ထိုင်းမှတစ်ဆင့် မလေးရှားသို့ တရားမဝင် သွားရောက်သည့်မြန်မာရှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် မြန်မာလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ − manager online)

ထိုင်းနိုင်ငံမှတစ်ဆင့် ဖြတ်သန်း၍ မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်သော မြန် မာလုပ်သားရှစ်ဦးကို ထိုင်းရဲတပ် ဖွဲ့က ဖမ်းဆီးခဲ့သည်။ 

မလေးရှားနိုင်ငံသို့ တရား မဝင်ပို့ဆောင်ရန် မြန်မာလုပ်သား ရှစ်ဦးကို တင်ဆောင်လာသော ယာဉ်သည် မတ်လ ၁၂ ရက်၌ ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခလာ ခရိုင်အတွင်းရှိ စစ်ဆေးဂိတ်သို့ အရောက် ရပ်တန့်မပေးဘဲ ဖြတ် မောင်းရာ အရှိန်လွန်၍ လမ်းဘေး သစ်ပင်ကို ဝင်တိုက်ရာမှ ဖမ်းဆီး ခံရသည်။ 

မြန်မာလုပ်သား ရှစ်ဦးအ နက် အမျိုးသမီးတစ်ဦးသည် ဒဏ် ရာပြင်းထန်စွာရရှိ၍ ဆေးရုံသို့ ပို့ ဆောင်ထားကြောင်း ထိုင်းနိုင်ငံ တောင်ပိုင်းအခြေစိုက် ပညာရေး နှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင် FED အဖွဲ့မှ ကိုမင်းဦးက ပြောသည်။ 

‘‘ယာဉ်မောင်းကတော့ ထိုင်း နိုင်ငံသားလို့ သိရတယ်။ သူတို့ကို ခေါ်လာတဲ့ပွဲစားက ပစ်ထားခဲ့တာ ပေါ့။ လူကုန်ကူးခံရတာ ဟုတ်၊ မဟုတ် စစ်ဆေးနေတယ်’’ဟု ကိုမင်းဦးက ပြောသည်။ 

ဖမ်းဆီးခံရသည့် မြန်မာ လုပ်သားရှစ်ဦးသည် ၎င်းတို့အားမလေးရှားနိုင်ငံသို့ ပို့ဆောင်ပေး ရန် တစ်ဦးလျှင် ဘတ်ငွေ ၁,၅၀၀ (ကျပ် ခြောက်သောင်းကျော်) ပေးခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောသည်။ 

မတ်လ ၁၀ ရက်ကလည်း ထိုင်းနိုင်ငံသို့ တရားမဝင် လာ ရောက်သော မြန်မာလုပ်သား ၁၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဆုံခလာ ခရိုင်တွင် ဖမ်းဆီးထားသည်။ 

ထိုင်းနိုင်ငံတွင် လူကုန်ကူး ခံရပြီး ဖမ်းဆီးခံရပါက လူကုန်ကူး မှုပြုလုပ်သူအား ဖမ်းဆီးမိရေးနှင့် သက်သေအဖြစ် ထွက်ဆိုပေးရန် အချုပ်ခန်းအတွင်း တစ်နှစ်နီးပါး ကြာ နေထိုင်ရလေ့ရှိပြီး သာမန် တရားမဝင်လာရောက်မှုကြောင့် ဖမ်းဆီးခံရသူများသည် ဒဏ်ကြေး ဘတ်ငွေ ၂,၀၀၀ နှင့်အချုပ် ၄၅ ရက်ကျခံရပြီးနောက် ပြန်လွှတ် ပေးလေ့ရှိကြောင်း ကိုမင်းဦးက ပြောသည်။ 

ထိုင်းနိုင်ငံတွင် မတ်လ ၆ ရက်က မြန်မာလုပ်သားသုံးဦး ရိုက်နှက်ခံရပြီးနောက် မြန်မာလုပ် သားများအချိန်မတော် တစ်ဦး တည်း ထွက်ခွာခြင်း၊ အရက်သေ စာသောက်စားခြင်းနှင့် ခိုက်ရန် ဖြစ်ပွားခြင်းရှောင်ကြဉ်ရန် ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ အလုပ် သမားသံအရာရှိရုံးက မတ်လ ၁၁ ရက်တွင် သတိပေးထုတ်ပြန်ထား သည်။ မတ်လ ၅ ရက်ကလည်း ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် မဟာချိုင်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာ လုပ်သားများကို တွေ့ဆုံပြီး မည် သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)နှင့် အထောက်အ ထားစာရွက်များကို ဇွန်လနောက် ဆုံးထား အပြီးမလုပ်ပါက ဖမ်း ဆီးအရေးယူမည်ဟု ပြောကြား ထားသည်။ 

Top News