ရွှေစာရံဘုရားပွဲသွားတောလား

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

တစ်နေ့ကဖြစ်သည်။ အ သက် (၇၀)နားကပ်နေပြီဖြစ်သည့် ကျွန်တော့်မိခင်က အသက်(၉၀) ကျော်ပြီဖြစ်သည့် သူ့မိခင်ကျွန် တော့်ဘွားအေကြီးအား ရွှေစာရံ ပွဲလိုက်ပို့ရန် စီစဉ်နေခဲ့သည်။ ကျွန်တော်ဝမ်းသာရသည်။ အ ဘွားတစ်ယောက် ရွှေစာရံမ ရောက်သည်မှာ တော်တော်ကြာ ခဲ့ပြီ။ ခန့်မှန်ခြေ နှစ်၂၀ လောက် တော့ရှိရော့မည်။

မန္တလေး  အရှေ့ဘက်ရှိ  ရွှေစာရံဘုရားပွဲတော်ချိန် ရောက် ခါနီးပြီးဆိုလျှင် ကျွန်တော်တို့ တောင်မြို့ (အမရပူရ) ကလူတွေ မရိုးမရွဖြစ်ကြရပြီ။ ရွှေစာရံဘု ရားပွဲက တပေါင်လမှ ကျင်းပ မည်ဖြစ်သော်လည်း တပို့တွဲလ ပြည့်ကျော်လောက်ကတည်းက  ရပ် ကွက်တိုင်းရပ်ကွက်တိုင်းတွင် ရွှေစာရံဘုရားပွဲတော်သို့ ကား ထွက်မည့်အကြောင်း ကြော်ငြာ ထားကြလေပြီ။ ကိုယ့်ရပ်ကွက် အလိုက်  ကားထွက်မည့်သူထံ ကားခလေးတွေကြိုတင်ပေး ထား ရသည်။ လူပြည့်လျှင် မလိုက်ရ တော့မှာစိုး၍ ဖြစ်သည်။ ကျွန် တော်တို့ ကလေးတွေကတော့ ရွှေစာရံပွဲနီးလာလေလေ ပျော် လေလေ။ လူကြီးတွေကတော့ ပွဲ မှာသုံးဖို့စွဲဖို့ ငွေစကြေးစလေး ကြိုကာတင်ကာစုရဆောင်းရ ဖဲ့ရ ချန်ရသည်။

ရွှေစာရံ ဘုရားပွဲတော်သည် တပေါင်းလပြည့်ကျော်ရက်တွေ မှာ ပွဲတော်စတင်လေ့ရှိပြီး ကျွန် တော်တို့ရပ်ကွက်ကတော့ လ ပြည့်ကျော် ငါးရက် ၀န်းကျင်ဆို သွားလေ့ရှိသည်။ ရွှေစာရံ ဘုရား ပွဲတော်ကားတွေကို ညဘက်တွေ မှာထွက်လေ့ရှိသည်။ သွားမည့် နေ့ရောက်ပြီဆိုလျှင် လူကြီးတွေ ကတော့ပွဲတော်မှာ စားဖို့အတွက် ချိုင့်ကြီးချိုင့်ငယ်အသွယ်သွယ် ဖြင့်ကြိုတင်ချက်ပြုတ် ထုပ်ပိုးရ သည်။ ကလေးတွေကတော့ လမ်းထိပ်မှာလာထိုးမည့် ကား ကြီးကိုမျှော်ရသည်။ နေရာဦးဖို့ ဖြစ်သည်။ ကားက မိုးစုံးစုံးချုပ်မှ ရောက်လာလေ့ရှိသည်။ လမ်း ထိပ်ကနေ‘‘ကားရောက်ပြီဟေ့’’ လို့အော်သံများကြားလိုက်ရပြီဆို လျှင် ကလေးတွေတ၀ုန်းဝုန်းပြေး ကြသည်။ ဘုရားဖူးကားဆို၍ အဲ ကွန်းမှန်လုံ Express ကားမျိုးမ ဟုတ်ပါ။ ထိုခေတ်ကာလသုံး စစ် ကျန် ချက်ဘလက်ကားအိုကြီး တွေဖြစ်သည်။ ထိုကားကြီးတွေ ကကျယ်တော့ လူများများဆံ့ သည်။ ဘုရားဖူးကားထွက်သူ အတွက် ပို၍တွက်ခြေကိုက်သည်။ တချို့တလေကတော့ စစ်ကိုင်း- မန္တလေး၊ အမရပူရ-မန္တလေး ပြေးသည့် ဒိုင်နာကားတွေဖြင့် လည်းသွားလေ့ရှိကြသည်။ အ များစုကတော့ ချက်ဘလက် ကား အိုကြီးတွေသာ အသုံးများသည်။

ထိုကားကြီးတွေရောက်လာ ပြီဆိုလျှင် ကျွန်တော်တို့ကလေး တွေ အိမ်ကစောင်တွေယူမကာ အပြေးအလွှား သွားကြသည်။ ကားပေါ်ရောက်တော့ ထိုင်လို့ ကောင်းမည့် ဘေးခုံတန်းတွေမှာ စောင်ကိုခေါက်ကာ အလျား လိုက်ဖြန့်ခင်းလိုက်သည်။ နေရာ ဦးလိုက်ပြီဆိုသည့်သဘော။ နေ ရာဦးရင်းနှင့်လည်း တစ်ယောက် နှင့်တစ်ယောက် တွန်းထိုးတိုက် ကာရန်ဖြစ်ရပါသေးသည်။ ဘေး ခုံတန်းပေါ်နေရာမရှိတော့ဘူးဆို လျှင်တော့ အောက်ကကြမ်းပြင် ပေါ်သာ ထိုင်ရတော့မည်ဖြစ် သည်။

ကားက ၉နာရီ ထွက်မည် ဟုကြေညာထားသော်လည်း တ ကယ်တမ်း ၉နာရီမထွက်နိုင်သေး။ ဟိုလူကျန်သေး၊ ဒီလူမပါသေး ဆိုတာတွေကညံနေသည်။ ကား ပေါ်မှာကတော့ လူတွေအပြည့် ဖြစ်နေပြီ။ စားဖို့သောက်ဖို့ ချက် ပြုတ်လာသည့်ချိုင့်တွေ၊ ခြင်းတွေ  ကလည်းအပြည့်။ ကျပ်ညပ်ကာ ထိုင်နေရသဖြင့် ကားကိုထွက် စေချင်လှပြီ လူစုံပြီဆိုထွက်တော့ ကားပေါ်မှာ တကယ့်ငါးပိသိပ်ငါး ချဉ်သိပ်။ ကားသမားကဘရိတ်ကို  တစ်ချက်ဆောင့်အုပ်လိုက်တော့ မှ ဟိုရွေ့သည်ရွေ့ဖြင့် ချောင် သွားသည်။ ရွှေစာရံဘုရားဖူးခရီး စဉ်ကြီး စလေပြီ။

ထိုအချိန်က မြစ်ငယ်-ထုံး ဘိုလမ်းက မဖောက်သေး၍ တောင်မြို့ကနေ မန္တလေးမြို့ထဲ ပြန်ဝင်ကာ အောင်ပင်လယ်ဘက် ကနေ သွားရတာဖြစ်သည်။ ကား ကြီးကအိုအိုမို့ ဖြည်းဖြည်းလေး လိမ့်နေသည်။ အသွားမှာတော့ အားလုံးကတ၀ါးဝါးတဟားဟား။ မန္တလေးမြို့ သိပ္ပံလမ်းရောက် တော့ အရှေ့ချိုးကာ အောင်ပင် လယ်ဘက်တက်သည်။

မန္တလေးမြို့ထဲတုန်းက လမ်း  ကောင်း၍ ဘာမျှမဖြစ်သော် လည်း အောင်ပင်လယ်ရောက် တော့ လမ်းတွေကဆိုးသွားလေ ပြီ။ အရပ်လေးမျက်နှာမှောင် မှောင်မည်းမည်း၊ လမ်းတွေက ချိုင့်တွေ၊ကျင်းတွေဖြင့် ချက်ဘ လက် ကားအိုကြီးမှာ မနည်းရုန်း နေရသည်။ သူ့ခန္ဓာကိုယ်က သစ် သားတွေလည်းပါတာဆိုတော့ တ၀ုန်းဝုန်းတဒိုင်းဒိုင်းကို မြည် သည်။ ငိုက်မျဉ်းနေကြသည့် ကား ပေါ်ကလူတွေလည်း ကားဆောင့် တာကြောင့် အကုန်နိုးကာ ကား ဆောင့်တိုင်းအော်ဟစ်ကြသည်။ ပြီးမှ အော်ရယ်ကြပြန်သည်။

အောင်ပင်လယ်ကနေ မေ မြို့လမ်းအတိုင်း အတော်ကြာ ကြာလေးသွားပြီးမှ အုန်းချော ရောက်သည်။ အုန်းချော ရောက် တော့ ညာဘက်က ရွှေစာရံလမ်း ကိုပြန်ချိုးဝင်သည်။ ထိုလမ်းက တော့ တကယ့်မြေလမ်း။ ည မှောင်နေ၍ကားထဲ ဖုန်တွေလုံးခ နဲဝင်လာတာ သိပ်မသိကြ။ လမ်း မကောင်း၍ထိုလမ်းကိုလည်း ခပ် ကြာကြာစီးရပြန်သည်။ နာရီဝက် လောက်စီးပြီးမှ ရွှေစာရံဘုရားဆီ ရောက်လာခဲ့သည်။ ထိုရောက် တော့လူတွေလည်း ဖုန်တွေ၊ သဲ တွေအလိမ်းလိမ်း။

ဘုရား ရင်ပြင်တော်မှာ ကိုယ့်အဖွဲ့နှင့်ကိုယ် ပါလာသည့် စောင်တွေခင်းကာ နေရာချပြီး အိပ်စက်ရသည်။ မနက်လင်း တော့ဘုရားရင်ပြင်တော်မှာ လူ တွေများလာခဲ့သည်။ ပါလာသည့် ထမင်းဟင်းလေးဖြင့် ဘုရားဆွမ်း တော်ကပ်ကြသည်။ ပြီးနောက် ပွဲခင်းလည်ကြသည်။ ရွှေစာရံ ရောက်ပြီဆိုလျှင် မ၀ယ်မဖြစ်ဝယ် ကြသည့်က ထန်းရွက်ပုတီးဆွဲ ကြိုး၊ ထန်းရွက်ယပ်တောင်၊ ထန်းရွက်ငါး၊ ၀ါးပလွေ၊ ဘူးသီး ခြောက် စတာတွေဖြစ်သည်။ ယောက်ျားလေးများကတော့ လူ တစ်ရပ်မက ရှည်လျားလှသည့် ၀ါးသေနတ်ကြီးတွေ ၀ယ်ကြ သည်။ လူကြီးတွေကတော့ အိမ် စားဖို့ မုန့်ခေါင်းအုံးတွေ၊ အိမ်မှာ သုံးဖို့ဖျာတွေ၊ ရှမ်းတန်းကကြက် သွန်ဖြူ၊ ကြက်သွန်နီ၊ မျှစ်ချဉ် စသည့် စားဖိုဆောင်သုံးတွေ ၀ယ်ကြခြမ်းကြသည်။

နံနက် ၁၀နာရီလောက်ကျ ရေချိုးဖို့ပြင်ကြသည်။ ရေချိုးဖို့က နှစ်နေရာရှိသည်။ ဒုဋ္ဌ၀တီမြစ် ငါးကြီးဆိပ်မှာ သွားချိုးမလား၊ နားဋောင်းကျချောင်းမှာ သွားချိုး မလား။ နားဋောင်းကျချောင်းက ရေသိပ်မကြည်။ နည်းနည်းလည်း ဝေးသည်။ ဒုဋ္ဌ၀တီ ငါးကြီးဆိပ် က ရေကောင်းပေမယ့် ပိုက်ဆံ တော့ပေးရသည်။ ကိစ္စမရှိ။  အတော်များများငါးကြီးဆိပ်သွား ချိုးကြသည်။

ငါးကြီးဆိပ်မှာတော့ ယမ ကာဆိုင်တွေလည်းရှိပြီး သီချင်း အမြူးတွေလည်းဖွင့်ထားသည်။ ရေစီးကလည်းသန်လှသည်။ ရေ ကအေးရုံမက အောက်က ကျောက်ခဲတုံးလေးတွေမြင်ရ သည်အထိ ကြည်လင်လှသည်။ ငါးကြီးဆိပ်မှာရေကြာကြာချိုးပြီး လူကြီးတွေခေါ်ပြီဆိုမှ တက်ကြ သည်။ ဘုရားရင်ပြင်တော်ပေါ် ရောက်တော့ အ၀တ်အစားလဲ ကာထမင်းစားကြသည်။ ထမင်း ကလည်းစားလို့အတော်ကောင်း သည်။ ခရမ်းချဉ်သီးငါးပိချက်က တော့ မပါမဖြစ်။ သရက်သီးကင်း ကလေးတွေလည်း ပေါ်ပြီမို့ သရက်သီးအမြှုပ်လေးဖြင့် ခံ တွင်းမြိန်လှသည်။ ကိုယ့်ချိုင့်သူ့ ချိုင့်ဟင်းလဲစားရသည်မှာလည်း ပျော်စရာ...။

နေ့ခင်း နှစ်ချက်လောက် ရောက်တော့ ပြန်ဖို့ကားပေါ် လူစုရသည်။ အပြန်ခရီးမှာတော့ ကားပေါ်မှာဘုရားပွဲက ၀ယ်လာ သည့်  ပစ္စည်းပစ္စယတွေက တောင်ပုံယာပုံ။ ပွဲခင်းမှာကြုံ ခဲ့ရတာတွေ စားမြုံ့ပြန်ရင်းတ၀ါး ၀ါးတဟားဟားဖြင့် အိမ်ပြန်ခဲ့ကြ သည်။ တစ်ညအိပ်ခရီးဖြင့် သွား ခဲ့ရသည့် ပျော်စရာအလွန် ကောင်းသော ရွှေစာရံ ဘုရားပွဲ ကြီးဖြစ်သည်။

ယခုတော့ ရွှေစာရံက ထိုကာလတုန်းကလို တစ်ညအိပ် သွားရန်မလိုတော့ပါ လမ်းတွေ လည်းကောင်းလာ၍ တစ်နာရီ ၀န်းကျင်ဖြင့်ပင် ဘုရားပွဲဆီ ရောက်နိုင်လေပြီ။ ထို့ကြောင့် အရင်လို ရွှေစာရံဘုရားဖူးကား တွေလည်းမထွက်ကြတော့ပါ။ ကိုယ့်ဆွေမျိုး၊ ကိုယ့်အသိုင်းအ ၀ိုင်းလေးဖြင့် လိုက်ထရပ်ကား လေးငှားကားသွားကြသည်။ ဆိုင် ကယ်ပေါ်တက်ခွကာ ကိုယ့်အဖွဲ့ နှင့်ကိုယ်သွားကြသည်။ အရင်လို စုစုစည်းစည်းမျိုးတော့ မဟုတ် တော့။ ငယ်ဘ၀ ရွှေစာရံဘုရား ပွဲတော်သွားခဲ့ကြသည့် မြင်ကွင်း တွေက စိတ်အာရုံထဲတွင် စွဲထင် ကာကျန်နေဆဲပင်။       ။

Top News