ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အခမ်းအနားများ မြို့အသီးသီးတွင် ပြုလုပ်

ဖေဖော်ဝါရီ၁၃ရက်က ဗိုလ်ချုပ်အောင်ဆန်း(၁၀၃)နှစ်ပြည့်အခမ်းအနားများကို မြို့အသီးသီး၌ကျင်းပနေစဉ်

ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင် ဆန်း၏  (၁၀၃) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများ ကို နိုင်ငံအတွင်းရှိ မြို့အသီးသီး တွင် ကျင်းပခဲ့သည်။

အဆိုပါအထိမ်းအမှတ်အ ခမ်းအနားများတွင်   ဗိုလ်ချုပ် ရုပ်တုများ ဖွင့်လှစ်ခြင်း၊ အမှတ် တရကာတွန်းပြပွဲများ ပြသခြင်း၊ ဉာဏ်စမ်းပြိုင်ပွဲများ၊   ကဗျာ ရွတ်ပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် ပဲပြုတ်နံပြား ကျွေးမွေးခြင်းတို့ ပါဝင်ခဲ့သည်။

မကွေးတိုင်းဒေသကြီး

(၁၀၃) နှစ်ပြည့် ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ အထိမ်းအ အမှတ်အဖြစ် မကွေးတိုင်းဒေသ ကြီးတွင် ဗိုလ်ချုပ်ကြေးရုပ်တု ဖွင့်ပွဲများ ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအ တွင်းရှိ ပခုက္ကူခရိုင်   ကမ္မမြို့၊ပွင့်ဖြူမြို့နယ်ရှိ သရက်တော ကျေးရွာ၊ စေတုတ္တရာမြို့နှင့် မကွေး မြို့ အ.ထ.က (၄) ကျောင်းတို့တွင် ဗိုလ်ချုပ်ကြေးရုပ်များကို ဖွင့်လှစ် ခဲ့သည်။

အောင်လံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ အထိမ်းအ မှတ်အဖြစ် အောင်ဆန်းစိတ်ဓာတ်ရှင်သန်ရေးခေါင်းစဉ်ဖြင့် ကာ တွန်းပြပွဲတစ်ခုကို ကာတွန်းဆရာ ခြောက်ဆယ်ကျော်၏ ကာတွန်းပြ ကွက်များဖြင့် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၃ ရက်အထိ နှစ်ရက်ကြာ ပြသခဲ့သည်။

ထို့အပြင် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် စာပေဟောပြော ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်ညတွင် ကျင်းပရာ စာရေးဆရာ ညီပုလေး နှင့် ဆရာနေဝင်းမြင့်တို့က ဟော ပြောခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့

ဖေဖော်ဝါရီ ၁၃ ရက်တွင်ပေါင်းတည်မြို့၌ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုဖွင့်ပွဲ ပြုလုပ် ခဲ့သည်။

‘‘ရုပ်တုပုံစံကတော့ ပြည်မြို့က ရုပ်တုပုံစံမျိုးပါ။ ကျောက်နဲ့ ပြုလုပ်တဲ့ရုပ်တုပါ’’ ဟု ပေါင်းတည်မြို့နယ်   ပြည်သူ့အကျိုး ဆောင်ကွန်ရက်မှ    ဦးချစ်ကိုက ပြောသည်။

အဆိုပါ ရုပ်တုဖွင့်ပွဲအခမ်း အနားသို့ ပဲခူးတိုင်းဒေသကြီးဝန် ကြီးချုပ် ဦးဝင်းသိန်းတက်ရောက် ဖွင့်လှစ်ပြီး  ဒေသခံအင်အား တစ်သောင်းခန့်  တက်ရောက်ခဲ့ သည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့

ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၃) နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်ပွဲကို တောင်ကြီးဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ ပူး ပေါင်း၍ ဖေဖော်ဝါရီ ၁၃ရက်တွင် ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံ၌ ကျင်းပ ခဲ့သည်။နံနက်ပိုင်းတွင် ဗိုလ်ချုပ် ကြေးရုပ်ပန်းခြံအတွင်း၌ ပဲပြုတ် နှင့် နံပြားအချပ်ရေ ၂,၀၀၀ ကျော် ကုသိုလ်ဖြစ် ကျွေးမွေးခဲ့ပြီး တေး ဂီတဖျော်ဖြေပွဲများ၊ ကလေး ဉာဏ်စမ်းပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင် ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆေး ရောင်ခြယ်ပြိုင်ပွဲများ ကျင်းပခဲ့ သည်။ ထို့အပြင် တောင်ကြီးဒေ သခံ အရပ်ဘက်အဖွဲ့အစည်း များမှ မီးပုံးပျံအလုံးငယ် ၁၀၃ လုံး ကို ဖေဖော်ဝါရီ ၁၃ ရက် ညက လွှတ်တင်ခဲ့သည်။

More in News Section