ဗေဒင်ဆရာအောင်ချစ်ပိုကို သရုပ်ဆောင်ဒိန်းပိုပိုဒေါင် အမှုဖွင့်

ကိုယ်ဝန်ကိုးလဖြင့် ဗေဒင်သွားမေးစဉ် လိင်ပိုင်းဆိုင်ရာ ထိပါးခံခဲ့ရသည်ဟု သက်သေအမျိုးသမီးတစ်ဦး ထုတ်ဖော်ပြောကြားလာ
သရုပ်ဆောင်ဒိန်းပိုပိုဒေါင်က စမ်းချောင်းမြို့မရဲစခန်းတွင် ဗေဒင်ဆရာအောင်ချစ်ပိုကို အမှုဖွင့်ပြီးနောက် သတင်းထောက်များ၏ မေးမြန်းမှုကို ယမန်နေ့က ဖြေကြားနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ကိုးထပ်ကြီးဘုရားတွင် ဗေဒင်ဟော သည့် ဗေဒင်ဆရာအောင်ချစ်ပိုကို သရုပ် ဆောင် ဒိန်းပိုပိုဒေါင်က စမ်းချောင်းမြို့မရဲ စခန်း၌ ယမန်နေ့တွင် အမှုဖွင့်ခဲ့သည်။

ဗေဒင်ဆရာအောင်ချစ်ပိုကို ကာယိနြေ္ဒ ပျက်စီးရန် လက်ရောက်ကျူးလွန်မှုပုဒ်မ ၃၅၄ နှင့် ရာဇဝတ်မကင်းသော ခြောက်လှန့်မှုပုဒ်မ ၅၀၆ တို့ဖြင့် ဖေဖော် ဝါရီ ၇ ရက်က အမှုဖွင့်ပြီး နစ်နာသူ အမျိုးသမီးရှစ်ဦးကလည်း ယင်းဖြစ်ရပ်မှန်ကန်ကြောင်း သက်သေလိုက်ပေးခဲ့သည်။

သက်သေအမျိုးသမီးအချို့မှာ မျက်နှာဖုံးများ တပ်ဆင်ကာရဲစခန်းသို့ လိုက်ခဲ့ကြခြင်းဖြစ် သည်။

သက်သေ လိုက်ပေးသည့် အမျိုးသမီးတစ်ဦးသည် လွန်ခဲ့ သော လေးနှစ်ခန့်က ၎င်းကိုယ်ဝန် ကိုးလရှိချိန်တွင် ကိုးထပ်ကြီး ဘုရားရှိ ဗေဒင်ဆရာ အောင်ချစ် ပိုထံ ဗေဒင်သွားမေးရာ ၎င်းနှင့် ဗေဒင်အချိန်အရ ညနေ ၅ နာရီခွဲ တွင် အတူနေရန် ချိန်းဆိုခြင်းခံရ ပြီး လိင်ပိုင်းဆိုင်ရာ ထိပါးခံရ ကြောင်း မီဒီယာများအား ဖြေ ကြားခဲ့သည်။

ယခု အသက် (၂၅)နှစ် အ ရွယ် အိမ်ထောင်ရှင်တစ်ဦးဖြစ် သည့် အဆိုပါ အမျိုးသမီးက ‘‘အဝါရောင် ဆေးဘူးလေးကို လှုပ်ပြီးတော့ နားရွက်နားကနေ စလိမ်းတယ်။ နားရွက်ကနေ ရင်ဘတ် သွားမယ်။ ရင်ဘတ်ကနေ ပေါင် ဆင်းသွားမယ်။ ပြီးသွားလို့ရှိရင် လိင်အင်္ဂါကို သွားမယ် လိမ်းမယ်။ ပြီးသွားရင် ဘာစည်းရုံးလဲ ဆို တော့ တနင်္ဂနွေ သားနဲ့နေရမယ် ပြောတယ်။ နေ့နဲ့ နံနဲ့ စည်းနဲ့ တား ပြီးတော့ သူ့ဗေဒင်ဟောခန်းကို ၅ နာရီခွဲ ပြန်လာရမယ်ပြောတယ်။ နေရမယ် ခဏပဲ။ အဲဒီလို နေတာ တောင်မှ သူက ကျွန်မတို့ကို တော်တော်လေး ဒုက္ခရောက်နေလို့ ကူညီတာ။ သူကူညီမှ ဒီကိစ္စအဆင်ပြေမှာ။ ကျွန်မအနေနဲ့ကတော့ ရောဂါရှိတယ်လို့ ငြင်းလိုက်တယ်။ ရောဂါရှိတယ် ပြောလိုက်တော့ မကူညီပေးနိုင်ဘူးဖြစ်သွားရော’’ဟု အဆိုပါ အမျိုးသမီးက မီဒီယာများအား ဖြေကြားသည်။ သို့သော် အဆိုပါ အမျိုးသမီးတွင် ရောဂါမရှိပေ။

ထိုအချိန်က ကိုယ်ဝန်ကိုးလ လွယ်ထားရသော်လည်း ခန္ဓာ ကိုယ်ပိန်သဖြင့် မပေါ်လွင် ကြောင်း၊ ၎င်း၏ ကိုယ်ဝန်နှင့်ပတ် သက်၍ ဗေဒင်မေးမြန်းခဲ့ကြောင်း ပြောသည်။

‘‘ကျွန်မက ကိစ္စတစ်ခုမေး ရင် သူက စိုးရိမ်ရတယ် ပြော တယ်။ ဖြစ်မှာ။ အဲဒီကိစ္စက ဖြစ် မှာ။ အိမ်ထောင်ရေး၊ စီးပွားရေး အကုန် အဆင်မပြေဘူး ပြော တယ်။ သူက ကူညီတယ်၊ အဖေ လိုသဘောထား ရှက်စရာမလို ဘူး။ ပွင့်ပွင့်လင်းလင်းပြော။ သူ က ဒီကိစ္စတွေလုပ်ပြီးသွားရင် အာပတ်ဖြေရမှာ။ ကန်တော့ပွဲဖိုး တောင် ဘယ်လောက်ကုန်တယ် ဆိုပြီး ပြောတယ်’’ ဟု အဆိုပါ အမျိုးသမီးက မီဒီယာများအား ပြောကြားသည်။

သရုပ်ဆောင် ဒိန်းပိုပိုဒေါင် က လွန်ခဲ့သည့် ခြောက်နှစ်က ဗေဒင်ဆရာ အောင်ချစ်ပိုထံ ဗေဒင်မေးရာတွင် လိင်ပိုင်းဆိုင် ရာ ထိပါးခံရကြောင်း လူမှုကွန် ရက်မှတစ်ဆင့် မကြာမီရက်ပိုင်း က ဖွင့်ဟခဲ့သည်။

‘‘၁၀ တန်းတုန်းကပါ။ အချစ်ရေးတို့၊ စာမေးပွဲလည်း နီး တော့ ပညာရေးတို့ အစုံသွားမေး တာ။ အချစ်ရေးမေးမယ်ဆိုတော့ သူငယ်ချင်းကို အပြင်ထွက်နေ ခိုင်းတယ်။ ပြီးတော့ အချစ်ရေး ကောင်းချင်ရင် ရွှေရောင်ပူးနေတဲ့ စုံတွဲရုပ်လေး ရင်ဘတ်ထဲထည့်ရ မယ်ပြောတယ်။ ကိုယ့်ဘာသာ ထည့်မယ်ဆိုတာ သူထည့်ပေးမှ ရမှာတဲ့။ ဆီမန်းဆိုပြီး ဆီလည်း ရင်ဘတ်ကို သုတ်တယ်။ အဲဒီ တုန်းက အိမ်က ဗေဒင်မေးတာကို  တောင် ကြိုက်တာမဟုတ်တော့ ပြန်မပြောရဲဘူး။ သူငယ်ချင်းကိုပဲ ပြောပြတယ်။ သူက သူငယ်ချင်း တို့၊ မိဘတို့ကို ပြန်ပြောရင် စာမေးပွဲမအောင်ဘူး။ ချစ်သူကလည်း ပစ်မယ်။ အသက်အန္တရာယ်နဲ့ တောင် ခြိမ်းခြောက်တယ်’’ဟု ဒိန်း ပိုပိုဒေါင်က 7Day Daily သတင်းစာအား ဖေဖော်ဝါရီ ၃ ရက်တွင် ဖြေကြားထားသည်။

သရုပ်ဆောင် ဒိန်းပိုပိုဒေါင် က ၎င်းကို အမှုဖွင့်ခြင်းသည်လည်း နာမည်ကြီးလိုခြင်းကြောင့် စွပ်စွဲ ခြင်းဖြစ်ကြောင်း ဗေဒင်ဆရာ အောင်ချစ်ပိုကပြောသည်။

၎င်းတို့ကို ဗေဒင်ဆရာ စံဇာ ဏီဘိုက ထောက်ခံသဖြင့် အား တက်မိကြောင်း အမှုဖွင့်သည့် ရဲစခန်းရှေ့တွင်  ဒိန်းပိုပိုဒေါင်က ပြောကြားသည်။ ကျော်ကြား သည့် ဗေဒင်ဆရာစံဇာဏီဘိုက ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရသည့်အကြောင်းနှင့် မိန်းကလေးများ ဗေဒင်ဆရာက လိင်ပိုင်းဆိုင်ရာ ထိပါးပါက လူမှုကွန်ရက်တွင် ချက်ချင်းတင်စေ ချင်ကြောင်း မီဒီယာတစ်ခုသို့ ဖြေ ကြားထားသည်။

ဗေဒင်ဆရာ စံဇာဏီဘိုက ထိုသို့ပြောဆိုခြင်းကို ဗေဒင်ဆရာ အောင်ချစ်ပိုက ‘‘ပညာရှိတစ် ယောက်လို ပြောရမှာ။ ဆရာဇင် ယော်နီဆို ကောင်းတဲ့လူ ကောင်း သလိုဖြစ်မယ်။ မကောင်းတဲ့သူ မကောင်းသလို ဖြစ်မယ်ဆိုပြီး ပြောတယ်။ အခုလို အဖြူအမည်း မသဲကွဲခင်အချိန်မှာ ဒီလိုပြောတာ က တရားစွဲလို့တောင် ရတယ်။ ဒါပေမဲ့ ကျွန်တော် မစွဲပါဘူး။ အခုတချို့ကို စွဲရတာကလည်း ကျွန် တော့်အကျိုးစီးပွားကို လာတိုက် ခိုက်လို့ပါ။ သူတို့က တောင်းပန် မယ်ဆို ပြန်ကျေအေးပေးမှာပါ’’ ဟု ပြောသည်။

ဗေဒင်ဆရာအောင်ချစ်ပိုကို ဒိန်းပိုပိုဒေါင်က အမှုမဖွင့်မီ အ သက်(၂၁)နှစ်အရွယ်နည်းပညာ တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်း သူတစ်ဦးက အမှုဖွင့်ထားသေး သည်။

သို့သော် ဗေဒင်ဆရာအောင် ချစ်ပိုက ၎င်းအားအမှုဖွင့်သည့် ကျောင်းသူကို ၆၆(ဃ)ဖြင့် ပြန် လည်အမှုဖွင့်ခဲ့သည်။ ထို့အပြင် အမျိုးသမီးငယ်များကို ဗေဒင်ဆ ရာက ထိပါးစော်ကားကြောင်းအ သေးစိတ်ရေးသားထားသည့်ပို့စ် များပြန်လည်မျှဝေသူ Phyo Wai Win အကောင့်ပိုင်ရှင်ကိုပါဗေဒင် ဆရာအောင်ချစ်ပိုက တရားစွဲ ထားသည်။

ဗေဒင်ဆရာအောင်ချစ်ပိုကို လတ်တလောတွင် ကိုးထပ်ကြီး ဘုရား၌ ဗေဒင်ဆိုင်ခန်းဖွင့်ခွင့်နှင့် ဗေဒင်ဆရာကြီး မင်းသိင်္ခ၏ မရမ်းတ လင်းအယူတော်မင်္ဂလာခြံသို့ လာရောက်ခွင့်ကိုလည်း ပိတ်ခံထားရသည်။ စွပ်စွဲမှုများနှင့်ပတ်သက်၍ ဗေဒင်ဆရာအောင်ချစ်ပိုက မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။

More in News Section