မွန်ပြည်နယ်တွင် အခွန်တံဆိပ်ခေါင်းမကပ်သည့်လုပ်ငန်းများကို အရေးယူမှုမှ ဒဏ်ငွေကျပ်သိန်း ၂၀ ကျော်ရရှိ

မွန်ပြည်နယ်တွင် ယခုဘဏ္ဍာနှစ်ကစတင်၍ အခွန် တံဆိပ်ခေါင်းကပ်ရန် ပျက်ကွက် သည့် လုပ်ငန်းများကို စတင်အ ရေးယူခဲ့ရာ ၁၀ လကျော်အတွင်း ဒဏ်ကြေးငွေ ကျပ် ၂၂ သိန်းကျော် ရရှိကြောင်း မွန်ပြည်နယ် အခွန် ဦးစီးဌာန  လက်ထောက်ညွှန် ကြားရေးမှူးဦးမျိုးကိုက  ပြောကြားသည်။

၂၀၁၇ ဧပြီမှ ၂၀၁၈ ဖေဖော် ဝါရီ ၂၃ ရက်အထိ အခွန်တံဆိပ် ခေါင်းကပ်ရန် ပျက်ကွက်သည့် မော်လမြိုင်ရှိ လုပ်ငန်းငါးခု၊ သထုံရှိ လုပ်ငန်းလေးခု၊ ကျိုက်ထိုမြို့နယ်ရှိ လုပ်ငန်းနှစ်ခုကို ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရဒဏ်ရိုက်အရေးယူခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘ဒီဘဏ္ဍာနှစ်က စတင်အ ရေးယူတယ်။ ရရှိလာတဲ့ငွေကိုအစိုးရရဲ့ ဘတ်ဂျက်ထဲကို ထည့်ပါတယ်။ အခွန်တံဆိပ်မကပ်တဲ့ ဆိုင်တွေကို အရေးယူမှုလုပ်ဖို့ ပြည်သူတွေ တိုင်ကြားပြီး ပူးပေါင်းစေ ချင်တယ်။ ဘယ်ဆိုင်မှာ အခွန်တံ ဆိပ်မကပ်လဲဆိုတာ တိုင်ကြားတဲ့ ပြည်သူတွေကို ဒဏ်ရိုက်ငွေ ၁၀ ရာခိုင်နှုန်း ဆုချပေးတယ်။ ဘယ် သူတိုင်ကြားလဲဆိုတာကိုလည်း လျှို့ဝှက်ထားပေးတယ်’’ဟု ဦးမျိုး ကိုက ပြောသည်။ အခွန်တံဆိပ်ကပ်နှိပ်ရန် ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်များနှင့် ရွှေဆိုင်များကို သတ်မှတ်ပေးထားပြီး ယနေ့အထိ ရွှေဆိုင်များ တိုင်ကြားခံရမှုမရှိသေးကြောင်း ဦးမျိုးကိုက ဆိုသည်။

‘‘မော်လမြိုင်မှာဆို နာမည် ကြီး  စားသောက်ဆိုင်တွေက မကပ်ဘူး။ ပြောမှ ကပ်ပေးကြ တယ်။ ရွှေဆိုင်တွေဆို ကပ်တာ မတွေ့ရဘူး။ တိုင်ကြားရင်လည်း မကောင်းဘူး’’ဟု မော်လမြိုင်မြို့ ခံ ဦးသိန်းနိုင်က ပြောသည်။

ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ (စ)အရ ဟိုတယ်၊တည်းခိုခန်း၊ စားသောက်ဆိုင် များနှင့် ရွှေဆိုင်များသည် အခွန်တံဆိပ်ခေါင်းကပ်ရန် ပျက်ကွက် လျှင် ပထမအကြိမ် ကျပ်နှစ်သိန်း၊ ဒုတိယအကြိမ် ကျပ်ငါးသိန်း၊ တတိယအကြိမ် ကျပ်ခုနစ်သိန်း နှင့် စတုတ္ထအကြိမ်တွင် ကျပ်၁၀ သိန်းအထိ ဒဏ်ရိုက်မည်ဟု ပြဋ္ဌာန်းထားကြောင်း ဦးမျိုးကိုက ဆိုသည်။

Top News