မတရားအသင်းအက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲထားသူကို စစ်ဆေးပြီးနောက် မြောက်ဦးတရားရုံးက စွဲချက်မတင်မီလွှတ်ပေး

မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)(၂)ဖြင့် ဖမ်းဆီးတရားစွဲထားသည့် အမ်း သားကြီး(ခ) ကိုသန်းရွှေကို မြောက်ဦးမြို့နယ်တရားရုံးက စွဲ ချက်မတင်မီ ဖေဖော်ဝါရီ ၁၄ရက်တွင် လွှတ်ပေးခဲ့ကြောင်း ရှေ့နေ ဦးဦးထွန်းလှကပြောကြားသည်။


အမ်းသားကြီး(ခ)ကိုသန်း ရွှေကို ပြီးခဲ့သည့်၂၀၁၇ ဧပြီ ၁၀ ရက်တွင်ကျရောက်သည့်ရက္ခိုင့် တပ်မတော်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ရှစ်နှစ်မြောက်အ ကြိုဘောလုံးပြိုင်ပွဲကို မြောက်ဦး မြို့ မြတန်ဆောင်းဘုန်းတော်ကြီး သင်ကျောင်း၌ ကျင်းပမှုနှင့်ပတ် သက်၍ ကျောင်းထိုင်ဆရာတော် ကို ဖမ်းဆီးပြီးနောက် ဆက်စပ် ဖမ်းဆီးခဲ့သည်။

ကိုအမ်းသားကြီးကို ၂၀၁၇ အောက်တိုဘာ ၁၆ ရက်က ဖမ်း ဆီးတရားစွဲပြီး ၁၄ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးကာ လွှတ်ပေးခဲ့ သည်။

‘‘ကိုအမ်းသားကြီးကို ဖမ်း တာက မြတန်ဆောင်းဆရာတော် အမှုနဲ့ပတ်သက်ပြီးတော့ ဖမ်းတာ ပါ။ ပထမသတင်းပေးတိုင်ချက် မှာကိုက ကိုအမ်းသားကြီးမပါပါ ဘူး။ ကျွန်တော်တို့သက်သေတွေ စစ်တဲ့အချိန်မှာ ပူးပေါင်းဆောင် ရွက်တယ်ဆိုတာ မပေါ်လွင်ဘူး။ ဒါကြောင့် စွဲချက်မတင်ခင် ပြန် လည် လွှတ်လိုက်တာဖြစ်ပါ တယ်’’ ဟု အမှုလိုက်ပါဆောင် ရွက်ပေးသူ ရှေ့နေဦးဦးထွန်းလှ က ပြောသည်။

စွဲချက်မတင်မီ လွတ်မြောက် လာသည့် ကိုအမ်းသားကြီးက ၎င်းလွတ်မြောက်ရေး ၀ိုင်းဝန်းကူ ညီပေးသူအားလုံးနှင့် အမှုအမှန် အတိုင်းပေါ်ပေါက်ရန် ဆောင်ရွက်သည့် မြို့နယ်တရားသူကြီးကို ကျေးဇူးအထူးတင်ကြောင်း ပြော သည်။

More in News Section