‘‘တပ်မတော်နဲ့တိုင်းရင်းသားတွေဟာ တစ်မြေတည်းနေတစ်ရေတည်းသောက် ပြည်ထောင်စုဖွားတိုင်းရင်းသားပါ။ မေတ္တာ၊ သစ္စာထားပြီးတော့ ပြည်သူတွေအကျိုးရှိအောင် သစ္စာရှိရှိနဲ့ လုပ်ကြဖို့ပဲ လိုပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်’’

မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ(ရေး)ဥက္ကဋ္ဌ မင်းအောင်စိုးနှင့် တွေ့ဆုံခြင်း
ဓာတ်ပုံ- ကျော်ဇင်သန်း

မွန်ပြည်သစ်ပါတီ(NMSP)တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ထိုးရန် ဆုံး ဖြတ်ခြင်းနှင့်ပတ်သက်၍ ရေးမြို့နယ်မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ မင်းအောင်စိုး အား တွေ့ဆုံမေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။ 

အခုလို မွန်ပြည်သစ်ပါတီအနေနဲ့ NCA ထိုးဖို့ အခြေအနေဖြစ်လာ တာ ဘာကြောင့်လို့ မြင်ပါသလဲ။

ပထမက မွန်ပြည်သစ်ပါတီ က ပြည်သူလူလုထုရဲ့ ဆန္ဒသ ဘောထားများကို ခေါ်ပြီး မေးမြန်း ကြည့်ပါတယ်။ ရဟန်းသံဃာများ များနဲ့ ပြည်သူများဟာ စီးပွားရေးအခက်အခဲအကျပ်အတည်း ရှိနေတဲ့အတွက်ကြောင့်   ဒီ NCA လက်မှတ်ရေးထိုးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဒေသမှာ သေကျေ တာ၊ ပျက်စီးတာ၊ စစ်ဘေးဒုက္ခဒဏ်ကို လွတ်ငြိမ်းချမ်းသာမှုရှိ မယ်ဆိုရင် ဒီ NCA လက်မှတ်ရေး ထိုးမှုကိုလည်း ပြည်သူတွေလို လားတယ်။ ဒါပေမဲ့ မွန်ပြည်သစ် ပါတီက UNFC ထဲမှာ ဥက္ကဋ္ဌဖြစ်နေတဲ့ မွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌ နိုင်ဟံသာကို ငဲ့ညှာ ပြီးသော်လည်းကောင်း၊ တိုင်းရင်း သားအားလုံး အတူတကွ ထိုးနိုင် ရေးကိုသော်လည်းကောင်း အချိန် ယူပြီးတော့၊ တဖြည်းဖြည်းအချိန် ယူစည်းရုံးလာခဲ့တယ်။ 

ဒီလိုစည်းရုံးလာတဲ့အချိန်မှာ လည်း မွန်ပြည်သစ်ပါတီအနေနဲ့ ပြည်သူတွေရဲ့တောင်းဆိုချက်အ ရ၊ မွန်ပြည်သစ်ပါတီအခြေအနေ အရ ငြိမ်းချမ်းရေးလက်မှတ်ရေး ထိုးတဲ့ကာလဖြစ်လာပြီဆိုပြီး ပြည်သူများကို ချပြပြီး ယခုလက်မှတ် ရေးထိုးခြင်းဖြစ်ပါတယ်။ 

အတိတ်မှာ ငြိမ်းချမ်းရေးမရှိတဲ့ အပေါ် လူထုတွေက ဘာတွေခံ စားခဲ့ရသလဲ။ မငြိမ်းချမ်းမှုရဲ့ အ 

ကျိုးဆက်တွေကို ခံစားခဲ့ရဖူး လား။

ခံစားခဲ့ရဖူးပါတယ်။ ကျွန် တော်တို့အရင်ကဆိုရင် လူတစ်ဦး ကို မကျေနပ်ဘူးဆိုရင် (မတရား အသင်းဆက်သွယ်မှုပုဒ်မ) ၁၇(၁) နဲ့ စွဲလိုက်မယ်ဆိုရင် ဒီလူဟာ ဆင်းရဲမွဲတေသွားတာပဲ။ အခုလို NCA လက်မှတ်ရေးထိုးလိုက်မယ် ဆိုရင် ၁၇(၁) ပုဒ်မလွင့်ပျောက် သွားရင်တော့ တစ်ပိုင်းတစ်စ တော့ အများကြီးသက်သာလာမှာ ပေါ့။ ပြည်သူတွေဟာ အသက် အိုးအိမ်စည်းစိမ်အေးချမ်းစေရေး အတွက် စစ်ကို မလိုလားတော့ ဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုပဲ လိုလားတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်း ရေးရမှ ပြည်သူတွေအေးချမ်းစွာ စီးပွားရေးလုပ်နိုင်မယ်။ 

စစ်ဒဏ်ခံရတဲ့ အချိန်ကာလတွေ မှာ ဘာတွေ ကြုံခဲ့ရတယ်ဆိုတာ မှတ်မိသလောက် ပြောပြပေးပါ ဦး။ 

စစ်ဒဏ်ခံရတဲ့ကာလက ၈၈ နောက်ပိုင်းမှာပေါ့။ ကျွန်တော်တို့ ရေးချောင်းဖျားဒေသဆိုရင် ဖြတ် လေးဖြတ်ပေါ့။ ဆန်ဆိုတာ တစ် ပြည်ထက် ပိုမထားရဘူး။ နောက် ပြီး တောထဲမှာ တွေ့လို့မရဘူး။ တွေ့ရင်ဖမ်းမယ်။ တွေ့ရင် မာရှယ်လောအမိန့်နဲ့ သတ်မယ်။ တွေ့တဲ့နွားတွေ၊ ဝက်တွေကအစ သတ်ဖြတ်တာပဲ။ နောက်ဆုံးဆိုး တာက ငွေလိုချင်ရင် လူတွေကို ပေါ်တာဖမ်းလိုက်တာပေါ့။ အဲဒီ ပေါ်တာဖမ်းခံထားရတဲ့လူအပေါ်မှာ ငွေတောင်းလို့ရတာပေါ့။ အဲဒီလို ပေါ်တာဖမ်းခေါ်သွားတော့၊ မိုင်းတွေ ဘာတွေ ထောင်ထားတာရှိတော့၊ မိုင်းတွေဘာတွေနင်းမိတော့ တိုင်းရင်းသားဘက်က ခြေတွေ ဘာတွေပြတ်ကြတယ်။ ခြေတွေ ဘာတွေပြတ်သွားရင် မိသားစုတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ လူမှုနယ်ပယ်အသိုင်းအဝိုင်း မှာ နိမ့်ကျပြီးတော့ လူနေမှုအ ဆင့်အတန်း မမြင့်မားတော့ဘူး။ ဒီလိုအခက်အခဲတွေ ကြုံခဲ့ကြ တာပေါ့။ မထင်မှတ်တဲ့လူတွေ ဖမ်းပြီးတော့ ဒီလူဟာ ဟိုလူတွေနဲ့ အဆက်အသွယ်ရှိတယ်။ ဟိုလူဟာ ဒီလူနဲ့ အဆက်အသွယ် ရှိတယ်။ သူကြိုက်သလို ဖန်တီး နိုင်တဲ့အတွက်ကြောင့် မွန်ပြည် နယ်ကြီးက ၈၈ နောက်ပိုင်းထဲမှာ အကြီးအကျယ်ဖြစ်ခဲ့တယ်။ အဲဒါ ကြောင့် ကျွန်တော်တို့တွေဟာ စစ်နဲ့ပတ်သက်တဲ့ အခက်အခဲ တွေကို မကြိုက်ကြဘူး။ 

လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီးရှိနေခြင်းက ပြည်သူ တွေအတွက် ဘယ်လိုဖိအားတွေ ရှိစေလဲ။

လက်နက်ကိုင်ပြီး ပြည်သူကို ခြိမ်းခြောက်မယ်ဆိုရင် သေနတ်ဆိုတာ မကြောက်တဲ့လူမရှိဘူး။ လက်နက်တွေ များများကိုင်ထား ကြမယ်ဆိုရင် ပြည်သူတွေ ကြောက်လန့်မှုများမယ်။ ဒါပေမဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ အမျိုး သားလုံခြုံရေးအတွက် ကိုင်ကြရ တာမျိုးလည်း ရှိတာပေါ့။ ဘယ် လက်နက်ကိုင်အဖွဲ့ဖြစ်ဖြစ် လက် နက်ကိုင်အဖွဲ့အားလုံးက စနစ်တ ကျစည်းကမ်းရှိဖို့ လိုတယ်။ စည်း ကမ်းမရှိရင် ပြည်သူတွေအတွက် အန္တရာယ်များမှာပေါ့။ 

လက်ရှိ မွန်ပြည်နယ်မှာ ကြုံနေရ တဲ့ စိန်ခေါ်မှုအခက်အခဲတွေက ဘာတွေဖြစ်မလဲ။ 

နံပါတ်(၁)ပြဿနာက ကုန် ဈေးနှုန်းတွေ အရမ်းမြင့်မားလာ တယ်။ ကျွန်တော်တို့မွန်ပြည်နယ် ရဲ့အခြေခံစီးပွားရေးဟာ ရော်ဘာ ဖြစ်ပါတယ်။ ရော်ဘာဈေးနှုန်းမ တက်တဲ့အခါကျတော့ ဘာသာ ရေး လှူဒါန်းပွဲတွေ၊ ပညာရေး၊ ကျန်းမာရေးအခက်အခဲ အကျပ် အတည်းတွေအများကြီး ရင်ဆိုင် တွေ့ရပါတယ်။ ဒီအခက်အခဲအ ကျပ်အတည်းကို မွန်ပြည်နယ်အစိုးရအနေနဲ့ ရော်ဘာဝယ်ယူရေးကိစ္စကို နိုင်ငံတကာနဲ့ပူးပေါင်း ဆောင်ရွက်ပြီး တာဝန်ဝိုင်းယူပေး မယ်ဆိုရင် အင်မတန်မှ အဆင် ပြေမယ်လို့ ကျွန်တော်တို့ယူဆပါ တယ်။ ပြည်သူတွေကလည်း အ လုပ်အင်မတန်မှ ရှားပါးပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေက လည်း သောင်းနဲ့ချီပြီးတော့ မွန် ပြည်နယ်မှာ လာစုနေပါတယ်။ လာစုတဲ့အချိန်မှာ အလုပ်ရုံတွေ၊ စက်ရုံတွေ၊ အလုပ်ဌာနတွေအ ဆင်မပြေတော့ လုယက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ သူခိုး၊ ဓားပြ တွေ ပေါ်လာနိုင်တာပေါ့။ 

မွန်ပြည်သစ်ပါတီက NCA လက် မှတ်ထိုးခြင်းဖြင့် ဒေသဖွံ့ဖြိုးမှုအ တွက် ဘယ်လိုမျှော်လင့်ထားပါ သလဲ။

ဒီ NCA လက်မှတ်ထိုးထား တဲ့ ကရင်ပြည်နယ်မှာဆိုရင် ဒေသ ဖွံ့ဖြိုးရေးတွေ၊ လမ်း၊ တံတား၊ ကျောင်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်နဲ့ အလှူရှင်တွေက ပံ့ပိုးမှုတွေ ပိုလုပ်နိုင်တာတွေ့ရတယ်။ ကျွန်တော်တို့ မွန်ပြည်နယ်မှာ လည်း အလားတူဖွံ့ဖြိုးရေးတွေ အမြန်ဆုံးလုပ်ပေးမယ်လို့ မျှော် လင့်တယ်။ နိုင်ငံတော်အတိုင်ပင် ခံအနေနဲ့လည်း နိုင်ငံတကာရဲ့စီး ပွားရေးလုပ်ငန်းရှင်များကို ဖိတ် ခေါ်လာပြီး မွန်ပြည်နယ်အတွက် လုပ်ဆောင်ပေးမယ်ဆိုရင် ဒေသ ဖွံ့ဖြိုးမှုအင်မတန်မှ ထူးခြားလာ မယ်လို့ ယုံကြည်ပါတယ်။ 

ပြည်သူတစ်ဦးအနေနဲ့ NCA စာချုပ်အပေါ် ဘယ်လိုမြင်ပါသလဲ။ 

NCA ကို အကယ်၍ ညီညွတ်မှု၊ တရားမျှတမှု၊ နိုင်ငံတော်သမ္မ တ ဦးထင်ကျော်ပြောသလို ဗြဟ္မ စိုရ်တရားလေးပါးနဲ့ပေါ့နော်။ မျှမျှတတ၊ ညီညီညွတ်ညွတ်၊ သစ္စာရှိရှိနဲ့ လုပ်မယ်ဆိုရင် NCA ဟာ ကောင်းမွန်တဲ့လက္ခဏာလို့ပဲ မြင် တယ်။

လက်မှတ်ထိုးပြီဆိုတော့ အစိုးရ၊ တပ်မတော်နဲ့ မွန်ပြည်သစ်ပါတီတို့ကို ဘာတိုက်တွန်းချင်သလဲ။

 တကယ်စေတနာမှန်တဲ့၊ သစ္စာမှန်တဲ့လုပ်ရပ်မှန်ကို ဟန်မ လုပ်ဘဲ အမှန်လုပ်ဖို့ပဲ လိုတယ်။ အမှန်လုပ်လာရင် အောင်မြင် မယ်။ ဟန်လုပ်ရင်တော့ မအောင် မြင်ဘူးပေါ့။ တပ်မတော်နဲ့ တိုင်း ရင်းသားတွေဟာ တစ်မြေတည်း နေ တစ်ရေတည်းသောက် ပြည် ထောင်စုဖွား တိုင်းရင်းသားပါ။ မေတ္တာ၊ သစ္စာထားပြီးတော့ ပြည် သူတွေအကျိုးရှိအောင် သစ္စာရှိရှိ နဲ့ လုပ်ကြဖို့ပဲ လိုပါတယ်လို့ ကျွန် တော် ပြောချင်ပါတယ်။

ဘာများဖြည့်စွက်ပြောကြားလိုပါ သလဲ။

ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေ ပြည်သူတွေ အမြန်ဆုံးခံစားရဖို့လိုအပ်တယ်။ နိုင်ငံတော်နဲ့ မွန်ပြည်သစ်ပါတီ နှစ်ဖွဲ့စလုံးက ပြည်သူ့အကျိုးစီးပွားကို ဦးစားပေး ဆောင်ရွက်ပေးစေချင်ပါ တယ်။

ကျေးဇူးတင်ပါတယ်။

Top News