တက္ကသိုလ်ဝင်စာမေးပွဲကြောင့် အဖွဲ့ချုပ်လူငယ်အသင်းပွဲစဉ်အချို့ရွှေ့ဆိုင်းမည်

 တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်ရှိသဖြင့် အသက်(၂၁) နှစ်အောက်လူငယ်လိဂ်ပြိုင်ပွဲတွင်  ၀င်ရောက်ယှဉ်ပြိုင်နေသည့် ဘောလုံးအဖွဲ့ချုပ်လူငယ် (MFF Youth)အသင်းပွဲစဉ်အချို့ရွှေ့ ဆိုင်းမည်ဖြစ်သည်။

၂၀၁၈ ပညာသင်နှစ်တက္က သိုလ်ဝင်စာမေးပွဲကို မတ်လ ၇ ရက်မှ ၁၆ ရက်အထိ ဖြေဆိုရမည် ဖြစ်သည်။ ယင်းကြောင့် မတ်လ ၄ ရက်တွင် ယှဉ်ပြိုင်ရမည့် အသက်(၂၁)နှစ်အောက် လူငယ်လိဂ်ပွဲစဉ်(၇)ဖြစ်သည့် ဘောလုံးအဖွဲ့ချုပ်  လူငယ်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်းပွဲကို မတ်လ ၁၉ ရက်သို့ ပြောင်းရွှေ့ မည်ဖြစ်သည်။

ထို့အတူ ပွဲစဉ်(၈)အဖြစ် မတ်လ ၁၁ ရက်တွင် ယှဉ်ပြိုင်ရ မည့် ဘောလုံးအဖွဲ့ချုပ်လူငယ် အသင်းနှင့် ဇွဲကပင်အသင်းတို့ပွဲ ကို မေလ ၂ ရက်သို့ ပြောင်းရွှေ့ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူက ပြောသည်။

‘‘အဖွဲ့ချုပ်လူငယ်အသင်း က ကစားသမားလေးတွေတော် တော်များများက တက္ကသိုလ်ဝင် စာမေးပွဲနဲ့ တိုက်နေလို့ပွဲရွှေ့ဖြစ် တာပါ။ ကျန်တဲ့ပွဲတွေတော့ အ ပြောင်းအရွှေ့မရှိပါဘူး။ စာမေးပွဲ ပြီးတာနဲ့ အရင်ပွဲစဉ်ဇယားအ တိုင်းသူတို့အသင်းဆက်ယှဉ်ပြိုင် သွားမှာပါ’’ ဟု ၎င်းကပြောသည်။

အသက်(၂၁)နှစ်အောက် လူငယ်လိဂ်ပြိုင်ပွဲဝင် ဘောလုံးအ ဖွဲ့ချုပ်လူငယ်အသင်းသည် မြန် မာယူ-၁၆ အသင်းကိုအခြေခံ ဖွဲ့ စည်းထားသည်။

အသက်(၂၁)နှစ်အောက် MPT လူငယ်လိဂ်ပြိုင်ပွဲပွဲစဉ်(၅) အပြီးတွင် ဘောလုံးအဖွဲ့ချုပ်လူ ငယ်အသင်းသည် နိုင်ပွဲမရသေး ဘဲ နှစ်ပွဲသရေ၊ သုံးပွဲရှုံး၊ ရမှတ်နှစ်မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၁၂) ၌ရပ်တည်နေသည်။

Top News