ရုပ်ရှင် အကြိုခံစားခြင်း

GOLDEN SLUMBER

ဒီနေ့ရုပ်ရှင်အကြိုကဏ္ဍမှာတော့ သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ် ကားကြိုက် ပရိသတ်တွေအတွက် တောင်ကိုရီးယားဇာတ်ကားသစ် လေးဖော်ပြလိုက်ပါတယ်။


သဘောကောင်းပြီး ခင်မင် တတ်တဲ့ ဂန်ဝူးဟာ ပစ္စည်းထုပ် တွေပို့ဆောင်ပေးတဲ့ ဝန်ထမ်းတစ် ယောက်ပါ။ တစ်ရက်မှာတော့ ပေါ့ပ်စတားတစ်ယောက်ကို ကူ ညီလိုက်ရာကနေ မထင်မှတ်ဘဲ နာမည်ကြီးသွားခဲ့ပါတယ်။ အဲဒါ နဲ့ပဲ ပစ္စည်းလိုက်ပို့တဲ့ ဂန်ဝူးကို အင်တာဗျူးသူက ဗျူး၊ ဓာတ်ပုံ ရိုက်သူက ရိုက်နဲ့ လူသိများခဲ့ပါ တယ်။ 

အဲဒီနောက်မှာတော့ ဂန်ဝူး ဟာ ကိစ္စတစ်ခုကြောင့် ရုတ်ခြည်း ဆိုသလို အကြမ်းဖက်သမားတစ် ယောက်အဖြစ် ဘဝအပြောင်း အလဲ ဖြစ်သွားခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုရင် ပစ္စည်းသွားပို့တဲ့ တစ်နေ့မှာ ရွေးကောက်ခံသမ္မတ လောင်းရဲ့ကားကို ဗုံးဖောက်ခွဲပြီး လုပ်ကြံမှုနဲ့ ကြုံခဲ့ကာ ဂန်ဝူးဟာ နေရင်းထိုင်ရင်း လုပ်ကြံသူအဖြစ် စွပ်စွဲခံရပါတော့တယ်။ 

ဂန်ဝူး အကြမ်းဖက်သမားလို့ စွပ်စွဲခံရသလို မီဒီယာတွေမှာ ရော နေရာအနှံ့မှာပါ သူ့ပုံရိပ်တွေ နဲ့ ပိုက်စိပ်တိုက် လိုက်ရှာခံနေရ တာမို့ ပုန်းရှောင်နေခဲ့ရပါတယ်။ သူ့ဘက်က တစ်ယောက်မှ မရပ်တည်ပေးသလို ရှင်းပစ်မယ့်သူ တွေက နောက်ကနေ တောက် လျှောက်လိုက်နေတာမို့  ဦးတည် ရာမရှိ ထွက်ပြေးနေခဲ့ရပါတော့ တယ်။ 

ဖောက်ခွဲရေးသမားလို့ စွပ် စွဲခံရတဲ့ ဂန်ဝူးဘက်မှာ မစ္စတာ မင်ဆိုသူက ရပ်တည်ပေးခဲ့သလို ပေါက်ကွဲမှုနောက်ကွယ်က အဖြစ် မှန်ပေါ်ဖို့အတွက်လည်းကူညီပေး ခဲ့ပါတယ်။ 

သမ္မတလောင်းကို လုပ်ကြံ သူတွေက ဘယ်သူတွေဖြစ်မလဲ၊ ဗုံးပေါက်ကွဲမှုက ဂန်ဝူးနဲ့ ဘယ်လို ဆက်နွှယ်သွားတာလဲ၊ တရားခံ ပြေးဖြစ်ခဲ့ရတဲ့ ဂန်ဝူးအတွက် တရားမျှတမှု ဖော်ထုတ်နိုင်မှာ လားဆိုတာတော့ စိတ်ဝင်စားစရာ လှုပ်လှုပ်ရှားရှား အက်ရှင်ဇာတ် ကွက် အလှည့်အပြောင်းတွေနဲ့ အတူ ဆက်ကြည့်ဖို့ ဖော်ပြပေး လိုက်ပါတယ်။ 

ပါဝင်ထားသူတွေကတော့ Gang Dong-won, Kin Eui-sung, Kim Sung-kyun, Kim Dae-myung, Han Hyo-joo စသူတွေပဲဖြစ်ပါတယ်။