‘မင်းတို့ ထမင်းဝအောင်စားထား’တီရှပ်များနှင့် ဦးကိုနီလုပ်ကြံခံရမှုကို သရုပ်ဖော်သည့်အလှူ ဝေဖန်ခံနေရ

ရိုင်းစိုင်းပြီးလူမဆန်သောပြုမူချက်ဟု ရှေ့နေဦးနေလပြော
ဦးကိုနီ လုပ်ကြံခံရမှုအား ပြန်လည်သရုပ်ဖော်နေသည့်ပုံသဏ္ဍာန်ရိုက်ကူးထားသော ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံ (ဓာတ်ပုံ − Min Thet Naing FB)

မင်းတို့ ထမင်းဝအောင်စားထားစာတန်းပါ အင်္ကျီများဝတ်ဆင်ကာမုန့်ဟင်းခါးကျွေးအလှူလုပ်ပြီး ကြည်လင်းက ဦးကိုနီကို လုပ်ကြံခဲ့သည့် မြင်ကွင်းအတိုင်း  သာကေတမြို့နယ်တွင် ပုံဖော်ခြင်းအပေါ် အာဏာပိုင်များအနေဖြင့် အရေးယူသင့်ကြောင်း ရှေ့နေများနှင့် ပြည်သူများက ဝေဖန်နေသည်။

ဖေဖော်ဝါရီ ၁၀ ရက်က သာကေတမြို့နယ်၌ အမျိုးသား ရေးလှုပ်ရှားသူတစ်ဦး၏နေအိမ် တွင် ၎င်း၏သား(၂)နှစ်ပြည့်မွေး နေ့အလှူဆိုကာ ထမင်းဝအောင် စားထားစာတန်းပါ အင်္ကျီဝတ် ဆင်ပြီး လေဆိပ်တွင် တရားလွှတ် တော်ရှေ့နေဦးကိုနီက ကလေး ချီထားစဉ် သေနတ်သမားကြည် လင်းက နားထင်နောက်ကို သေ နတ်ဖြင့်တေ့၍ လုပ်ကြံခဲ့သည့်ပုံစံအတိုင်းပုံဖော်ထားသည့်ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်။ 

ထိုသို့ပျံ့နှံ့လာသည့်ဓာတ်ပုံ များအောက်တွင် လူမှုကွန်ရက် အသုံးပြုသူများက ‘‘ဥပဒေကို မထေမဲ့မြင်လုပ်တာ S ဂရုမစိုက် ဘူး ဆိုတဲ့သဘော’’ ‘‘ဥပဒေထက် အစိုးရကို လုံခြည်လှန်ပြတာ’’ ‘‘သူတို့က အထူးသီးသန့်အခွင့်ထူး ခံစော်ကားခွင့်လိုင်စင်ရထားတာ လား?’’ အထဲက တရားရုံးကို ဂရု မစိုက်ရင် နိုင်ငံတကာ ခုံရုံးက လာပြီး တရားစီရင်ပေးလိမ့်မယ်’’ဟူ သော  မှတ်ချက်များရေးသားခဲ့ သည်။ မင်းတို့ထမင်းဝအောင် စားထားစာတန်းပါအင်္ကျီကို ဝတ်ဆင်၍ လူသတ်သမားကြည်လင်းကို ထောက်ခံအားပေးကြောင်း တရားရုံးထိ လာရောက်ဝန်းရံခဲ့သူ အမျိုးသားရေးလှုပ်ရှားသူလေးဦး ကို ဖေဖော်ဝါရီ ၆ ရက်တွင် ဖမ်း ဝရမ်းထုတ်ပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်တွင် သာကေတမြို့နယ်ရှိ အမျိုးသားရေးလှုပ်ရှားသူများက ထိုအင်္ကျီများဝတ်ဆင်ကာ ကြည် လင်းကသတ်ခဲ့သည့် ပုံစံအတိုင်း ပုံဖော်ခဲ့ခြင်းဖြစ်သည်။ 

ပျံ့နှံ့လာသော ဓာတ်ပုံများ  တွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှ စော်ကားရေး သားမှုကြောင့် ထောင်ခြောက်လ ကျခဲ့ဖူးသူ ပဲခူးမြို့မှ စန္ဒီမြင့်အောင်ကလည်း ထမင်းဝအောင်စားထားအင်္ကျီကိုဝတ်ဆင်၍ လက်ညှိုးထိုးထားသည့် ဓာတ်ပုံလည်း  ပါဝင်သည်။ လုပ်ကြံခံရသူ ဦးကိုနီ၏ရှေ့နေနှင့် ကြည်လင်းအား ထောက်ခံသူလေးဦးကို အရေးယူပေးရန်တောင်းဆိုခဲ့သော ရှေ့နေများက သာကေတ၌ လေဆိပ်တွင် လူသတ်သည့် မြင်ကွင်းအား ပုံဖော်ခြိမ်းခြောက်သည့်  စာတန်းပါ အင်္ကျီ ဝတ်ဆင်သူများကို အာဏာပိုင်များက အရေးယူသင့်ကြောင်း ပြောသည်။ 

ထို့ပြင် လုပ်ကြံခံရသူ ဦးကိုနီ၏ရှေ့နေ ဦးနေလက‘‘ကလေးချီ ထားတဲ့ လူတစ်ယောက်ကို သတ် လိုက်လို့ရှိရင်  ကလေးပါတွေ့ သွားမလားဆိုတဲ့ ခံစားချက်တစ်ခုက ရင်ထဲမှာ တော်တော်ပြင်းထန်တယ်။ ဒီလိုဖြစ်ရပ်ဟာဆိုရင် နိုင်ငံတကာမှာရှိတဲ့အဖြစ်အပျက်တွေနဲ့ယှဉ်ကြည့်မယ်ဆိုရင် အင်မတန်ရိုင်းစိုင်းသော၊ လူမဆန်သောပြုမူချက်လို့ ပြောချင်တယ်။ ဗမာနိုင်ငံက   လူတွေ အဲဒီလောက်ရိုင်းစိုင်းသလားလို့ နိုင်ငံတကာက လူတွေ ပြောကြမှာကို စိုးရိမ်တယ်။ အဲဒီ လောက်ပဲ ပြောချင်တယ်’’ ဟု ပြောသည်။ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းဥက္ကဋ္ဌ ဦးစိန် ချမ်းဝင်းက သာကေတတွင် မွေး နေ့အလှူလုပ်စဉ် လူသတ်မှုကို အားပေးထောက်ခံခြင်း  ပုံဖော် ခြင်းသည် ပထမဆုံး ထိုသို့ပြုလုပ် သူများကို ဖမ်းဝရမ်းထုတ်ပြီးသား ဖြစ်၍ နောက်ဆက်တွဲပြုလုပ်လာ မှုများကို ပြည်ထဲရေးက အရေး ယူသင့်ကြောင်း ပြောသည်။ 

တရားရုံးတွင် ထမင်းဝ အောင်စားထား စာတန်းပါအင်္ကျီ များဝတ်၍ ကြည်လင်းကို အား ပေးဝန်းရံသူကို အရေးယူပေးရန် ပြည်ထောင်စုတရားလွှတ်တော် ချုပ်သို့ စာပို့တိုင်တန်းခဲ့သည့် ရှေ့ နေများတွင်ပါဝင်သည့် ဦးစိန်ချမ်းဝင်းက ‘‘သူတို့ အဲဒီလိုမျိုး တစ်ခါပြောလို့ ကျွန်တော်တို့ နောက်ထပ်တစ်ခါ  ထပ်ရှင်းနေရမယ်ဆိုလည်း အတောမသတ်ဖြစ်သွားမယ်။ တကယ်လည်း အာဏာပိုင်အဖွဲ့အစည်းတွေကနေ ဒါကို ရှေ့ကလည်း ဖမ်းထားပြီဗျာ။ ဒါကို ကျွန်တော်တို့က ပြောနေစရာမှ မလိုတာ’’ ဟု ဆိုသည်။ 

ဖမ်းဝရမ်းထုတ်ထားသူများ အား ထောက်ခံအားပေးသူများကို ဥပဒေပုဒ်မ ၂၁၂ ဖြင့် အရေးယူနိုင်ကြောင်း ရှေ့နေ ဦးနေလက ပြောသည်။ 

‘‘ထွက်ပြေးနေတဲ့သူတွေကို အားပေးကူညီတာက  ပြစ်မှု မြောက်တယ်လို့ ထင်ပါတယ်။ တရားရုံးဝင်လာတဲ့ လေးယောက် စလုံးက လာတုန်းကတော့ ချိုး ပြောမိုးပြောပဲ။ပြီးတော့ထွက်ပြေး တယ်။ ထွက်ပြေးတဲ့သူတွေအား လုံးကို ကိုယ်စားပြုတဲ့လူတွေအား လုံးက ၂၁၂ နဲ့ ငြိစွန်းတယ်။ အရေးယူဖို့ သင့်တယ်လို့ ယူဆတယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။ 

သာကေတမြို့နယ်လွှတ် တော်ကိုယ်စားလှယ် ဒေါ်သက် ထားနွယ်ဝင်းက ၎င်း၏မြို့နယ် တွင် ထိုသို့ ဖြစ်ခဲ့ခြင်းအတွက် သက်ဆိုင်ရာက  အရေးယူမည် ထင်ကြောင်းနှင့်  စောင့်ကြည့်နေ ကြောင်း ဖြေကြားသည်။ 

‘‘အလှူလုပ်တာတော့ ကြား လိုက်တယ်။ ကလေးချီထားတဲ့သူ ကို နောက်ကနေ သေနတ်နဲ့ပစ်တဲ့ ပုံက ဖေ့စ်ဘွတ်ခ်ပေါ်တက်လာမှ တွေ့တာ။ မလုပ်သင့်ပါဘူး’’ဟု သာကေတမြို့နယ်တွင် အသုပ် ရောင်းသည့် မမြိုင်က ဆိုသည်။

သားအတွက် အလှူပြုလုပ်သည့် မျိုးချစ်သွေးဓမ္မကွန်ရက်မှ တင်လင်းထိုက်က  ‘‘ကျွန်တော်လည်း မသိဘူး။  လာတဲ့သူတွေက သူတို့ဘာသာ သူတို့ဝတ်လာတဲ့ အင်္ကျီတွေပါ’’ ဟု 7Day Daily သတင်းစာအား ဖြေကြားသည်။