နေရာကွက်မိုးကြီး၍ လေပြင်းတိုက်ခတ်မှုကြောင့် နှစ်ရက်အတွင်း အဆောက်အအုံ ၁၅၀ ကျော် ပျက်စီး၊ သုံးဦး ဒဏ်ရာရ

 မြန်မာနိုင်ငံဒေသအချို့ တွင် နေရာကွက်၍ မိုးကြီးမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့်  နှစ်ရက်အတွင်း ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း အပါအ၀င် အဆောက်အအုံ ၁၅၈ လုံးပျက်စီးခဲ့ပြီး လူသုံးဦးဒဏ်ရာရသည်။

မတ်လ ၁၀ ရက်နှင့် ၁၁ ရက်အတွင်း ရှမ်းပြည်နယ် တာချီ လိတ်မြို့၊ ကွမ်ဟိန်းမြို့နှင့် ကာလိ မြို့၊ ချင်းပြည်နယ် ဖလမ်းမြို့၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့တို့တွင် နေရာကွက်မိုးကြီးမှု နှင့် လေပြင်းဒဏ်ခံခဲ့ရသည်။

ကွမ်ဟိန်းမြို့နယ်နှင့် ကာလိ မြို့တွင်နေအိမ်အလုံး ၉၀ ၊ ဘုန်း ကြီးကျောင်း လေးကျောင်း၊ စာ သင်ကျောင်းတစ်ကျောင်း ပျက်စီးခဲ့ပြီး အိမ်လေးလုံး ပြိုကျ ပျက်စီးခဲ့သည်။ ထို့အပြင် လူသုံးဦးဒဏ်ရာရပြီး ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရသည်။ တာချီလိတ် မြို့နယ်တွင် ကျေးရွာငါးရွာ လေပြင်းကျခဲ့ပြီး အိမ် ၄၁ လုံး၊ ဘုန်းကြီးကျောင်းတစ်ကျောင်း အမိုး လန်ပျက်စီးခဲ့ကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ၀န်ကြီး ဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာနမှ သတင်းရရှိ သည်။ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တွင် မတ်လ ၁၀ ရက် ညနေက ကြုံတွေ့ခဲ့သော လေ ပြင်းကြောင့် လူနေအိမ် ၁၄ လုံး၊ စာသင်ကျောင်း နှစ်ကျောင်းနှင့် ဆန်စက်တစ်လုံးတို့ပျက်စီးခဲ့သည်။ ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စိသွေးကျေးရွာ အလက (ခွဲ) ကျောင်းဆောင် အမိုးလန် ပျက်စီးခဲ့သည်။ဒဏ်ရာရသူ သုံးဦးအတွက် တစ်ဦးလျှင် ကျပ်ငါးသောင်းနှင့် ပြိုကျသော အိမ်များအတွက် တစ်အိမ်လျှင် ကျပ်တစ်သိန်း ထောက်ပံ့ကြောင်း ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြော သည်။ လက်ရှိကာလသည် ဘင်္ဂ လားပင်လယ်အော်၌ လေထုမ ငြိမ်မသက် ဖြစ်နေပြီး မြန်မာနိုင်ငံ ဒေသအချို့တွင် နေရာကွက်မိုး ကြီးမှုနှင့် လေပြင်းအန္တရာယ်သတိ ပြုရန် မိုးဇလဌာနက သတိပေး ထားသည်။

Top News