မှတ်မိသမျှ ကိုအောင်ဆန်း၏ ကျောင်းသားဘဝ

ဗိုလ်ချုပ် အောင်ဆန်း(ဝါ)သခင် အောင်ဆန်း(ဝါ)ကိုအောင်ဆန်းနှင့် ကျောင်းနေဖက်၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ် ခဲ့၍ ကျောင်း၌နေစဉ်က မှတ်မိသမျှကို မှတ်တမ်းတင်လိုက်ပါသည်။

ကိုအောင်ဆန်းသည် ကျွန် တော်တို့ထက် ၂ နှစ်စော၍ တက္က သိုလ်သို့ ရောက်ရှိနေပါသည်။ ကို အောင်ဆန်းကို ကျွန်တော်တို့အ တန်းဆင်းချိန်နှင့် သူ့အတန်းတက် ရန် သုတ်သီးသုတ်ပျာလာချိန်တို့ တွင် ‘အင်းဝ’ ဆောင်ရှေ့တွင် မကြာခဏဆုံစည်းမိတတ်ကြပါ သည်။ နောက် ကိုအောင်ဆန်းနှင့် ကျွန်တော်တို့ ခင်မင်ရင်းနှီးလာခဲ့ ကြပါသည်။

ကိုအောင်ဆန်း၏ကျောင်း သားဘဝ ဝတ်ပုံဆင်ပုံမှာ ကျွန် တော်တို့အဖို့ အထူးအဆန်းမ ဟုတ်သော်လည်း အများအဖို့ အ တော်ကြီး ထူးဆန်းနေသလိုဖြစ်ခဲ့ ပါသည်။ ရွပ္အက်ႌကို ၾကယ္သီး အျပည့္မတပ္ဘဲ ပင္နီအေပၚ အက်ႌကို ကပိုကရိုဝတ်၍ မန္တလေး လုံချည်အနွမ်းကိုပင်ဆင်မြန်းကာ ဆံပင်စုတ်ဖွားနှင့် သင်ကြားပို့ချ ချက်များလိုက်ရန် မှတ်စုစာအုပ် လက်တွင်ကိုင်ပြီး စိုက်စိုက် စိုက် စိုက် သွားတတ်သည်ကို ယခုတိုင် ပင် မှတ်မိလျက်ရှိပါသည်။

ကျွန်တော်တို့အသိမိတ်ဆွေ သူငယ်ချင်းများနှင့်တွေ့လျှင် ကို အောင်ဆန်းသည် ပြုံး၍သာ နှုတ် ဆက်ပြီး ရှေ့ဆက် စိုက်စိုက် စိုက် စိုက်သွားလေ့ရှိပါသည်။ တစ်ခုခု အစဉ်အာရုံစိုက်ပြီး နေသောအ သွင်မှာ အမြဲထင်ရှား၍ နေပါ သည်။

  ကိုအောင်ဆန်းသည် ကျောင်းတွင် သူငယ်ချင်းများနှင့် ‘ဟေးလား ဝါးလား’ စကားဖွဲ့လေ့ မရှိပါ။ သင်ကြားပို့ချသမျှကို အမြဲအာရုံစိုက်ပြီး နားထောင်မှတ်သား လေ့ရှိပါသည်။ ထို့ကြောင့်လည်း ကိုအောင်ဆန်း စာမေးပွဲတိုင်း ကောင်းစွာ အောင်မြင်သည်ချည်း ဖြစ်ပါသည်။

ကိုအောင်ဆန်းနှင့် ခင်မင် ရင်းနှီးလာပြီး သူ၏အခန်းသို့ သွား ရောက်လည်ပတ်သောအခါ သူ၏ အခန်းမှာ မသေသပ်ဆုံး အခန်းတစ်ခု အမြဲဖြစ်နေသည်ကိုကောင်း စွာသတိပြုမိသည်။

တစ်ခါတစ်ရံ ကိုအောင်ဆန်း သည် ညလုံးပေါက်စာဖတ်လေ့ ရှိပါသည်။ စာသင်ခန်းတွင် နှုတ် ဆိတ်သလောက် သူ၏အခန်း ရောက်၍ စကားစမိလျှင် ကို အောင်ဆန်းသည် အာပေါင်အာ ရင်းသန်သန်ဖြင့် စိတ်ပါလက်ပါ ပြောလေ့ရှိပါသည်။ မည်သည်ကို လေ့လာလေ့လာ နှိုက်နှိုက်ချွတ် ချွတ် အပင်ပန်းခံပြီး လေ့လာတတ် ပါသည်။ ထို့ကြောင့် ကိုအောင်ဆန်းစကားပြောလျှင် ပိုင်ပိုင်နိုင် နိုင်ပြောလည်း ပြောနိုင်ပါသည်။ သူ၏ပြောဟန်ထဲမှ ‘‘ဒီမယ်...ဒီမယ်’’ ဟု ပြောပုံများ၊ ‘‘ကိုယ့်လူ ...ကိုယ့်လူ’’ဟု ပြောပုံများမှာ နား ထဲတွင် စွဲ၍ ယနေ့တိုင် ရှိနေပါ သေးသည်။

တစ်ညနေတွင် သထုံဆောင် ၌ နေသော ကိုကျော်ငြိမ်း(ယခု ဒု ဝန်ကြီးချုပ်)၊ ကိုအောင်ဆန်းနှင့် ကျွန်တော်တို့သုံးဦးသား တက္က သိုလ်ရိပ်သာလမ်းနှင့် အင်းလျား လမ်းထောင့်(ယခု ကုလားလက် ဖက်ရည်ဆိုင်နား)တွင် ရောင်းနေ သော အကြော်ဆိုင်၌ တစ်ဝစား ကြပြီး အင်းလျားကန်ဘက်ကို လျှောက်ကြပါသည်။ ဘင်္ဂါလီလူ ငယ်များ၏ခြောက်လှန့်သတ်ဖြတ် ရေးဝါဒ(Terrorism)ကို သူ ရွံရှာ မုန်းတီးပုံ အားရပါးရပြောပြီးလျှင် သူသည် တစ်ဦးချင်း လူစွမ်း ကောင်းဝါဒကို မုန်းတီးကြောင်း၊ စုပေါင်းစည်းရုံး လုပ်ကိုင်ခြင်း (Organised Action) ကိုသာ ယုံ ကြည်ကြောင်း တစ်နာရီကျော် ကျော်ခန့် ပြောနိုင်ခဲ့ပါသည်။

ကိုအောင်ဆန်းစာဖတ်ပုံမှာ အတော်ကြီး စနစ်ကျလှပါသည်။ ပထမ စာအုပ်၏ မာတိကာကို  ကောင်းစွာ မှတ်သားပါသည်။ နောက် တစ်ခန်းစီ ဖတ်လျက် ဖတ်ပြီးသားအခန်းများ၏အချုပ် သဘောကို မှတ်စုစာအုပ်ဖြစ်စေ၊ စာရွက်လွတ်၌ ဖြစ်စေ မာတိကာ ခေါင်းစဉ်ချ၍ အတိုချုပ် (Sum-mary) မိမိဘာသာ မိမိ ရေးသား လေ့ရှိပါသည်။ ကိုအောင်ဆန်း သည် ကျောင်းစာနှင့် အပြင်စာ နှစ်ခုလုံးကို ကျေလည်အောင် ဖတ် နိုင်သော သတ္တိရှိသူဖြစ်လေသည်။

ထိုခေတ်အခါက ပေါ်ပေါက် နေသော ပြဿနာများ၊ အခြေအ နေများကို မကြာခဏဆိုသလို ကိုအောင်ဆန်းနှင့် ဆွေးနွေးကြပါ သည်။ ကိုအောင်ဆန်းသည် အ ဖြီးအဖြန်းမပါဘဲ လိုရင်းအချက် များကို ပြတ်ပြတ်သားသား တစ် တစ်ခွခွ ဖော်ထုတ်လေ့ရှိပါသည်။ စာရေးရာတွင်လည်း အင်္ဂလိပ် ဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာ  သာဖြင့် ဖြစ်စေ ထိထိမိမိထင်ရှား ပေါ်လွင်အောင် ရေးသားနိုင်ပါ သည်။ နှစ်ဘာသာစလုံးကို ကောင်းကောင်းကြီး ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်သူများ နည်းပါးသော်လည်း ကိုအောင်ဆန်းမှာ ထိုသို့ရေးနိုင်သူတစ်ဦးဖြစ်ပါသည်။

ကိုအောင်ဆန်း ဥပဒေတန်း ပထမနှစ်သင်ကြားနေခိုက် ထိုစဉ် က ကွယ်လွန်သူ ဒေါက်တာသိမ်း မောင်ဦးစီးသော မြန်မာပိုင်အင်္ဂ လိပ်သတင်းစာ ‘နယူးဘားမား’ တွင် အချိန်ပိုင်းအယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ ကျွန်တော်လည်း ထိုသတင်းစာ တွင်ပင် အချိန်ပိုင်း သတင်းအယ် ဒီတာအဖြစ် လုပ်ကိုင်လျက်ရှိပါ သည်။ ကျွန်တော်တို့နှစ်ဦးစလုံး သည် ညနေ ၃ နာရီခွဲကျော်မှ သတင်းစာတိုက်သို့ ရောက်ကြပါ သည်။ သတင်းစာတိုက်ရောက် လျှင် ကိုအောင်ဆန်းသည် နောက် တစ်နေ့အတွက် သတင်းခေါင်း ကြီးကို ကြိုတင်စဉ်းစားလာခဲ့ သည့်အတိုင်း ထိုင်ရာမထဆိုသ လို တစ်ထိုင်တည်းနှင့် အပြီးရေး လေ့ရှိပါသည်။ ကိုအောင်ဆန်း ရေးခဲ့သော သတင်းစာခေါင်းကြီး ပိုင်းများမှာ နယ်ချဲ့ဆန့်ကျင်ရေး များသာ ဖြစ်ကြပါသည်။ အင်္ဂလိပ်စာကို ရေးရာ၌ နိုင်နင်းသည်နှင့် အမျှ ခက်ခဲလှသောပြဿနာတို့ ကို ရှင်းလင်းပီသစွာ ဖော်ထုတ်နိုင် ခဲ့သဖြင့် နယ်ချဲ့အစိုးရနှင့် နိုင်ငံ ရေးရပ်ကွက်တို့တွင် ကိုအောင် ဆန်း၏ ‘ခေါင်းကြီးပိုင်း’ များကို လေးလေးစားစား ရှိခဲ့ကြရလေ သည်။

မြန်မာဆောင်းပါးများကိုမူ ‘မဟာဒဂုန်’ မဂ္ဂဇင်းကြီး၌ ရေးလေ့ ရှိခဲ့ပါသည်။ မြန်မာဆောင်းပါး များရေးသောအခါတွင်လည်း ကို အောင်ဆန်းသည် မြန်မာသံပီပီ သသနှင့်သာ ရေးလေ့ရှိခဲ့ပါသည်။ ဟောပြောရာ၌မူ ကိုအောင် ဆန်းသည် ‘ဒေါ’ များများပါပြီး ပြောချင်ဇော ကြီးနေသည်ကို မကြာခဏ ကြုံရတတ်ပါသည်။

‘အိုးဝေ’ မဂ္ဂဇင်းစာတည်းအ ဖြစ် ကိုအောင်ဆန်းဆောင်ရွက် နေစဉ်က ‘ငရဲခွေးကြီး လွတ်လာ

လေပြီ’ ဟူသော အင်္ဂလိပ်စာကဏ္ဍ ပါ ဆောင်းပါးမှာ တက္ကသိုလ်နယ် မြေသာမက တစ်နိုင်ငံလုံး သိမ့် သိမ့်တုန်သွားခဲ့ပါသည်။ ထို ဆောင်းပါးတွင် ဖွင့်ချလိုက်သော အချက်များကို အကြောင်းပြု၍ ကျောင်းသားအရေးတော်ပုံပေါ်ခဲ့ ရလေသည်။ ဗမာ့နိုင်ငံရေးဖြစ်စဉ် တွင် မှတ်တိုင်ကြီးတစ်ခုဟု ဆိုနိုင် ပါသည်။

သမဂ္ဂကိစ္စများကို ဆောင် ရွက်ရာတွင်လည်း ကိုအောင်ဆန်းသည် အပင်ပန်းခံကာ အစားအ သောက်၊ အအိပ်အနေကို ပမာ မပြုဘဲ လုပ်လေ့ရှိပါသည်။ အလုပ်လုပ်ရမှာကို ဘယ်သောအခါမျှ ကြောက်ရွံ့ခြင်းမရှိသူများတွင် ကိုအောင်ဆန်းသည် ထိပ်ဆုံးက အမြဲရှိပါသည်။ ဇွဲလည်း အလွန် ပြင်းထန်ပါသည်။ ဘာလုပ်လုပ် စိတ်ရောကိုယ်ပါ လုပ်တတ်၍ လည်း သူလုပ်သမျှမှာ ခရီးရောက် လေ့ရှိပါသည်။

ကျောင်းသားဘဝ၌ ဟန်ရေး ပြခြင်းကို စက်ဆုပ်ပြီး ထိထိမိမိ လေ့လာမှတ်သားကာ ဇွဲရှိရှိနှင့် လုပ်သားကိုင်သားကျသော ကို အောင်ဆန်းသည် သခင်အောင် ဆန်းအနေဖြင့်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် လည်းကောင်း နိုင်ငံ့တာဝန်တို့ကို မမောနိုင် မပန်းနိုင် ဆက်လက် ထမ်းဆောင်ပြီး နိုင်ငံ့လွတ်လပ် ရေးမုခ်ဦးသို့ အရောက်ပို့ဆောင်နိုင် ခဲ့ခြင်းမှာ ကျောင်းသား၊ ကျောင်း သူတိုင်း အားကျနည်းယူဖွယ်ပင် ဖြစ်တော့သည်။

ကျောင်းသား၊ ကျောင်းသူ တိုင်း ကိုအောင်ဆန်းနည်းတူ နိုင် ငံအတွက် ကြိုးပမ်းအားထုတ်နိုင် ကြပါစေ။        ။

(ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင်)၊ အတွဲ ၄၊ အမှတ်(၂)၊ ၁၉၆၀-၆၁)