စစ်ယူနီဖောင်းနှင့်မဟုတ်သည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုပြုလုပ်စေချင်ဟု သီတဂူဆရာတော်မိန့်ကြား

 ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို   စစ်ယူနီဖောင်းနှင့်မ ဟုတ်ဘဲ   အခြားပုံစံရုပ်တုများလည်း    ပြုလုပ်စေချင်ကြောင်း သီတဂူဆရာတော်ဒေါက်တာ အရှင်ဉာဏိဿရက မိန့်ကြားသည်။

‘‘ဗိုလ်ချုပ်အောင်ဆန်းကြေး ရုပ်ကိုကြည့်လိုက်ရင် ဂျပန်စစ်ယူ နီဖောင်းနဲ့ ဒီတိုင်းပြည်မှာ များ တယ်။ ခေါင်းပေါင်းလေးနဲ့ ချိတ်လုံချည်လေးနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကော လုပ်ဖို့မကောင်းဘူးလား၊    ကျောင်းသားခေါင်းဆောင်ကို အောင်ဆန်းကို ဗိုလ်ကေလေးနဲ့၊ တိုက်ပုံလေးနဲ့၊ စာအုပ်ကလေးပိုက်ပြီး  ကိုအောင်ဆန်းကြေးရုပ်လေးကြည့်ရရင် ကောင်းမှာပဲလို့  အကုန်လုံး  ဒီနေ့တိုက် တွန်းတယ်’’ဟု  ဆရာတော်က မိန့်ကြားသည်။

ဗိုလ်ချုပ်၏အသက်(၁၀၃) နှစ်ပြည့်မွေးနေ့ဖြစ်သည့် ဖေဖော် ဝါရီ ၁၃ ရက်က ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ဘေလီတံ တားထိပ် သီတဂူဗုဒ္ဓတက္ကသိုလ် အနီးရှိ ပင်လုံရင်ပြင်တွင် ဖွင့်လှစ် သည့် ဗိုလ်ချုပ်ရုပ်တုဖွင့်ပွဲ၌ သီတဂူဆရာတော်က အထက်ပါ အတိုင်း မိန့်ကြားခဲ့သည်။

‘‘ဒီနေရာဟာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရဲ့ လမ်းဆုံ လမ်းခွဖြစ်ပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်ရုပ်တုကို ထားခြင်းအား ဖြင့် မြို့သူမြို့သားတွေက နေ့စဉ် တွေ့ပြီး ဗိုလ်ချုပ်လို စိတ်ဓာတ် တွေ ပေါ်ပေါက်စေချင်တဲ့ ရည် ရွယ်ချက်တွေနဲ့ ဒီနေရာမှာ တည် ဆောက်ရခြင်းဖြစ်ပါတယ်’’ ဟု ဒဂုံမြို့သစ်မြောက်ပိုင်း အမှတ်(၁)  မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်  ဦးတင်ထွန်းနိုင်က  ပြော သည်။

အဆိုပါဗိုလ်ချုပ်ရုပ်တုကို ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖြစ် မြောက်ရေးကော်မတီမှ ခုနစ်လတာ ပြင်ဆင်ခဲ့ပြီး ၂၀၁၇ နိုဝင်ဘာ ၅ ရက်တွင် ပန္နက်တင်မြေသန့်ခဲ့ သည်။ အဆိုပါရုပ်တုသည် ဗိုလ်ချုပ်အောင်ဆန်းစစ် ယူနီဖောင်း ဝတ်၍ မတ်တတ်ရပ်နေပုံဖြစ်ပြီး ရုပ်တုအောက်ခြေဘေးတွင် ဗိုလ်ချုပ်ကျောင်းသားဘဝ၊ စစ်သေနာ ပတိဘဝ၊ ဖ.ဆ.ပ.လ နိုင်ငံရေး သမားဘဝ ဗိုလ်ချုပ်ပုံများကို ထည့်သွင်းထားသည်။

ရုပ်တုတည်ဆောက်ရာ၌ ကုန်ကျစရိတ် ကျပ်သိန်း ၇၀၀ရှိ ကြောင်း  ၎င်းကပြောသည်။

အဆိုပါရုပ်တုကို ဒဂုံမြို့သစ် မြောက်ပိုင်းရှိ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ပါတီဝင်များနှင့် ပြည်သူများပူးပေါင်း၍ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ၏သြဝါဒခံယူပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  တက်ရောက်ဖွင့်လှစ် ခဲ့သည်။

More in News Section