နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ယနေ့တွေ့ဆုံမည်

ဘောရစ်ဂျွန်ဆင် ရခိုင်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ရန် စီစဉ်ထား
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်တို့ ၂၀၁၇ ဇန်နဝါရီ ၂၀ ရက်က တွေ့ဆုံနေစဉ် (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘောရစ်ဂျွန်ဆင်တို့သည် ယနေ့ (ဖေ ဖော်ဝါရီ ၁၁ ရက်)တွင် နေပြည်တော်၌ တွေ့ဆုံမည်ဖြစ်သည်။

ယမန်နေ့ညက နေပြည်တော်သို့ရောက်ရှိလာသော ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးသည် ယနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံကာ မွန်းလွဲပိုင်း၌ စစ်တွေမြို့သို့ သွားရောက်မည်

ဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ရှင်းပြသည်။

‘‘နိုင်ငံတော်အတိုင်ပင်ခံနဲ့ပဲ တွေ့မှာပါ။ မနက်ဖြန် နေ့လယ် ပိုင်းမှာ စစ်တွေကို ခေါ်သွားပါ့ မယ်။ အဲဒီမှာ ပြည်နယ်တာဝန်ရှိ သူတွေနဲ့ တွေ့ပါမယ်။ စစ်တွေ ပတ်ဝန်းကျင်က စခန်းတွေပြဖို့ စီစဉ်ထားပါတယ်’’ဟု အမြဲတမ်း အတွင်းဝန်က ယမန်နေ့က ဆို သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး သည် မြန်မာခရီးစဉ်မတိုင်မီ ဘင်္ဂ လားဒေ့ရှ်သို့ ပြီးခဲ့သည့် ရက်ပိုင်း က ဝင်ရောက်ခဲ့ပြီး ဝန်ကြီးချုပ် မစ္စက်ရှိက်ဟာဆီနာ၊ နိုင်ငံခြား ရေးဝန်ကြီး မိုဟာမက်အလီတို့နှင့် သီးခြားစီတွေ့ဆုံပြီး ရခိုင်ပြည် နယ်မှ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်သူများအရေး ဆွေး နွေးခဲ့ကြောင်း ဒါကာအခြေစိုက် သတင်းဌာနများက ဖော်ပြသည်။

‘‘လူတွေ ကျူးလွန်တဲ့ ဒီဖြစ် ရပ်ဆိုးကို မှန်ကန်တဲ့ နိုင်ငံရေး စွမ်းအားနဲ့ ဖြေရှင်းရပါလိမ့်မယ်။ ပါဝင်ပတ်သက်သူအားလုံးဆီက နေ စိတ်ရှည်မှု၊ ပူးပေါင်းဆောင် ရွက်မှုတွေနဲ့ပေါ့။ ဒီဆိုးရွားတဲ့ အ ကျပ်အတည်းကို ဖြေရှင်းဖို့ အတူ တကွ ဘယ်လိုအလုပ်လုပ်လို့ရ မယ်ဆိုတာကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ ဝင် ဒေသတွင်းခေါင်းဆောင်တွေ နဲ့ ကျွန်တော်စကားပြောသွားမှာ ပါ’’ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး က Dhaka Tribune သို့ ပြော သည်။

နိုင်ငံခြားရေးဝန်ကြီး ဘော ရစ်ဂျွန်ဆင်သည် မြန်မာနိုင်ငံခရီး စဉ်အပြီးတွင် ထိုင်းနိုင်ငံဝန်ကြီး ချုပ် ပရာယွတ်နှင့် တွေ့ဆုံမည် ဖြစ်သကဲ့သို့ ရခိုင်ပြည်နယ်ဆိုင် ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ရေးကော် မတီအကြံ ပေးအဖွဲ့ခေါင်းဆောင်ဆူရာကီ ရတ်ဆာသီယာထိုင်းနှင့် လည်း တွေ့ဆုံရန်စီစဉ်ထား သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်သည် ၂၀၁၇ ဇန်နဝါရီတွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံဒီမိုကရေစီကူးပြောင်းမှု ဖြစ်စဉ် မပြီးဆုံးသေးကြောင်းနှင့် မိတ်ဆွေနိုင်ငံအနေဖြင့် မြန်မာ နိုင်ငံကို အပြည့်အဝကူညီထောက် ပံ့ရန် ကမ်းလှမ်းမည်ဖြစ်ကြောင်း ပြောကြားသည်။

More in News Section