ရုပ်ရှင်အကြိုခံစားခြင်း

မုဒြာရဲ့ခေါ်သံ

ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာ ပြည်ပမှာနေထိုင်တဲ့ မြန်မာလူမျိုး တစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ် ကားလေးအကြောင်းကို ညွှန်းပေး လိုက်ပါတယ်။

ဂျေဒင်ဝီလျံက မြန်မာနိုင်ငံ မှာ မွေးဖွားခဲ့သူတစ်ဦးပါ။ ဒါပေမဲ့ သူငယ်ငယ်လေးကတည်းက မိဘတွေနဲ့အတူ အမေရိကန်နိုင်ငံမှာ သွားရောက်နေထိုင်ခဲ့ရပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေနဲ့ ပတ်သက်ပြီး စာတမ်းတစ်စောင် ပြုစုဖို့ ရှိတာကြောင့် ဂျေဒင်ဝီလျံ မြန်မာနိုင်ငံကို ပြန်လည်ရောက် ရှိလာခဲ့ပါတယ်။

ဂျေဒင်ဝီလျံက သူ့မိဘတွေ ရဲ့ မိတ်ဆွေတစ်ယောက်ဆီမှာ သူလေ့လာရမယ့် အကြောင်းအ ရာတွေနဲ့ ပတ်သက်ပြီး အကူအညီ တောင်းခဲ့ပါတယ်။ အဲဒီလူက ဂျေဒင်ဝီလျံကို ကောင်မလေးတစ် ယောက်နဲ့ မိတ်ဆက်ပေးခဲ့ပါ တယ်။ အဲဒီကောင်မလေးရဲ့နာ မည်က နှင်းပါ။ နှင်းက ယဉ်ကျေး မှုတက္ကသိုလ် ကျောင်းဆင်းတစ် ယောက်ပါ။ တကယ်တော့ ဂျေဒင်ဝီလျံက နှင်းကို ဆိုင်တစ်ဆိုင်မှာ မြန်မာအကလာကတာကို တွေ့ဖူး ထားပါတယ်။ အဲဒီ့အချိန်မှာက တည်းက နှင်းကို စိတ်ဝင်စားနေခဲ့ တာပါ။ နှင်းနဲ့ တွေ့တဲ့ အချိန်မှာ တော့ ဂျေဒင်ဝီလျံက သူမြင်ဖူးတဲ့ အကြောင်းပြောခဲ့ပါတယ်။ နှင်းက လည်း သူက စနေ၊ တနင်္ဂနွေဆို ရင် အက ကဖြစ်တယ် ဆိုတဲ့အ ကြောင်း ပြန်ပြောပြခဲ့ပါတယ်။ အဲဒီလိုနဲ့ နှင်းက ဂျေဒင်ဝီလျံ လေ့ လာချင်တဲ့ နေရာတွေကို သွားဖို့ အတွက် အကူအညီပေးခဲ့ပါတယ်။ ဂျေဒင်ဝီလျံက ပုဂံအကြောင်းကိုလည်း သိချင်တာကြောင့် နှင်းက ပုဂံနဲ့ပတ်သက်ပြီး စာတမ်းပြုစုနေတဲ့ သူ့ရဲ့သူငယ်ချင်း နုနုနဲ့ထပ်ပြီး မိတ်ဆက်ပေးခဲ့ပါတယ်။

ဂျေဒင်ဝီလျံက မန္တလေးကို တော့ မရောက်ရောက်အောင် သွားချင်တဲ့အကြောင်း နှင်းကိုပြောထားခဲ့ပါတယ်။ အဲဒီလိုနဲ့ သူတို့ခရီးစဉ်ကို စတင်ခဲ့ကြပါ တယ်။ ပုဂံမှာ ဂျေဒင်ဝီလျံကို နှင်းက သူသိချင်တဲ့ အကြောင်းတွေ သေသေချာချာ ရှင်းပြခဲ့ပါတယ်။ ဂျေဒင်ဝီလျံက နှင်းကို စတွေ့တွေ့ ချင်းကတည်းက စိတ်ဝင်စားခဲ့သ လို အဲဒီအချိန်မှာလည်း သံယောဇဉ်ပိုခဲ့ပါတယ်။ ဒါပေမဲ့ နှင်းဘက် ကတော့ ပုံမှန်ပဲ ဆက်ဆံခဲ့ပါ တယ်။ အဲဒီလိုနဲ့ သူတို့တစ်ဖွဲ့လုံး မန္တလေးကို ရောက်သွားကြပါ တယ်။ တကယ်တော့ ဂျေဒင်ဝီလျံ ဆီမှာ သူငယ်ငယ်က မိဘတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံရှိပါ တယ်။ သူက သူ့ရဲ့ဆွေမျိုးတွေနဲ့ တွေ့ချင်တာကြောင့် မန္တလေးကို အရောက်သွားခဲ့တာပါ။ အဲဒါကြောင့် နှင်းက ဂျေဒင်ဝီလျံရဲ့ မိဘတွေအကြောင်း သိနိုင်မယ့် လူတစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့ ပါတယ်။ အဲဒီလူကြီးက ဓာတ်ပုံကိုတွေ့တဲ့အချိန်မှာ သူသိတဲ့အ ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆွေမျိုးတွေကို သိချင် တယ်ဆိုတဲ့ အချိန်မှာတော့ မပြောပြခဲ့ပါဘူး။

ဂျေဒင်ဝီလျံရဲ့ဆွေမျိုးတွေ အကြောင်းကို ဘာကြောင့် မပြော ပြတာလဲ။ အဲဒီလူကြီးဆီကနေ ဘယ်လိုအကြောင်းအရာတွေကို ဂျေဒင်ဝီလျံသိခွင့်ရမှာလဲ။ သူစိတ် ဝင်စားနေတဲ့ နှင်းနဲ့ကော ဘယ်လို ဇာတ်လမ်းတွေ ဆက်ဖြစ်ဦးမလဲ ဆိုတာကို မတ်လ ၁၆ ရက်ကနေ စတင်ပြီး ရန်ကုန်၊ မန္တလေး အပါ အဝင် နယ်မြို့က ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမယ့် ‘မုဒြာရဲ့ ခေါ်သံ’ ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှု စားပေးပါ။

ဒီဇာတ်ကားမှာ ဂျေဒင်ဝီလျံ အဖြစ် ဇဏ်ခီ၊ နှင်းအဖြစ် လှယဉ်ကျေး၊ နုနုအဖြစ် နန်းဝေဝေထွန်း တို့ အဓိက ပါဝင်သရုပ်ဆောင် ထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာ ခရစ်(စ)တီးနားခီက ရိုက်ကူးပုံဖော်ထားပါတယ်။

Top News