ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် အစိုးရက တရားဝင် သတ်မှတ်ပေးရန် တောင်းဆို

ရန်ကုန်မြို့ရှိ ဒီချုပ်ရုံး၌ ဗိုလ်ချုပ်မွေးနေ့အခမ်းအနားကျင်းပနေစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)

ဗိုလ်ချုပ်အောင်ဆန်းမွေး နေ့ ဖေဖော်ဝါရီ ၁၃ ရက်ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် ပြည်ထောင်စုအစိုးရက တရား ဝင် သတ်မှတ်ပေးသင့်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီရုံးချုပ်၌ ယမန်နေ့က ကျင်းပ သည့် ဗိုလ်ချုပ်အောင်ဆန်း (၁၀၃) နှစ်မြောက် မွေးနေ့နှင့် ကလေးများနေ့ အခမ်းအနားအပြီးတွင် ၎င်းက အထက်ပါအတိုင်း ပြောသည်။

‘‘ပိုပြီးတော့ ကျယ်ကျယ်ပြန့် ပြန့်နဲ့ နိုင်ငံတော်အဆင့်ဖြစ်စေချင် တယ်။ ဒီနေ့က ဗိုလ်ချုပ်အောင် ဆန်းမွေးနေ့လည်း ဖြစ်တယ်။ ကလေးများနေ့လို့လည်း ပြောနေ ကြတယ်။ ဒါပေမဲ့လည်း စာမေးပွဲ တွေရှိနေတော့ အခုဒီပွဲမှာဆိုရင် ကလေးအင်အား အရမ်းနည်း တယ်။ အဲဒီလိုမဖြစ်သင့်ဘူး’’ ဟု ဦးနေဘုန်းလတ်က ဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ တရား ဝင် သတ်မှတ်ချက်အရ နှစ်စဉ် အောက်တိုဘာ၏ ပထမ တနင်္လာ နေ့သည် ကမ္ဘာ့ကလေးများနေ့ဖြစ် သည်။ သို့သော် သက်ဆိုင်ရာ နိုင်ငံအလိုက် သင့်လျော်သည့်နေ့ ကို ကလေးများနေ့အဖြစ် ကျင်းပ ရန် ကုလသမဂ္ဂအဖွဲ့က ခွင့်ပြုထား သည်။

မြန်မာနိုင်ငံက ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ကို ကလေးများနေ့အ ဖြစ် ၁၉၅၆ တွင် စတင်သတ်မှတ် ကာ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင် ဆန်းပန်းခြံ၌ ကလေးများနေ့အ ခမ်းအနားကျင်းပခဲ့သည်။ သို့ သော် ပြန်တမ်းဝင်နေ့တစ်နေ့အ ဖြစ် သတ်မှတ်ခဲ့ခြင်း မရှိပေ။

ထို့နောက် ပါလီမန်ခေတ် တစ်လျှောက် ကလေးများနေ့ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ဆက်လက် ကျင်းပသော်လည်း ၁၉၆၂ အာဏာသိမ်းမှုဖြစ်ပြီး နောက် ယင်းအစဉ်အလာ မှေးမှိန် ခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့နှင့် ကလေး များနေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပခဲ့ကြောင်း ပါတီဗဟို အမျိုး သမီး လုပ်ငန်းအဖွဲ့ဝင်များက ပြောသည်။

‘‘ဒီနှစ်တော့ ဘာတစ်ခုစိတ် မကောင်းဖြစ်လဲဆိုရင် အရင်တုန်း က ခဲရာ ခဲဆစ် အခြေအနေမှာ တောင်မှ ဒီ့ထက်မက ကလေးတွေ လာနိုင်တယ်။ အခုဒီနှစ်မှာ စာမေး ပွဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြုံနေရ တော့ ကလေးတွေ ပါဝင်မှုအရမ်း နည်းသွားတယ်’’ ဟု ဒီချုပ်ဗဟို အမျိုးသမီးလုပ်ငန်းအဖွဲ့ ဘဏ္ဍာ ရေးမှူး ဒေါ်လဲ့လဲ့က ပြောသည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင် ဆန်း မွေးနေ့နှင့် ကလေးများနေ့ အခမ်းအနားများတွင် ကလေးများပိုမိုပါဝင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စီမံဆောင် ရွက်ပေးသင့်ကြောင်း ၎င်းကပြော သည်။

‘‘ဒါက တကယ့်ကို အထိမ်း အမှတ်နေ့တစ်ခုအနေနဲ့ တရား ဝင်သတ်မှတ်လိုက်ရင်တော့ ပြန် တမ်းဝင် ရုံးပိတ်ရက်ပုံစံဖြစ်သွား ပြီးတော့ ဒီနေ့မှာ နိုင်ငံတော်အ ဆင့်ပွဲပေါင်းများစွာ ကျင်းပနိုင် မယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့အ ခြေအနေမျိုး ဖြစ်မှာပါ’’ ဟု ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

သို့သော် ယင်းကိစ္စသည် ပြည်ထောင်စု အဆင့်တွင် တိုက် တွန်းဆောင်ရွက်ရမည့် ကိစ္စဖြစ်၍ တိုင်းလွှတ်တော်တွင်း၌ မေးမြန်း တိုက်တွန်းရန် အစီအစဉ်မရှိ ကြောင်း ၎င်းကဆိုသည်။

More in News Section