ဆိုင်ကယ်ဖြင့် သွား ရောက်ရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့သွားရောက်စဉ် (၁၈) ရပ်ကွက်၊ သခင်ဖိုးလှကြီး (၂) လမ်းထိပ်သို့ အရောက်တွင် လမ်းတွင် သွားလာနေသူများအား လမ်းမလွတ်သဖြင့် မောင်ထွန်းထွန်းက လမ်းရှင်းပေးရန် ပြောနေစဉ် အဆိုပါရပ်ကွက်အတွင်းနေထိုင် သည့် အသက် (၂၃) နှစ်အရွယ် ရဲလင်းထွန်းဆိုသူရောက်ရှိလာပြီး ဓားဖြင့်ထိုးခဲ့သည်ဟု ဆိုသည်။

ထိုသို့ဓားဖြင့်ထိုးသော ကြောင့် ဆိုင်ကယ်ပေါ်တွင်ထိုင် နေသည့် လူငယ် သုံးဦးအနက် ဖြိုးကို၏ ဘယ်ဘက်ခါးတွင် ဓား ဒဏ်ရာရရှိသဖြင့် လှိုင်သာယာ ဆေးရုံမှတစ်ဆင့် အင်းစိန်ဆေးရုံ သို့တင်ပို့ကုသထားကြောင်း သောင်ကြီးနယ်မြေရဲစခန်းမှ ရဲ အရာရှိတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ ရဲလင်းထွန်းကို သောင်ကြီးနယ် မြေရဲစခန်းက ဘေးဖြစ်စေသော လက်နက်ဖြင့် အပြင်းအထန်နာ ကျင်စေမှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။

Top News