လီဗာပူးတိုက်စစ် ဆာလာနှင့် ဖာမီနိုကို ထိန်းချုပ်ရန် ပေါ်တိုနောက်တန်း အခက်တွေ့မည်ဟု ရောဘတ်ဆင်ပြောကြား

လန်ဒန်- ချန်ပီယံလိဂ် (၁၆)သင်း အဆင့် ပထမအကျော့အဖြစ် ယနေ့ည ကစားမည့်ပွဲတွင် ပေါ်တို နောက်တန်းအနေဖြင့် ၎င်းတို့၏ တိုက်စစ်အတွဲဖြစ်သော မိုဟာ မက်ဆာလာနှင့် ဖာမီနိုကို ထိန်း ချုပ်ရန် အခက်တွေ့မည်ဖြစ် ကြောင်း လီဗာပူးနောက်ခံလူ အန် ဒီရောဘတ်ဆင်က ပြောသည်။

ဆောက်သမ်တန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် တစ်ဂိုး စီ သွင်းယူနိုင်သဖြင့် ဆာလာနှင့် ဖာမီနိုသည် ယခုနှစ်ရာသီ၌ လီဗာ ပူးအတွက် နှစ်ဦးပေါင်း ၄၉ ဂိုး သွင်းယူပေးထားသည်။

လေ့ကျင့်ရေးကွင်းတွင် နေ့ စဉ် ၎င်းတိုက်စစ်မှူးနှစ်ဦးနှင့် ရင် ဆိုင်ရသဖြင့် ဆာလာနှင့် ဖာမီနို တို့ကို တားဆီးရပ်တန့်ရန် ပေါ်တိုနောက်တန်းအတွက် မည်မျှခက်ခဲ မည်ကိုသိရှိကြောင်း ရောဘတ် ဆင်က ပြောသည်။

‘‘ဒီရာသီမှာ သူတို့နှစ် ယောက်က သိပ်ကောင်းပါတယ်။ ရှေ့ဆက်ဖို့လိုအပ်ပြီး ကျွန်တော် တို့အတွက် သူတို့နှစ်ယောက် ဂိုး တွေဆက်သွင်းဖို့လိုပါတယ်။ အ သင်းနောက်တန်းကလည်း ပေးဂိုး မရှိအောင် ဆက်ကစားဖို့ လိုပါ တယ်’’ဟု ရောဘတ်ဆင်က ပြောသည်။

ယခုပွဲတွင် လီဗာပူးအသင်း ၏ ဂိုးပေါက်ကို လိုရစ်ကာရီအက်စ်က တာဝန်ယူစောင့်ရှောက်ဖွယ်ရှိသည်။ လီဗာပူးနည်းပြ ဂျာဂန်က လော့ပ်သည် ရာသီအစောပိုင်းက အလှည့်ကျပွဲထုတ်မူဝါဒကို ကျင့်သုံးခဲ့ပြီး ဂိုးသမား မစ်ဂ်နိုလတ်ကို ပရီးမီးယားလိဂ်ပွဲတွင် ကစားစေ ကာ လိုရစ်ကာရီအက်စ်ကိုဥရောပပွဲစဉ်များတွင် ကစားစေခဲ့သည်။

သို့သော် လတ်တလော ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ကာရီ အက်စ်က ဝင်ကစားခွင့်ရခဲ့ပြီး လက်စွမ်းပြနိုင်သဖြင့် မစ်ဂ်နို လတ်သည် ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံနေရသည်။

ထိုအတောအတွင်းပေါ်တိုနှင့်ပွဲတွင် အနိုင်ရအောင် အသင်း နောက်ခံလူ ဗာဂျီဗန်ဒိုက်ခ်က အထောက်အကူပြုမည်ဟု ကာရီ အက်စ်က ယုံကြည်နေပြီး ၎င်းတို့ နှစ်ဦးကြား နားလည်မှု ပိုမိုရလာ ပြီဟု ဆိုသည်။

‘‘သူဟာ ထိပ်တန်းကစား သမားပါ။ ဒါကြောင့် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ခဲ့တာဖြစ် ပါတယ်။ ကျွန်တော်တို့နှစ် ယောက်ကြား ပိုပြီးတော့ နား လည်မှုရှိလာပါတယ်။ ဒါက အ သင်းအတွက် အရေးကြီးပါတယ်’’ ဟု ကာရီအက်စ်က ပြောသည်။

ယခုအပြောင်းအရွှေ့ဈေး ကွက်တွင် ပေါင် ၇၅ သန်းဖြင့် ရောက်လာသူ ဗာဂျီဗန်ဒိုက်ခ် သည် အသင်းဟောင်းဆောက် သမ်တန်နှင့်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့ ပြီး ဂျာဂန်ကလော့ပ်၏ ချီးကျူးမှု ခံခဲ့ရသည်။

—Ref: dailystar.co.uk/liverpoolecho.co.uk