အောင်လအန်ဆန် ၀မ်းချန်ပီယံရှစ်ပြိုင်ပွဲ ၀ိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံဖြစ်လာ

အောင်လအန်ဆန်က ယခုပွဲတွင် ဗျူဟာပြောင်း၍ ခြေကန်ချက်ဖြင့် အဓိကယှဉ်ပြိုင်သွားသည်။ (ဓာတ်ပုံ − စိုင်းဇော်)

MMA (One Champ-ionship)လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် ကချင် တိုင်းရင်းသားအောင်လအန်ဆန် က ဘရာဇီးဖိုက်တာမာချာဒိုကို ပထမအချီ ၅၆ စက္ကန့်၌ အလဲ ထိုးဖြင့် အနိုင်ယူကာဝိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံ ဖြစ်လာသည်။

ဖေဖော်ဝါရီ ၂၃ ရက်ညက ရန်ကုန်မြို့ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပသော ကိုယ်ခံပညာပေါင်းစုံ အသုံးပြု ယှဉ်ပြိုင်သည့် MMA (One Championship) ပြိုင်ပွဲသို့ ပရိ သတ် ကွင်းလုံးပြည့်နီးပါး လာ ရောက်အားပေးခဲ့သည်။

အောင်လနှင့် မာချာဒိုတို့ သည် ပထမအချီအစ၌ တစ်ဦး နှင့်တစ်ဦး အမှားချောင်းနေရာမှ စက္ကန့် ၅၀ ကျော်တွင် အောင်လ ၏ ညာခြေ၀ိုက်ကန်ချက်ကိုမာချာဒိုလက်ဖြင့် ကာကွယ်သော်လည်း ပြင်းလွန်းသဖြင့် နောက်ပြန်လဲကျရာ အောင်လက နောက်ဆက်တွဲလက်သီးနှစ်လုံး ဆက်တိုက်ထိုးချိန်တွင် ကြိုးဝိုင်းဒိုင်ကအောင်လကို အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာ့စပါးအုံးမြွေဟု ကျော် ကြားသည့် အောင်လအန်ဆန်က ယခင်ပွဲများတွင် ပြိုင်ဘက်များကို ၎င်း၏ နာမည်ကြီး စပါးအုံးချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သော်လည်း ယခုပွဲတွင် ခြေကန်ချက်ဖြင့်အဆုံးသတ်ကာ ၀ိတ်တန်းမြင့်သည့် ကမ္ဘာ့ချန်ပီယံ ခါးပတ်နောက်တစ်ခု ရယူခဲ့သည်။ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်က လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ် ထပ်မံရရှိသွားခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ပွဲ ကြိုသတင်းစာ ရှင်းလင်းပွဲတွင် ပြိုင်ဘက်မာချာဒိုကို နှစ်ချီ၊ သုံးချီ အတွင်း အနိုင်ယူမည်ဟု ပြော ကြားထားသော်လည်း ပြိုင်ပွဲ၌ တစ်ချီအတွင်းအနိုင်ယူခဲ့သဖြင့် ပွဲ ကြည့်ပရိသတ်အများစု အံ့အားသင့်ခဲ့ကြသည်။

‘‘အားလုံးမျှော်လင့်ထားသ လိုမျိုးပွဲကောင်းတစ်ပွဲကို အကြာ ကြီး မကြည့်လိုက်ရတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒီပွဲအတွက် ဆိုပြီး ကျွန်တော်အခန်းကျဉ်းကျဉ်း လေးမှာ မိသားစုနဲ့ခွဲပြီး ရှစ်ပတ် လောက် သေချာလေ့ကျင့်ခဲ့ရပါ တယ်။ ဒါကြောင့်လည်း ပြိုင် ဘက်ကို အကောင်းဆုံးပုံစံနဲ့ အ နိုင်ရခဲ့တာပါ’’ ဟု အောင်လအန် ဆန်က ပြောသည်။

‘‘အောင်လက ငယ်ငယ် လေးကတည်းက တစ်ခုခုဆို ဇွဲ ကောင်းကောင်းနဲ့ အရမ်းကြိုးစား တယ်။ ဒီပွဲအတွက် သူသေချာကို အချိန်ယူပြင်ဆင်ခဲ့တဲ့အတွက် အ နိုင်ရခဲ့တာပါ။ သူ့ကိုအားပေးတဲ့ မြန်မာပြည်က ပရိသတ်တွေ ကြောင့်လည်း အများကြီးအားဖြစ် စေခဲ့ပါတယ်’’ ဟု အောင်လအန် ဆန်၏ ဖခင်ဦးတူးအောင်အန်ဆန် က ပြောသည်။

‘‘အောင်လက တစ်ပွဲထက် တစ်ပွဲပိုပြီးကောင်းလာပါတယ်။ ဒီပွဲအတွက် သူဖလော်ရီဒါအထိ သွားပြီးအကောင်းဆုံးဆိုတဲ့ နည်း ပြတွေနဲ့ လေ့ကျင့်ခဲ့တာပါ။ ဒီလို မျိုးချန်ပီယံခါးပတ်ရသွားတာ သူ့ ရဲ့ကြိုးစားမှုကြောင့်ပါ’’ ဟု One Championship မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယမန်နေ့ညတွင် ကျင်းပခဲ့ သည့် MMA (One Champions-hip) ပြိုင်ပွဲကို တွဲဆိုင်းကိုးဆိုင်း ဖြင့် ကျင်းပခဲ့ပြီး ပြည်တွင်းကစား သမားချင်းယှဉ်ပြိုင်သည့် ပွဲစဉ်နှစ် ပွဲပါဝင်ခဲ့သည်။ ဖယ်သာဝိတ် တန်းတွင် ဖိုးသော်(မြန်မာ)က ဆို ဆေး(ကမ္ဘောဒီးယား)ကို ပထမအ ချီအတွင်း အလဲထိုးဖြင့်အနိုင်ယူခဲ့ သည်။

Top News