အမျိုးသမီးကွန်ဒုံး အသုံးပြုမှုအပေါ် သိရှိသူနည်းပါးသေးဟုဆို

ချစ်သူများနေ့တွင် ကွန်ဒုံးချစ်သူများ အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်
ချစ်သူများနေ့တွင် ကွန်ဒုံးချစ်သူများနေ့ အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်နေစဉ် (ဓာတ်ပုံ − ခင်မို့မို့လွင်)

အမျိုးသမီးသုံး ကွန်ဒုံးကို အသုံးပြုနိုင်ကြောင်းသိရှိသူ နည်း ပါးနေပြီး ယင်းသည် အမျိုးသား သုံးကွန်ဒုံးထက် အဆမတန်ဈေး ကြီးကြောင်း ကွန်ဒုံးသုံးရန် အသိ ပညာပေးသည့်အဖွဲ့ ဦးဆောင်သူ ဒေါ်ယုယုဆွေက ပြောသည်။


ရန်ကုန်တိုင်းအတွင်း ၁၀ မြို့နယ်တွင် လိင်နှင့်ပတ်သက်သည့် ရောဂါများ လျော့နည်းစေရန် ကွန်ဒုံးအသုံးပြုရေး အသိပညာပေးနေ သည့်အဖွဲ့ ဦးဆောင်သူ ဒေါ်ယုယုဆွေက ‘‘အမျိုးသမီးတွေက သူတို့လည်း ကွန်ဒုံးသုံးလို့ရမှန်း မသိကြသေးဘူး။ အမျိုးသားတွေက ကွန်ဒုံးကို ငြင်းပယ်လိုက်ရင် ဒီတိုင်းနေလိုက်ကြရတယ်။ သူတို့ကိုယ်တိုင် သုံးလို့ရတယ်ဆိုတာ သိပ်မသိကြ ဘူး’’ဟု ဖေဖော်ဝါရီ ၁၄ ရက်က မဟာဗန္ဓုလပန်းခြံ၌ ပြုလုပ်သည့် ကွန်ဒုံးချစ်သူများနေ့ အထိမ်းအ မှတ်ပွဲတွင် ပြောကြားသည်။

၎င်းတို့အဖွဲ့သည် လသာ၊ အင်းစိန်၊ လှိုင်သာယာ စသည့်  ၁၀မြို့နယ်ရှိ မာဆတ်၊ ကေတီဗီများ သို့ သုံးလတစ်ကြိမ် သွားရောက် ကာ ကွန်ဒုံးအသုံးပြုရေးအသိ ပညာပေးသည့် Right to HealthAction Myanmar အဖွဲ့အစည်း ဖြစ်သည်။

အမျိုးသမီး ကွန်ဒုံးအ ကြောင်း နီးစပ်ရာ ၂၄ နာရီဖွင့် စတိုးဆိုင်တွင်မေးမြန်းရာ အမျိုးသမီးသုံး မရောင်းကြောင်းနှင့် အမျိုးသားသုံး တစ်ခုလျှင် ကျပ် ၂၀၀ ဖြစ်ကြောင်း၊ တစ်နေ့လျှင်ငါးခုခန့် ရောင်းချရကြောင်း အရောင်းဝန် ထမ်းကဆိုသည်။

ကမ္ဘာ့အိတ်ခ်ျအိုင်ဗီဖောင် ဒေးရှင်း (AHF) သည် မြန်မာနိုင်ငံ တွင် တစ်နှစ်လျှင် ကွန်ဒုံးတစ်သိန်း ခွဲခန့် အခမဲ့ဖြန့်ဝေပေးနေသည်။

၎င်းတို့ အခမဲ့ပေးဝေသော အမျိုးသမီးသုံးကွန်ဒုံးသည် ကမ္ဘာ့ ကုလသမဂ္ဂကရရှိပြီး ပြင်ပဆိုင် တွင် ဝယ်ယူမည်ဆိုပါက ဒေါ်လာ ဖြင့် ဝယ်ယူရကာ တစ်ခုလျှင် လေးဒေါ်လာ (ကျပ် ၄,၀၀၀) ကျော်ရှိကြောင်း ဆိုသည်။

ကွန်ဒုံးချစ်သူများ အထိမ်း အမှတ်လှုပ်ရှားမှုကို ချစ်သူများ နေ့တွင် မဟာဗန္ဓုလပန်းခြံ၌ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။ ယင်းပွဲ ပြုလုပ်သည့် ကမ္ဘာ့အိတ်ခ်ျ အိုင်ဗီဖောင်ဒေးရှင်း (AHF) မှ ဒေါက်တာဝင်းဦးက ယခင်က ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြည်သူ့ ဥယျာဉ်၌ ကွန်ဒုံးသုံးရန် အသိ ပညာပေးခဲ့သော်လည်း မဟာဗန္ဓု လ ပန်းခြံတွင် ပြုလုပ်ခြင်းသည် ပထမဆုံးနှင့် လူအစည်ကားဆုံး ဖြစ်ကြောင်း ပြောသည်။

ယင်းလှုပ်ရှားမှုအဖြစ် ဖေ ဖော်ဝါရီ ၁၄ ရက်ကို ကွန်ဒုံးချစ်သူ များနေ့ဟု သတ်မှတ်ခဲ့ပြီး ဖျော် ဖြေပွဲများ ပြုလုပ်ကာ ကွန်ဒုံး သုံးသောင်း အခမဲ့ဖြန့်ဝေခဲ့သည်။ အဆိုပါလှုပ်ရှားမှုတွင် လူရွှင် တော် ပွမ်ပွမ်၊ ချစ်ချောနှင့် လိင်တူချစ်သူများ ပါဝင်ဖျော်ဖြေခဲ့သည်။

လိင်ဆက်ဆံရာတွင် ကွန်ဒုံး အသုံးပြုခြင်းဖြင့် ခုခံအားကျဆင်းမှုရောဂါ (HIV/AIDS) နှင့် အသည်းရောင်အသားဝါရောဂါအ ပြင် မလိုလားအပ်သော လိင်မှ တစ်ဆင့် ကူးစက်နိုင်သော ရောဂါများနှင့် ကိုယ်ဝန်မရရေး ကာကွယ် နိုင်ခြင်းကြောင့် အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နှိုးဆော်ထား သည်။

More in News Section