ကလေးစစ်သားဟောင်းအောင်ကိုထွေးကို တရားရုံးမထီမဲ့မြင်မှုဖြင့် ထောင်ခြောက်လ ချမှတ်

ယမန်နေ့ တရားခွင်တွင် အောင်ကိုထွေးက တရားရုံးကို သပိတ်မှောက်ဟုပြော

 ကလေးစစ်သားဟောင်း အောင်ကိုထွေးကို တရားရုံးမထီ မဲ့မြင်ပြုမှုနှင့် အလုပ်လက်မဲ့ ထောင်ဒဏ် ခြောက်လကျခံစေ ရန် တရားလိုပြသက်သေနှစ်ဦးကို နေ့ချင်းစစ်ဆေးပြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) တရားရုံးက ဖေဖော်ဝါရီ ၁၄ ရက်တွင် အမိန့်ချသည်။

ဇန်နဝါရီ ၁၇ ရက်က ဒဂုံ ဆိပ်ကမ်းမြို့နယ် တရားရုံးတွင် RFA သတင်းဌာနအား ကလေး စစ်သားဟောင်း အတွေ့အကြုံများဖြေကြားသည့် အောင်ကိုထွေး ကို တရားရုံးကနိုင်ငံတော်အ ကြည်ညိုပျက်စေမှုပုဒ်မဖြင့် စွဲ ချက်တင်ပြီးနောက် စွဲချက်တင်အမိန့်ချသည့် တရားသူကြီးကို‘‘နွားတရားသူကြီး’’ ဟု အောင်ကိုထွေးက တရားရုံးလျှောက်လမ်းတွင် အော်ဟစ်ပြောဆိုမှုနှင့်ပတ်သက်၍ ယင်းသို့အမိန့်ချခြင်းဖြစ်သည်။

 အောင်ကိုထွေးကို တရားစီ ရင်မှုဆောင်ရွက်နေသော ပြည် သူ့ဝန်ထမ်းအား တမင်စော်ကား ခြင်း၊ သို့တည်းမဟုတ် ၀င်ရောက် နှောင့်ယှက်ခြင်းပုဒ်မ ၂၂၈ ဖြင့် စစ်ဆေးမည်ဟု တရားရုံးက စာပို့ အကြောင်းကြားထားပြီး  ဖေဖော် ဝါရီ ၁၄ ရက်တွင် တရားလိုပြ သက်သေအဖြစ် ယင်းတရားရုံး၏ ရုံးဝန်ထမ်းနှစ်ဦးကို စစ်ဆေးကာ ဒုတိယ မြို့နယ်တရားသူကြီး (၁) က အမိန့်ချခြင်းဖြစ်သည်။ တရား လိုဖြစ်သူ မြို့နယ်တရားသူကြီး ဦးချစ်ကိုကိုသည် တရားရုံးသို့ လာရောက်ထွက်ဆိုခြင်းမရှိပေ။


 ယင်းသည် တရားရေးလုပ် ထုံးလုပ်နည်းဖြစ်ကြောင်း ၀န် ထမ်းများကပြောသည်။တရားသူ ကြီးနှင့် တွေ့ဆုံမေးမြန်းရန် ကြိုး စားသော်လည်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တရားရုံးတွင် သတင်းမီဒီယာပြန်ကြားရေးမရှိ ဟုတာဝန်ကျဝန်ထမ်းများက ဆို သည်။

 ယမန်နေ့တရားခွင်တွင် ကလေးစစ်သားဟောင်း အောင်ကိုထွေးသည် တရားသူကြီးက စကားပြောလျှင်သော်လည်းကောင်း၊ ရုံးဝန်ထမ်းများအား စစ်မေးစဉ်သော်လည်းကောင်း၊ ‘‘နွားတရားသူကြီး အလိုမရှိ၊ သပိတ်သပိတ်မှောက် မှောက်’’ ဟူ၍အော်ဟစ်ပြောဆိုသည်ကို တွေ့ရသည်။တရားခွင်အတွင်းရှိ စွပ်စွဲခံရသူထိုင်ရသည့် ခုံတွင် လှဲအိပ်၍လက်ထိတ်ကွင်းများကို တီးကာအော်ဟစ်ခဲ့သည်။ တရားသူကြီးက ထုချေရန် အခွင့်အရေးပေးသော်လည်း သပိတ်မှောက်ကြောင်းသာ၎င်းက အော်ဟစ်ခဲ့သည်။

တရားရုံးမထီမဲ့မြင်ပြုမှုဖြင့်ဒုတိယ မြို့နယ်တရားသူကြီးက အလုပ်မဲ့ထောင်ဒဏ် ခြောက်လချမှတ်ပြီးနောက် မူလရင်ဆိုင်ရသည့် ပုဒ်မဖြစ်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)ကို မြို့နယ်တရားသူကြီး၏ တရားခွင်တွင် စစ်ဆေးရာ၌ တရားသူကြီးကို နောက်ကျောပေးထိုင်၍ အောင်ကိုထွေးက ထွက်ချက်မပေးခဲ့ပေ။

ထို့ကြောင့် ယင်းရုံးချိန်းတွင် ၂၀၀၉ ၌ ကလေးစစ်သား အောင်ကိုထွေးနှင့် လားရှိုးအကျဉ်းထောင်တွင် တွေ့ဆုံဖူးကြောင်း နိုင်ကျဉ်းဟောင်း ကိုအောင်ဇော်ဦး၏ သက်သေထွက်ဆိုရန် စီစဉ်ထားမှုကို ရုပ်သိမ်းခဲ့ရသည်။

 နောက်ရုံးချိန်းကို မြို့နယ် တရားသူကြီးက ဖေဖော်ဝါရီ ၂၇ ရက်သို့ ချိန်းဆိုပြီး ၎င်းအတွက် ထွက်ဆိုရန် ကျန်ရှိသည့် စွပ်စွဲခံပြ သက်သေများကို ရုပ်သိမ်းမည်ဟု အောင်ကိုထွေးက ဆိုသည်။

ထို့ပြင် ဇန်နဝါရီ ၁၇ ရက် က ကလေးစစ်သားဟောင်းကို စွဲချက်တင်အပြီး အောင်ကိုထွေး ၏ အစ်မနှင့် ဝန်းရံသူအချို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကို ခြေထောက်ဖြင့် နင်း၍ ဟုဆိုကာ ဝန်းရံသူများထဲမှ ဒေါ် လေးလေးနှင့် ကိုနောင်နောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေ မှုပုဒ်မ ၅၀၅ (ခ) နှင့် ရုန်းရင်းဆန် ခတ်မှုဖြစ်ရန် ကြံရွယ်၍ ရမ်းကား လိုသောသဘောဖြင့် ရန်စခြင်း ပုဒ်မ ၁၅၃ ဖြင့် ဖမ်းဆီးအရေးယူ ထားပြီး အောင်ကိုထွေး၏ အစ်မ မနေဇာထွန်းအပါအဝင် ဝန်းရံသူ နောက်ထပ် လေးဦးကို ဒဂုံမြို့ သစ် ( ဆိပ်ကမ်း ) မြို့နယ်တရားသူကြီးက ဖမ်းဝရမ်းထုတ်ထားသည်။

More in News Section