MyTel က 2G နှင့် 4G ကွန်ရက်ကိုသာ ဝန်ဆောင်မှုပေးမည်ဟုဆို

အော်ပရေတာအသစ်ထပ်တိုးလာ၍ အော်ပရေတာများကြား 2G, 3G, 4G ဝန်ဆောင်မှုပေးခြင်းမှာ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာဖွယ်ရှိသည်။(ဓာတ်ပုံ - mytel.com.mm)

 ဆက်သွယ်ရေးအော်ပ ရေတာအသစ် MyTel သည် 3G ကွန်ရက် တည်ဆောက်မည်မ ဟုတ်ဘဲ 2G နှင့် 4G ကွန်ရက်ကို သာ ဝန်ဆောင်မှုပေးမည်ဖြစ် ကြောင်း အော်ပရေတာပြောရေး ဆိုခွင့်ရှိသူ ဦးဇော်မင်းဦးက ပြော သည်။

‘‘3G က အလယ်အလတ်ဖြစ် နေတယ်။ အဲဒီတော့ 4G ပဲ ရွေး လိုက်တယ်’’ဟု ၎င်းက ပြောသည်။ ဈေးကွက်အတွင်းရှိ ဆက် သွယ်ရေး အော်ပရေတာသုံးခု သည် 3G ကွန်ရက်ကို 4G ကွန်ရက်အဖြစ် အဆင့်မြှင့်တင်ရန် ကြိုး စားဆဲဖြစ်သည်။


 ဆက်သွယ်ရေးအော်ပရေ တာသုံးခုအနက် အူရီးဒူးသည် 2G ကွန်ရက်ကို ၂၀၁၈ ဇန်နဝါရီ တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဝန်ဆောင်မှုပေးခဲ့သည်။

MyTel သည် 2G နှင့် 4G ကွန်ရက်ကို ဝန်ဆောင်မှုပေးရန် တာဝါတိုင် ၅,၁၀၀ ကျော်နှင့် ဖိုက်ဘာကီလိုမီတာ သုံးသောင်းခန့် ပိုင်ဆိုင်ထားကြောင်း သတင်းထုတ်ပြန်သည်။

ဟန်းဆက်ဈေးကွက်တွင် ၂၀၁၇ က စတင် အသစ်ဝင်ရောက်လာသည့် စမတ်ဖုန်းအားလုံးသည် 4G ကွန်ရက်ကို အထောက်အပံ့ ပေးကြောင်း D Mobile ဆိုင်ရှင် ဦးဇော်မင်းထွန်းက ပြောသည်။

 အဆိုပါဟန်းဆက်များ သည် 4G ကွန်ရက်မရသည့်နေ ရာများတွင် 3G ကွန်ရက်အဖြစ် အဆင့်နိမ့်၍ အလုပ်လုပ်ကြောင်း​ ၎င်းက ပြောသည်။