ပုဇွန်တောင်ရှိ တိုက်ခန်းတစ်ခုတွင်အသက်(၈၀)ကျော် အဘွားအိုတစ်ဦး သေဆုံးနေ

ပုဇွန်တောင်မြို့နယ် (၇) ရပ်ကွက် မဟာဇေယျာလမ်းရှိ တိုက်ခန်း သုံးလွှာတွင် အသက်(၈၂)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ပုပ်ပွသေဆုံးနေကြောင်း ပုဇွန်တောင်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

သေဆုံးသူသည် တစ်ဦး တည်းနေထိုင်သူဖြစ်ပြီး တိုက်လှေခါးမှ အပုပ်နံ့ရသဖြင့် ပတ်ဝန်း ကျင်က ရဲစခန်းသို့ အသိပေးကာ ဖေဖော်ဝါရီ ၁၂ ရက် ည ၈ နာရီကျော်တွင် အိမ်တွင်း ဝင်ရောက် ရှာဖွေရာ အိမ်ရှေ့ဘုရားခန်း၌ သေဆုံးနေကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူများကပြောသည်။  ‘‘သေတာက ဘယ်တုန်းက သေနေမှန်းမသိဘူး။ အခု ရဲတွေ ဆက်ပြီး သေဆုံးတာကို စစ်ဆေး နေတယ်’’ဟု ပုဇွန်တောင်မြို့နယ် (၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦး အောင်စိန်က ပြောသည်။ 

သေဆုံးသူကို ရင်ခွဲစစ်ဆေးနေပြီး သေဆုံးသည့်အကြောင်း ရင်းကို မသိရသေး၍ သေမှုသေ ခင်းဖွင့်ထားခြင်း မရှိသေးကြောင်း ပုဇွန်တောင်ရဲစခန်းမှ တာဝန်ရှိသူ က ဖေဖော်ဝါရီ ၁၃ ရက်  ညနေတွင် ပြောသည်။