မြန်မာလုပ်သားနှစ်ဦး၏အယူခံကို ချေဖျက်အယူခံတင်ရန် ထိုင်းရဲတပ်ဖွဲ့ အချိန်တစ်လထပ်တိုးတောင်းခံ

 သေဒဏ်ကျခံနေရ သော မြန်မာလုပ်သားနှစ်ဦးအ တွက် မြန်မာဘက်က တင်သွင်း သည့်  အယူခံကို တရားလိုဘက်မှ ချေဖျက်သည့် အယူခံလျှောက်လဲချက်တင်သွင်းရန် ထိုင်းရဲတပ်ဖွဲ့က   အချိန်တစ်လထပ်တိုးတောင်းခံကြောင်း မြန်မာလုပ်သားနှစ်ဦးအရေး  ကူညီပေးနေသော  မြန်မာသံရုံးအထူးအဖွဲ့ရှေ့နေ ဦးအောင်မျိုးသန့်က  ပြောသည်။ 

တရားလိုထိုင်းရဲတပ်ဖွဲ့၏ ချေဖျက်လျှောက်လဲချက်အယူခံ ကို ထိုင်းနိုင်ငံအယူခံတရားရုံးက ၂၀၁၇ စက်တင်ဘာ ၂၂ ရက်က တည်းက  တင်သွင်းရန် အမိန့်ချထားသည်။ သို့သော် တရားလို  ဘက်က  သတ်မှတ်ကာလအတွင်း တင်သွင်းနိုင်ခြင်း   မရှိသော ကြောင့် တစ်လ ထပ်တိုးပေးရန် တောင်းဆိုရာ ယမန်နေ့ (ဖေဖော်ဝါရီ ၂၂ ရက်)က ခြောက်ကြိမ်အဖြစ်  အချိန်တစ်လတိုးပေးရန် ထပ်မံတောင်းဆိုခဲ့သည်။ 

ထိုင်းနိုင်ငံ အယူခံတရားရုံး က မတ်လ ၂၃ ရက်အထိ ရက်တိုးပေးထားကြောင်း  ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။ 

လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရသော မြန် မာလုပ်သားနှစ်ဦးအရေး ကူညီ ပေးနေသော မြန်မာသံရုံးအထူး အဖွဲ့မှ ကိုမင်းဦးက ‘‘ဒါကတော့ ကျွန်တော်တို့တင်တုန်းကလည်း တိုးပေးဖို့ တောင်းဆိုခဲ့တာပဲ။ သူ တို့ဘက်ကလည်း တောင်းဆိုပိုင် ခွင့်ရှိတယ်။ အဲဒါကြောင့် တောင်း ဆိုတာပေါ့။ တရားခံဘက်က ငါး ကြိမ်မြောက်တောင်းခွင့်ရှိသလို တရားလိုဘက်က ရှစ်ကြိမ် မြောက်အထိ တောင်းခွင့်ရှိတယ် လို့ သိရပါတယ်’’ဟု အမှုအခြေအ နေကို ရှင်းပြသည်။ 

လိပ်ကျွန်းလူသတ်မှုနှင့်ပတ် သက်ပြီး မြန်မာလုပ်သားနှစ်ဦး၏ အကျိုးဆောင်ရှေ့နေများဖြစ် သော   ထိုင်းနိုင်ငံရှေ့နေများ ကောင်စီမှ ရှေ့နေများသည် စာ မျက်နှာ ၃၁၈ မျက်နှာပါရှိသော နောက်ဆုံးအယူခံကို ၂၀၁၇ သြဂုတ် ၂၁ ရက်က ထိုင်းနိုင်ငံ ကော့စမွီတရားရုံးသို့ တင်သွင်း ထားသည်။ 

ယခုနောက်ဆုံးအယူခံရှုံးနိမ့် ပါက မြန်မာလုပ်သားနှစ်ဦးအနေ ဖြင့် ထိုင်းဘုရင်မင်းမြတ်ထံ အသ နားခံစာ  တင်ရန်သာရှိတော့ သည်။ နောက်ဆုံးအယူခံတွင် မြန်မာအကြံပေးအဖွဲ့က ပေးပို့ သည့်အချက်နှင့် ထိုင်းနိုင်ငံရှေ့ နေများကောင်စီက ရွေးချယ်ထား သည့် အချက်များ စုပေါင်းတင်ပြ ထားသည်။ 

ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက်(၂၄)နှစ် အရွယ် ဗြိတိန်နိုင်ငံသား ဒေးဗစ် မီလာနှင့် (၂၃)နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ခ်ျတို့သည် ၂၀၁၄ စက် တင်ဘာ ၁၄ ရက် ညဥ့်သန်းခေါင် တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဆူ ရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (လိပ်ကျွန်း)၌ အသတ်ခံရပြီး မြန် မာလုပ်သား ဇော်လင်းနှင့် ဝင်း ဇော်ထွန်းတို့ကို လူသတ်မှု၊ မုဒိမ်း မှု၊ လုယက်မှုအပါအဝင် ပုဒ်မခုနစ်ခုဖြင့် ဖမ်းဆီးထားသည်။ 

Top News