တိုက်ပွဲများကြောင့် မြစ်ကြီးနား-ပူတာအို လမ်းတွင် တံတားခြောက်စင်း တည်ဆောက်မည့်အစီအစဉ် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

တပ်မတော်နှင့် ကေအိုင် အိုတို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ကြောင့် မြစ်ကြီးနား-ဆွမ်ပရာ ဘွမ်-ပူတာအိုလမ်းပေါ်ရှိ တံတား ခြောက်စင်း တည်ဆောက်မည့် အစီအစဉ်ကို ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းကြောင်း ကချင်ပြည် နယ် ဝန်ကြီးချုပ် ဒေါက်တာခက် အောင်က ပြောကြားသည်။

နှစ်ဖက် လက်နက်ကိုင်အ ဖွဲ့ ထိတွေ့တိုက်ခိုက်မှုကြောင့် ဆောက်လုပ်ရေးကုမ္ပဏီများ လုပ်ငန်းမလုပ်နိုင်ဘဲ တည်ဆောက် မည့် အစီအစဉ်များ ဖျက်သိမ်း ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

‘‘ဘယ်နေ့ ပြန်ဆောက်နိုင် မယ်ဆိုတာ လုံခြုံရေးယူထားတဲ့ တပ်နဲ့ပဲဆိုင်တယ်။ ဒီလမ်းကြော မှာ တံတားနှစ်စင်းလည်း ဖျက်ဆီး ခံထားရတယ်’’ဟု ဝန်ကြီးချုပ်က ပြောသည်။

အဆိုပါ တံတားများသည် ပြည်ထောင်စုရန်ပုံငွေဖြင့် တည် ဆောက်ခြင်းဖြစ်ပြီး ဘေလီအမျိုး အစား တံတားများဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။ အဆိုပါ လမ်းပိုင်းတွင် တံတားအစင်း၁၀၀ ကျော်ရှိသည်။

အဆိုပါ တံတားခြောက်စင်း အတွက် ဆောက်လုပ်ခွင့်ရမည့် တင်ဒါဖွင့်လှစ်မည့်ရက်ကို အ ကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာ သည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် အဆိုပါလမ်းပိုင်းရှိ လပြည့်လမ်းတံတားဆောက်လုပ်ရေးကုမ္ပဏီက ဘက်ဟိုးတစ်စီး သယ်ဆောင်လာစဉ် ကေအိုင်အေအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

More in News Section