ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံခြင်း

‘‘ဒီဒေသမှာ အမေရိကန်ရှိမှုဟာ ဒီဒေသတည်ငြိမ်ဖို့အတွက် အရေးပါပါတယ်’’
သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူလ်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ဖူနာဘာရှီရှိ မြေပြင်ကာကွယ်ရေးစခန်းသို့ သွားရောက်လေ့လာစဉ် TOSHIFUMI KITAMURA / AFP

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို AFR သတင်းဌာနရဲ့ အယ်ဒီတာ ချုပ် မိုက်ကယ်စတတ်ခ်ျဘူရီနဲ့ သတင်းထောက် အန်ဂတ်စ်ဂရစ် တို့က တိုကျိုမြို့မှာ တွေ့ဆုံမေး မြန်းထားပါတယ်။ 


ဝန်ကြီးချုပ်ခင်ဗျာ၊ Australian Financial Review သတင်းဌာနနဲ့ ယခုလိုတွေ့ဆုံခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက် (TPP) ကနေ အမေရိ ကန်ထွက်သွားပြီးနောက်ပိုင်းမှာ အထူးသဖြင့် ဩစတြေးလျနဲ့ ဂျပန်တို့က ဒေသဆိုင်ရာ ကုန်သွယ်ရေး သဘောတူညီမှုတွေနဲ့ပတ်သက် လို့ အတူတကွ ခေါင်းဆောင်မှုကို ပြသထားပါတယ်။ ကနေဒါနဲ့ အမေရိကန်လိုနိုင်ငံမျိုးတွေက သဘောတူဖို့ အသင့်မဖြစ်ဘူးဆို ရင်တောင် ဩစတြေးလျက လာမယ့် မတ်လလောက်မှ အဲဒီ သဘောတူညီမှု (TPP) မှာ ပါဝင် လိုတယ်လို့ ဝန်ကြီးချုပ် တန်ဘူလ် က တိုကျိုမြို့မှာ ပြောဆိုခဲ့ပါ တယ်။ အဲဒါဟာ ဂျပန်ရဲ့ နေရာ တစ်ခုလည်း ဟုတ်ပါသလား။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက ကျွန် တော် ဩစတြေးလျကို သွားခဲ့ချိန် မှာ အမေရိကန်သမ္မတ ထရန့်က TPP ကနေ ထွက်ခွာဖို့ သူ့ရဲ့ရည် ရွယ်ချက်ကို ဖော်ပြခဲ့ပြီးဖြစ်ပါ တယ်။ အပြီးသတ် ကြေညာချက် ကတော့ နောက်နည်းနည်း လောက်ကြာပြီးမှ ထွက်လာခဲ့တာ ပါ။ ဒါကြောင့် အဲဒီအချိန်က အမေရိကန်ဟာ အဲဒီသဘောတူညီမှုအ ပေါ်မှာ အနည်းအများအနုတ် သဘောထားရှိတယ်ဆိုတာ သိ ထားပြီးသားဖြစ်တယ်။ ဒါကြောင့် အဲဒီအချိန်က ဝန်ကြီးချုပ် တန် ဘူလ်နဲ့ ကျွန်တော်တို့ စဉ်းစားထား တာကို ကျွန်တော်တို့ ထပ်ပြီးအ တည်ပြုခဲ့တယ်။ ဒီသဘောတူညီ မှု အသက်ဝင်လာအောင် ကျွန် တော်တို့ဟာ TPP 11 နဲ့အတူ ကြိုး ပမ်းမှုတွေ လုပ်သင့်တယ်လို့ ကျွန် တော်အကြံပြုခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ဒီအိုင်ဒီယာကို ဝန်ကြီးချုပ် တန်ဘူလ်က သဘော တူခဲ့ပြီး ဒီသက်ရောက်မှုအတွက် နိုင်ငံတွေအများကြီးနဲ့ အလုပ်လုပ် ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ ပြီးတော့ ပြီးခဲ့တဲ့နှစ်က ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့မှာ TPP ဝန်ကြီး အဆင့် ဆွေးနွေးပွဲလုပ်ချိန်က ကျယ်ပြန့်တဲ့ သဘောတူညီမှုရရှိခဲ့ ပါတယ်။ မစ္စတာ တန်ဘူလ်နဲ့အတူ ကျွန်တော်တို့ TPP သဘောတူညီ မှုတစ်ရပ်အတွက် အလုပ်လုပ် သွားမှာပါ။ ချီလီသမ္မတ ဘာချီ လတ်ဟာ မတ်လမှာ အနားယူ တော့မှာဖြစ်လို့ ကျွန်တော်တို့ ညှိ နှိုင်းမှုတွေကို တိုးမြှင့်မယ်ဆိုတာ ကို TPP မှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေ စိတ်ထဲမှာ မှတ်ထားပါလိမ့်မယ်။ ဘယ်အနေအထားမှာမဆို ကျွန် တော်တို့ဟာ အပြီးသတ် TPPသဘောတူညီချက်ဆီကိုရောက် အောင် ကျွန်တော်တို့ လုပ်ဆောင် ပြီး ဒီသဘောတူညီမှုကို လက်မှတ် ရေးထိုးဖို့ လုပ်ဆောင်မှာပါ။

ခင်ဗျားနဲ့ ဝန်ကြီးချုပ် တန်ဘူလ်တို့ ဂျပန်စစ်ဘက်အဆောက်အအုံ တွေဆီ သွားကြည့်ခဲ့ကြတယ်။ ဒါဟာ ဒေသဆိုင်ရာလုံခြုံရေးကို ကူညီပေးဖို့ နှစ်နိုင်ငံစလုံးက သိသိ သာသာ ပိုပြီးပူးပေါင်းဆောင်ရွက် ဖို့ လိုတယ်လို့ သဘောတူတဲ့လက္ခ ဏာတစ်ခုလား။

ဝန်ကြီးချုပ် တန်ဘူလ်နဲ့အတူ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ နာရာရှီနို စစ်အခြေစိုက်စခန်းဆီ သွားကြည့်ခဲ့ကြပါတယ်။ အထူး တပ်ဖွဲ့တစ်ဖွဲ့ရဲ့ အထူးစစ်ဆင် ရေး လှုပ်ရှားမှု၊ လေ့ကျင့်မှုတွေကို ကျွန်တော်တို့ လေ့လာခဲ့ကြပါ တယ်။ ဩစတြေးလျကထုတ်တဲ့ ယာဉ်တစ်မျိုးဖြစ်တဲ့ Bushmaster ကိုလည်း ကျွန်တော်တို့ လေ့လာ ခဲ့ကြပါတယ်။ ဒါကြောင့် ကာကွယ်ရေးပစ္စည်းကိရိယာတွေအပါအ ဝင် ကျွန်တော်တို့ဟာ လုံခြုံရေး ကိစ္စတွေနဲ့ပတ်သက်လို့ သဘော တူညီချက်တွေရဖို့ အပြီးသတ် ဆွေးနွေးမှုတစ်ရပ် ရှိစေချင်ပါ တယ်။

ဘယ်အခြေအနေမှာမဆို လုံခြုံရေး၊ စီးပွားရေးကိစ္စတွေနဲ့ ပြည်သူချင်း အပြန်အလှန်ဆက်ဆံ မှု နှစ်နိုင်ငံ ရာဇဝင်မှာ ဂျပန်နဲ့ ဩစတြေးလျကြား အရင်းနှီးဆုံး ဆက်ဆံရေးရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။

နှစ်နိုင်ငံစလုံးက ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နေပြီး နှစ် နိုင်ငံစလုံးက အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ဥပဒေထိန်းသိမ်းရေး စွမ်းပကားတွေ တိုးတက်လာရေး အတွက် စနစ်တွေထူထောင်ပေး နေပါတယ်။

၂၀၁၅ ဇန်နဝါရီက ဂျပန်နဲ့ ဩစတြေးလျတို့ကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီမှု (EPA) ရရှိခဲ့ပါတယ်။ ဒါ ကြောင့် စီးပွားရေး လုပ်ဆောင် ချက်တွေနဲ့ပတ်သက်လို့ နှစ်နိုင်ငံ ကြားမှာ အရင်းနှီးဆုံး ဆက်ဆံရေး ရှိနေတယ်လို့ ကျွန်တော်ထင်ပါ တယ်။

နှစ်နိုင်ငံကြားမှာ ညီအစ်မမြို့  သဘောတူညီချက် ၁၀၈ ခုရှိပါ တယ်။ ဒါကြောင့် အစိုးရချင်း အ ဆင့်သာမဟုတ်ဘဲ ဒေသဆိုင်ရာ အခြေအနေတွေမှာလည်း ကျွန် တော်တို့မှာ ကျယ်ပြန့်တဲ့၊ အား ကောင်းတဲ့ ဆက်ဆံရေးတွေရှိပါ တယ်။

ကျွန်တော်တို့ဒေသရဲ့ ငြိမ်းချမ်း ရေးနဲ့ သာယာဝပြောရေးကို ဆယ် စုနှစ်တွေ အများကြီးကြာအောင် အထောက်အကူဖြစ်စေခဲ့တဲ့ အာရှပစိဖိတ်လုံခြုံရေး မူဘောင်ဟာ မြင့်တက်လာတဲ့ အင်အားကြီးနိုင်ငံ ဖြစ်တဲ့ တရုတ်ရဲ့ တစ်ဖက်ဖက် လုပ်ရပ်တွေနဲ့ အမေရိကန်ရဲ့ အဲဒီ မူဘောင်ကို ကူညီနေရတဲ့ ကုန်ကျ စရိတ်ကို လျှော့ချဖို့ ကြိုးပမ်းတာ တွေ နှစ်ခုစလုံးကြောင့် အနှောင့် အယှက်ဖြစ်နေတာကို ခင်ဗျား ဘယ်လိုစိုးရိမ်မိလဲ။

ဂျပန်နဲ့ ဩစတြေးလျကြား လုံခြုံရေးကိစ္စရပ်တွေကို လေးစား မှုနဲ့အတူ ပထမဆုံး အာဘေး အစိုးရလက်ထက်အတွင်းမှာ ဝန် ကြီးချုပ်ဟောင်းဝပ်နဲ့ ကျွန်တော် ကိုယ်တိုင် လုံခြုံရေးအခြေအနေ ကို တိုးမြှင့်ဖို့ အတည်ပြုခဲ့တယ်။ အဲဒါဟာ ပထမဆုံးဆက်စပ်မှုဖြစ် တယ်။

ကျွန်တော်ပြောခဲ့သလိုပဲ။ အထူးသဖြင့် ဝန်ကြီးချုပ် တန်ဘူလ်နဲ့ ပိုပြီးတော့ ဆက်ဆံရာမှာ ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်တွေနဲ့ ဩစတြေးလျတပ်တွေ ပါဝင်မယ့် ပူးပေါင်းလေ့ကျင့်မှုတွေ ရှိပါလိမ့် မယ်။ ဒါကြောင့် နှစ်နိုင်ငံကြား ရင်း နှီးတဲ့ ဆက်ဆံရေးရဲ့ ရလဒ်အနေနဲ့ ခိုင်မာတဲ့ရလဒ်တွေနဲ့ အကျိုး ဆက်တွေရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

အခု လုံခြုံရေးအခြေအနေကို ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရာမှာ မြောက်ကိုရီးယားဆီက ထွက်ပေါ် လာတဲ့ ခြိမ်းခြောက်မှုတွေရှိတယ်၊ ပြီးတော့ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်မှာ လက် ရှိအခြေအနေကို ပြောင်းလဲဖို့ ကြိုး ပမ်းတာတစ်ခုရှိတယ်။ ဒါကြောင့် ဒီကနေ့ ခေတ်မှာ လုံခြုံရေးအခြေ အနေဟာ ပိုခက်ခဲလာတယ်လို့ ကျွန်တော်ထင်တယ်။

အဲဒါကို ခင်ဗျားတို့ နိုင်ငံက နိုဝင်ဘာကထုတ်တဲ့ ဩစတြေးလျ သံတမန်ရေးဆိုင်ရာ အစီရင်ခံစာ မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန်-ဂျပန် မဟာမိတ်ဖွဲ့မှုကိစ္စ မှာ၊ အမေရိကန်-ဩစတြေးလျ မဟာမိတ်ဖွဲ့မှုမှာကြည့်ရင် ဒီဒေသတွင်းမှာ အမေရိကန်ရှိနေမှုဟာ ဒီဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည် ငြိမ်ရေးအတွက် အရမ်းအရေးကြီး ပါတယ်။ ဒီလိုအရမ်းအရေးကြီးတဲ့ အခြေအနေဟာ ပြောင်းလဲမသွား ဘူးလို့ ကျွန်တော်ထင်တယ်။

နိုဝင်ဘာကပဲ အမေရိကန်က ကြေညာတင်ပြတဲ့ မဟာဗျူဟာ မူဝါဒတစ်ရပ်ရှိခဲ့တယ်။ အဲဒါမှာ အမေရိကန်က နိုင်ငံတကာအ သိုင်းအဝိုင်းအပြင် မဟာမိတ်ဖွဲ့ ထားတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောထား ပါတယ်။

ဒီအနေအထားကို ခင်ဗျားတို့ ရဲ့ မူဝါဒမှာလည်း ရှင်းရှင်းလင်း လင်း ဖော်ပြထားပါတယ်။ နိုဝင် ဘာက ကျွန်တော်တို့ဟာ သမ္မတ ထရန့်၊ မစ္စတာတန်ဘူလ်နဲ့ ကျွန် တော်တို့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ခဲ့ပြီးတော့ ဒီဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအ တွက် ကူညီရာမှာ ဒီသုံးနိုင်ငံရဲ့ ဆက်ဆံရေးအရေးကြီးကြောင်းကို ကျွန်တော်တို့ အတည်ပြုခဲ့ပါ တယ်။ 

အမေရိကန်မှာလည်း ပြီးခဲ့ တဲ့နှစ်မတိုင်မီက မစ္စတာထရန့် သမ္မတဖြစ်လာပြီးနောက် ချက် ချင်း ကျွန်တော် သူနဲ့တွေ့ခဲ့ပါ တယ်။ အဲဒီအချိန်က ဒီဒေသတွင်း မှာ အမေရိကန်ရှိနေတာရဲ့ အရေး ကြီးပုံကို ရှင်းပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီက ကျွန်တော် သမ္မတထရန့်ကို သွား တွေ့ချိန်က အမေရိကန်ရှိနေဖို့ အရေးကြီးကြောင်းကို ကျွန်တော် ထပ်ပြီး ရှင်းပြခဲ့ပါတယ်။ အမေရိ ကန်နဲ့ ဩစတြေးလျပါဝင်တဲ့ ပူး ပေါင်းဆောင်ရွက်မှု မဟာမိတ်ဖွဲ့ မှုရဲ့ အရေးကြီးပုံကိုလည်း ကျွန် တော် ရှင်းပြခဲ့ပါတယ်။ သမ္မတ ထရန့်က အဲဒီအမြင်မျိုးကို ပြောပြ ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသအတွက် ခင် ဗျားရဲ့ သဘောထားအတွက် အဆုံးစွန်ရည်မှန်းချက်က ဘာလဲ။ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးပွဲကို ပြန်အသက်သွင်းဖို့လား၊ ဥပမာ ဂျပန်နဲ့ ဩစတြေးလျတို့အချင်း ချင်း ကူညီရမယ့် အနီးကပ်စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာနိုင် လား။

ပထမဆုံး ကျွန်တော်ပြော ချင်တာက ဂျပန်နဲ့ ဩစတြေးလျ နှစ်နိုင်ငံစလုံးဟာ ပစိဖိတ်သမုဒ္ဒ ရာကို မျက်နှာမူထားတဲ့ ပင်လယ် နားနီး နိုင်ငံတွေဖြစ်ပါတယ်။ ဒါ ကြောင့် ဒါဟာ လွတ်လပ်ပွင့်လင်း တဲ့ အင်ဒို-ပစိဖိတ် မူဝါဒရဲ့ အခြေ ခံအချက်ဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံတွေဟာ အင်ဒို-ပစိဖိတ်ဒေသကိုဖြတ်ပြီး ကုန်သွယ်နေလို့ ပင်လယ်နားနီးနိုင်ငံတွေအနေနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံအနေအထား ဟာ တကယ်တူတယ်လို့ပြောရင် မှားမယ်မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသဟာ ဆက်ပြီး လွတ်လပ်နေရေး သေ ချာစေဖို့ ဂျပန်၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ အမေရိကန်တို့ ပူးပေါင်း ဆောင်ရွက်မှုလိုပါမယ်။ ပူးပေါင်း ဆောင်ရွက်မှုကို ထိန်းသိမ်းထား ရင်း ကျွန်တော်တို့ဟာ ဒီဒေသရဲ့ သာယာဝပြောရေး အခြေခံအုတ် မြစ်ကို ကူညီပေးရပါမယ်။ ဒီဒေသ ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ဟာ သာယာဝပြောရေးရဲ့ အခြေခံ အုတ်မြစ်ပဲ ဖြစ်ပါတယ်။ အဲဒါဟာ အရမ်းအရေးကြီးပါတယ်။ ဒါက စစ်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ လိုအပ်တယ်လို့ ဆိုလိုတာ မဟုတ် ပါဘူး။

ကျွန်တော် ပြောချင်တာက ပူးပေါင်းဆောင်ရွက်မှု၊ တရား ဥပဒေစိုးမိုးမှု အရေးကြီးကြောင်း ကျွန်တော်တို့ရဲ့အသံကို ဖော်ပြ သင့်တယ်ဆိုတာပါ။ ကျွန်တော်တို့ မှာ လွတ်လပ်တဲ့ ရေကြောင်းသွား လာခွင့်ရှိရပါမယ်။

နောက် အရေးကြီးတာတစ်ခု ကတော့ ဆိပ်ကမ်းတွေလို အခြေ ခံအဆောက်အအုံတွေကို လည် ပတ်စေရာမှာ နိုင်ငံတကာစံညွှန်း အတိုင်း သေချာအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။

အခြေခံ အဆောက်အအုံ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဟာ ပွင့်ပွင့် လင်းလင်း မြင်သာထင်သာရှိရပါ တယ်။ အဲဒါမှာ ဘဏ္ဍာရေးဆိုင် ရာ အခြေအနေလည်း ကောင်းရ ပါမယ်။ အခြေခံအဆောက်အအုံ စီမံကိန်းတွေဟာ နိုင်ငံတကာ စံချိန်တွေအတိုင်း လုပ်ရပါမယ်။

ပစိဖိတ်ကျွန်းနိုင်ငံတွေ၊ ကမ်း ရိုးတန်းနိုင်ငံတွေအပြင် အရှေ့ တောင်အာရှနိုင်ငံတွေကို ကူညီ ပေးဖို့လည်း အရေးကြီးပါတယ်။ သူတို့ရဲ့ အဏ္ဏဝါဆိုင်ရာ ဥပဒေ ထိန်းသိမ်းနိုင်စွမ်းကို ကူညီပေးရ ပါမယ်။ တိုးမြှင့်ပေးရပါမယ်။

ဒီဒေသရဲ့ တည်ငြိမ်ရေးအ တွက် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်၊ ဩစတြေးလျရေတပ်၊ အမေရိကန်ရေတပ်နဲ့ အိန္ဒိယရေတပ်တို့ ပူးပေါင်းပြီး တည်ငြိမ်ရေးအတွက် ကူညီပေးဖို့ အရမ်းအရေးကြီးပါ တယ်။

ဒါပေမဲ့ စစ်တပ်တွေ အပိုင်း တစ်ခုတည်း မဟုတ်ပါဘူး။ ဒီ သဘောထားအတွက် တခြားပူး ပေါင်းဆောင်ရွက်ရမယ့် ကဏ္ဍ တွေရှိပါသေးတယ်။

ဒီဟာသည် တရုတ်ကို ထိန်းချုပ် ကန့်သတ်တဲ့ပုံစံတစ်ခုဖြစ်လာမှာ မဟုတ်ဘူးလို့ ဘေဂျင်းအစိုးရကို ဘယ်လိုသေချာပြောနိုင်မလဲ။

ဒါက တရုတ်ကို ထိန်းချုပ်ဖို့ မဟုတ်သလို တရုတ်မြင့်မားလာ တာကို ဆန့်ကျင်ဖို့လည်း မဟုတ် ဘူး။ ဒီသဘောထားကို တရုတ်က သဘောတူရင် တကယ်ပဲ ကျွန် တော်တို့ဟာ အဲဒီအုပ်စုထဲမှာ သူတို့ပါဝင်လာဖို့ ကျွန်တော်တို့ ဆောင်ရွက်မှာပါ။

—Ref: Australian Financial Review

Top News