ဗေဒင်ဆရာ အောင်ချစ်ပိုကို အရေးယူရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်ထောင်စုဝန်ကြီးငါးဦးထံ တိုင်စာပို့

သတင်းစာရှင်းလင်းပွဲတွင် သရုပ်ဆောင်ဒိန်းပိုပိုဒေါင် ရှင်းလင်းပြောကြားနေစဉ်(ဓာတ်ပုံ − ခင်မို့မို့လွင်)

 ဗေဒင်ဆရာ အောင်ချစ် ပိုကို အရေးယူပေးရန် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အပါအဝင် ပြည် ထောင်စုဝန်ကြီးငါးဦးထံ တိုင် ကြားစာပေးပို့ထားကြောင်း သရုပ် ဆောင်ဒိန်းပိုပိုဒေါင်က အမျိုးသမီးရေးလှုပ်ရှားသည့် အဖွဲ့များ နှင့်အတူ အပြည်ပြည်ဆိုင်ရာ အ မျိုးသမီးများနေ့ (မတ်လ ၈ ရက်)၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

တိုင်ကြားစာတွင် ဗေဒင် ဆရာအောင်ချစ်ပိုက အမျိုးသမီး များကို လိင်ပိုင်းဆိုင်ရာ ကျူးလွန် မှုများထပ်မံမဖြစ်ပေါ်စေရန်၊ ဗေ ဒင်ပညာရပ်ကဲ့သို့ အခြားသော ပညာရပ်အသိုင်းအဝိုင်းများတွင် ထိုပညာရပ်ကို အကာအကွယ်ယူ ကာ မဖွယ်မရာပြုမူနေသူများကို အရေးယူပေးရန်နှင့် မရှက်မ ကြောက် တိုင်ကြားလာသူအမျိုး သမီးများကို ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်ရန် တောင်းဆိုထားကြောင်း ဒိန်းပိုပိုဒေါင်က ရှင်းပြသည်။


မြန်မာအမျိုးသမီးများအဖွဲ့ ချုပ်၊ ညီမျှခြင်းမြန်မာ၊ ကျား၊ မတန်းတူညီမျှရေးကွန်ရက်၊ Tra-ingle Women စသည့် အမျိုးသမီး ရေးလှုပ်ရှားသည့်အဖွဲ့များနှင့်အ တူ ရန်ကုန်မြို့ Orchid ဟိုတယ်၌ ပြုလုပ်သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဒိန်းပိုပိုဒေါင်က ထိုကဲ့သို့ ပြောကြားသည်။

 ကိုးထပ်ကြီးဘုရား ဗေဒင် ဟောခန်း၌ ဗေဒင်ဆရာအောင် ချစ်ပိုက မဖွယ်မရာပြုလုပ်သည် ဆိုကာ ကျူးလွန်ခံရဖူးသူ အမျိုး သမီး ၁၀ ဦးက နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန် ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနစသည့် ဝန်ကြီး ဌာနငါးခုမှ ပြည်ထောင်စုဝန်ကြီး များကို ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၂၀ ရက်တွင် တိုင်ကြားစာပေးပို့ထားသည်။

ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားရခြင်းသည် စမ်းချောင်းမြို့မရဲစခန်းက အမှုလက်မခံလို သည့် သဘောဖြင့် ဆက်ဆံခဲ့သည်များကို တွေ့ကြုံရခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖေဖော်ဝါရီ ၈ ရက်က ဗေဒင်ဆရာအောင်ချစ်ပိုကို ဖမ်းမိဟု သတင်းထုတ်ပြန်သော်လည်း စမ်းချောင်းရဲစခန်းက ဖေဖော်ဝါရီ ၁၀ ရက်မှသာ ခေါ်ယူစစ်ဆေး အာမခံပေးခြင်းဖြစ်စဉ်များကဲ့သို့ အကာအကွယ်ပေးမှုသဘောများ ဖြစ်ပေါ်နေမှုကို ထိရောက်စွာ စုံစမ်းဖော်ထုတ်ပေးပါရန် တိုင် ကြားရခြင်းဖြစ်ကြောင်း ဒိန်းပိုပို ဒေါင်က ပြောသည်။

မတ်လ ၈ ရက်တွင် ကျ ရောက်သော အပြည်ပြည်ဆိုင်ရာ  အမျိုးသမီးများနေ့အတွက် ကမ္ဘာ့ ကုလသမဂ္ဂက သတ်မှတ်သော ယခုနှစ်ဆောင်ပုဒ်သည် ‘အမျိုး သမီးကဏ္ဍမြင့်မားရေး အားလုံး ဝိုင်းဝန်းပူးပေါင်းပေး’ ဖြစ်သဖြင့် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့် ဖြစ်ရပ်များတွင် ကျူးလွန်ခံရသူ အမျိုးသမီးများကို ရှက်စရာဟုမမြင်ဘဲ ကျူးလွန်သူသာ ရှက်စရာဟု တွေးမြင်ပေးရန်လိုကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပါဝင်ဆွေးနွေးသည့် အမျိုးသမီးအရေးလှုပ်ရှားသူများ က ဆိုသည်။

ကိုးထပ်ကြီးဘုရားတွင် ဆိုင် ခန်းဖွင့်ဗေဒင်ဟောသော ဗေဒင် ဆရာအောင်ချစ်ပိုသည် ဗေဒင် လာမေးသည့် မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကား သည်ဆိုသော ကိစ္စရပ်များနှင့် ပတ်သက်၍ ဗေဒင်ဆရာ၏လိင် ပိုင်းဆိုင်ရာ ထိပါးစော်ကားခံခဲ့ရ သည်ဟု ထုတ်ဖော်ပြောကြား သော ဒိန်းပိုပိုဒေါင်အပါအဝင် အမျိုးသမီးနှစ်ဦးက အပြန်အလှန် အမှုဖွင့်ထားပြီး နှစ်ဖက်စလုံး အာ မခံရရှိထားသည်။

ထို့အပြင် မိန်းကလေးများ က လိင်ပိုင်းဆိုင်ရာ ထိပါးစော် ကားခံရကြောင်း ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်တွင် ရေးသားထားသည် များကို စုစည်း၍ ပြန်လည်မျှဝေ သူတစ်ဦးကို ဗေဒင်ဆရာ အောင် ချစ်ပိုက အမှုဖွင့်ထားသည်။