ကြက်သွန်နီဈေးကွက် အဖြေခက်နေဆဲ

ကြက်သွန်နီသည် မီးဖိုဆောင်သုံးသီးနှံများတွင် အဓိကကျသည့်အတွက် ဈေးအတက်အကျမှာ အိမ်ရှင်မများအတွက် အလွန်အရေးကြီးသည် (ဓာတ်ပုံ-ကျော်ဇင်သန်း)

ဆောင်းကြက်သွန် ထွက်ချိန် မတ်လရောက်ရန် တစ်လသာ လိုတော့ ချိန်တွင် အောင်လံမြို့မှကြက်သွန် စိုက်တောင်သူဦးဝင်းဦး၏ မျှော် လင့်ချက်များ တစ်စတစ်စ အ ရောင်ဖျော့လာပြီဖြစ်သည်။ စိုက် ခဲ့သည့်သက်တမ်း ၁၀ နှစ် အတွင်း ကြက်သွန်ထွက်ခါနီးတိုင်း ယခုလို မရေမရာအခြေအနေမျိုး ဖြစ်ခဲ့ သည်မှာ သုံးကြိမ်ထက်မနည်းရှိခဲ့ ပြီ။ ရာသီဥတုဖျက်မှာ စိုးရိမ်ရ၊ ရာသီဥတုကောင်း၍ ကြက်သွန်အ ထွက်ကောင်းပြန်တော့လည်းဈေးမရမှာစိုးရိမ်ရနှင့် ကြက်သွန်နီ ရာသီတိုင်း သူရင်ခုန်ခဲ့ရသည်။

ယမန်နှစ်အောက်တိုဘာအ တွင်း စိုက်ပျိုးခဲ့သည့်မိုးကြက်သွန် များထွက်ချိန်နှင့် ဆောင်းကြက် သွန်ပင်ပျိုးပင်စထွက်ချိန်များတွင် အချိန်အခါမဟုတ်မိုးများ ရွာသွန်း ခဲ့သဖြင့် ကြက်သွန်နီစိုက်ခင်းများ ပျက်စီး၍ ပြည်တွင်းကြက်သွန်နီ ဈေးနှုန်း နှစ်ကြိမ်တိုင်တိုင် မြင့် တက်ခဲ့သည်။ပုံမှန်အားဖြင့် ကြက်သွန်နီတစ်ပိဿာ ကျပ် ၂,၀၀၀ ဈေးသာရှိသော်လည်း ယမန်နှစ် ဒီဇင်ဘာအတွင်း တစ်ပိဿာလျှင် ကျပ် ၃,၈၀၀၊ ဇန်န၀ါရီနှစ်ဆန်း ပိုင်းတွင်မူ ကျပ် ၅,၀၀၀ခန့်ရောက်ရှိလာသည်။

ထို့ကြောင့် မတ်လကုန်တွင် ထွက်တော့မည့်ကြက်သွန်ခင်းများ မှ အမြတ်အစွန်းရရှိမည်ဟု ဦးဝင်း ဦးမျှော်လင့်ခဲ့သည်။ သို့သော်ဇန်န ၀ါရီလကုန်မှစ၍ ကြက်သွန်နီဈေး က တရိပ်ရိပ်ပြန်ကျလာရာလက်ရှိတွင် တစ်ပိဿာ ကျပ် ၁,၂၀၀ မှ ၁,၇၀၀ အထိသာ ပေါက်ဈေးရှိ တော့သည်။ ထို့ကြောင့် မျှော်လင့် ချက်များ မရေမရာဖြစ်လာပြီဟု ဦးဝင်းဦးက ညည်းတွားသည်။

‘‘အခုက မြတ်၊ မမြတ်မသေ ချာဘဲ လုပ်နေရသလိုဖြစ်နေ တယ်’’ ဟု ဦးဝင်းဦးကဆိုသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီ ကို မိုးကြက်သွန်နှင့် ဆောင်းကြက် သွန်ဟူ၍ နှစ်ကြိမ်စိုက်ပျိုးပြီး စိုက် ဧကအားဖြင့် ဆောင်းကြက်သွန်နီ က ပိုများသည်။ မြန်မာတစ်နိုင်ငံ လုံးတွင် မိုးကြက်သွန်စိုက်ဧက ၈,၅၀၀ ကျော်သာရှိပြီး ဆောင်း ကြက်သွန်စိုက်ဧကမှာမူ တစ်သိန်း လေးသောင်းကျော်ရှိကြောင်းစိုက်ပျိုးရေးဦးစီးဌာန စာရင်းဇယားများ တွင်ဖော်ပြထားသည်။

မိုးကြက်သွန်ကို အောက်တို ဘာအတွင်း စိုက်ပျိုးပြီးသက်တမ်း မှာ ရက်ကိုးဆယ်ခန့် ကြာမြင့် သည်။ ဆောင်းကြက်သွန်ကို ဇန်န ၀ါရီလဆန်းတွင် စိုက်ပျိုးကြကာ မတ်လကုန်တွင် ကြက်သွန်များ တူးဖော်ရောင်းချကြသည်။

ကြက်သွန်နီကိုစစ်ကိုင်းတိုင်း တွင် မုံရွာ၊ မြင်းမူမြို့၊မန္တလေးတိုင်း တွင် မြင်းခြံ၊ ပျော်ဘွယ်၊ မြစ်သား မြို့နှင့် မကွေးတိုင်းတွင် ပခုက္ကူ၊ ဆိပ်ဖြူ၊ တောင်တွင်းကြီး၊ ရေနံ ချောင်းမြို့တို့တွင် အဓိကစိုက်ပျိုး သည်။ မြန်မာနိုင်ငံတွင် ပုံမှန်အား ဖြင့် တစ်နှစ်လျှင် ပိဿာချိန်သိန်း ၃,၀၀၀ ခန့်ထွက်ပြီး ကြက်သွန်အ ထွက်ကောင်းပါက ပိဿာချိန် သိန်း ၄,၅၀၀ ခန့်၊ အထွက်နှုန်း လျော့ပါက ပိဿာချိန်သိန်း၂,၅၀၀ခန့်ထွက်ကြောင်း ကြက်သွန်ကုန် သည်များက ပြောသည်။

ယမန်နှစ် အောက်တိုဘာလ ကုန်မှစ၍ မြန်မာနိုင်ငံအနှံ့အပြား တွင် မိုးရွာသွန်းသဖြင့် စိုက်ခင်းမြေအစိုဓာတ်လွန်ကဲကာ ကြက်သွန်နီ များ ပျက်စီးကုန်ခြင်း၊ ကြက်သွန်နီ အထွက်နှုန်းလျော့ကျခြင်းတို့ ဖြစ် ခဲ့သည်။ ထို့ကြောင့် ဈေးကွက်အ တွင်းကြက်သွန်နီဈေးများ မြင့် တက်ခဲ့သည်။

မိုးကြက်သွန်ခင်း ပျက်စီးမှု နည်းသည့်တောင်သူများက ထွက် သည့်ကြက်သွန်နီများကို ဈေး ကောင်းဖြင့် ရောင်းချနိုင်ခဲ့သော် လည်း ပြည်သူများက ဈေးကြီးပေး ၀ယ်စားရသည်။

လက်လီဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ကျပ် ၂,၅၀၀ မှ ၃,၈၀၀ အထိပေါက်ဈေး ရှိခဲ့ပြီး ကြက်သွန်ဈေးကျစေရန် အစိုးရက တရုတ်နိုင်ငံမှကြက်သွန်  နီများ တင်သွင်းခွင့်ကို ယမန်နှစ် နိုဝင်ဘာလကုန်တွင် စတင်ခွင့်ပြု ခဲ့သည်။ တရုတ်ကြက်သွန်နီများ သည် တစ်ပိဿာကျပ် ၁,၇၀၀ ဈေးဖြင့် ပြည်တွင်းဈေးကွက်သို့ ၀င်ရောက်လာသည်။ သို့သော် တရုတ်ကြက်သွန်နီသည် အရည် ရွှမ်းပြီး အရည်အသွေးမကောင်း သဖြင့် ပြည်တွင်းစားသုံးသူများ ကြိုက်နှစ်သက်ခြင်း မရှိသော ကြောင့် ကြက်သွန်နီဈေးကျစေရန် အထောက်အကူမဖြစ်ကြောင်း ကြက်သွန်ဒိုင်များကဆိုသည်။

‘‘ဒီနှစ်ကတော့ မိုးဖျက်လို့ ကြက်သွန်ခင်းတွေပျက်စီးပြီး ဈေး တွေတက်တာပါ။ အခင်းမပျက်စီး တဲ့တောင်သူတွေ အကျိုးအမြတ် ရပေမယ့် အခင်းပျက်စီးတဲ့တောင် သူတွေက အရှုံးပေါ်တဲ့အပြင် ဈေး ကလည်းတက်တော့ ၀ယ်စားရတဲ့ ပြည်သူတွေနစ်နာပြန်ရော’’ ဟု မန္တလေးတိုင်း ကျောက်ပန်း တောင်းမြို့ ကြက်သွန်စိုက်တောင် သူဦးဘရှိန်က ပြောသည်။

သို့ဖြစ်ရာ တောင်သူလည်း အကျိုးရှိ၊ စားသုံးသူများအတွက် လည်း ဈေးသက်သက်သာသာ ၀ယ်ယူနိုင်အောင် အစိုးရက၀င် ရောက် ထိန်းညှိပေးသင့်ကြောင်း ကြက်သွန်စိုက်တောင်သူများနှင့် ကုန်သည်များကဆိုသည်။

‘‘နှစ်ဦးနှစ်ဖက် ရေရှည်အ ကျိုးစီးပွားအတွက်ဆိုရင် တောင် သူတွေကလည်း ရာသီဥတုအခြေ အနေကို မစိုက်ပျိုးခင်မှာ ကြိုတင် သိရှိရမယ်။ သီးနှံတွေလှိုင်လှိုင်ပေါ် ချိန်မှာလည်း ကုန်သည်တွေ ဈေး မကစားနိုင်အောင် အစိုးရက တစ် ခုခုစီစဉ်ပေးရမယ်။ အဲဒီလိုဆို အဆင်ပြေနိုင်ပါတယ်’’ ဟုတောင် သူဦးဘရှိန်ကပြောသည်။

သို့သော် ယခုနှစ်တွင် ဆောင်းကြက်သွန်နီပျိုးပင်စတင် စိုက်ပျိုးသည့် ရာသီဖြစ်သည့် ဇန် န၀ါရီလဆန်းပိုင်းတွင်လည်း မိုး များရွာသွန်းမှုကြောင့် ကြက်သွန်နီ စိုက်ဧက ၂,၅၀၀ ကျော်ရေမြုပ်ခဲ့ ကြောင်း စိုက်ပျိုးရေးဦးစီးဌာနစာ ရင်းများတွင် ဖော်ပြထားသည်။

ရေနစ်မြုပ်ခဲ့သည့် ကြက် သွန်နီစိုက်ခင်းဧက ၂,၅၀၀ ကျော် အနက်ဧက ၆၀၀ ကျော် ပျက်စီး ပြီး ပျက်စီးသည့်ဧကအများစုသည် ချောင်းအစပ်၊ မြစ်အစပ်ရှိ စိုက် ခင်းများဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဆောင်းကြက်သွန်စိုက်ခင်း မပျက်စီးဘဲ ကျန်ရှိသည့်တောင်သူ များကတော့ တရိပ်ရိပ်ပြန်လည် ကျနေသည့်ကြက်သွန်နီဈေးနှုန်း များကြောင့် ရင်ပူနေပြီဖြစ်သည်။

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ပုံမှန်အားဖြင့် တစ်နေ့လျှင်ကြက် သွန်ကုန်တင်ကား ၂၅ စီးခန့် ၀င် ရောက်လေ့ရှိပြီး ကြက်သွန်ပေါ် ချိန်တွင် အစီး ၅၀ ခန့်၊ ကြက်သွန် ရှားချိန်၌ ၁၅ စီးခန့်ဝင်လေ့ရှိသည်။ ကြက်သွန်ကုန်တင်ကားတစ်စီး လျှင်ပိဿာချိန် ၇,၀၀၀ ပါဝင် သည်။ ပြည်တွင်းကြက်သွန်စားသုံး မှုနှုန်းကို စာရင်းကောက်ယူထားမှု မရှိသော်လည်း ကုန်စည်ဒိုင်သို့ ၀င်သောကြက်သွန်ပိဿာချိန်နှင့် ပြည်တွင်းစားသုံးမှုနှုန်း တူညီ ကြောင်း မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းဥက္ကဋ္ဌဦးခင်ဟန်က ပြော သည်။

‘‘အခု တစ်နေ့ကိုကြက်သွန် ကား ၂၀ လောက်ဝင်တယ်။ ဈေး ကလည်း တဖြည်းဖြည်းကျနေ တယ်။ အတိအကျမပြောနိုင်သေး ပေမယ့် ကြက်သွန်နီဈေးထပ်ကျ လိမ့်မယ်လို့ခန့်မှန်းရတယ်’’ ဟု ၎င်းက ဆိုသည်။

ကြက်သွန်တောင်သူများအ တွက် ကြက်သွန်နီတစ်ပိဿာ ကျပ် ၈၀၀ မှ ၁,၀၀၀ နှုန်းရရှိပါက အရင်းကျေရုံသာရှိပြီး တစ်ထောင် ကျော်မှသာ အမြတ်အစွန်းရရှိနိုင် မည်ဖြစ်ကြောင်း တောင်သူများက ပြောသည်။

ဈေးကွက်စီးပွားရေးစနစ်အ ရ ပြည်တွင်းစားသုံးမှုမှ ပိုလျှံသည့် ကြက်သွန်များကို ပြည်ပသို့တင်ပို့ ရောင်းချခွင့်ပြုသင့်ပြီး ပြည်ပမှ ဈေးနှုန်းသင့်သည့်ကြက်သွန်နီများ တင်သွင်းခွင့်ပြုပါက ဈေးနှုန်း တည်ငြိမ်နိုင်ကြောင်း တောင်တွင်း ကြီးဒေသခံကြက်သွန်စိုက်တောင် သူတစ်ဦးက ပြောသည်။

‘‘အစိုးရက ကြက်သွန်ဈေးကို ပြည်သူရော တောင်သူပါအဆင် ပြေမယ့်နှုန်းထားပေါက်ဈေးတစ် ခုသတ်မှတ်ထားပေးစေချင်တယ်။  အခုနောက်ပိုင်းအရင်းအနှီးများ လာတယ်။ ကြက်သွန်စိုက်တာက အနည်းဆုံးတစ်ပိဿာ ကျပ် ၈၀၀ ကနေ ၁,၀၀၀ အထိတောင်သူတွေ ဆီက ၀ယ်ယူနှုန်းထားသတ်မှတ် ပေးစေချင်ပါတယ်’’ ဟုကြက်သွန် စိုက်တောင်သူ ဦးဝင်းဦးက ပြော သည်။

ကြက်သွန်နီဈေးနှုန်းထိန်းညှိ ပေးရန် အစိုးရအနေဖြင့် တောင် သူအကျိုးစီးပွားကာကွယ်ခြင်းနှင့် စားသုံးသူအခွင့်အရေး ယင်းအ ချက်နှစ်ချက်ကို အဓိကထားစဉ်း စားရန် လိုအပ်ကြောင်း မြန်မာနိုင် ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်း ချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူက အကြံပြုသည်။

‘‘ပြည်သူတွေ ဈေးသက်သာ အောင်ပြည်ပက လွတ်လွတ်လပ် လပ် တင်သွင်းခွင့်ပြုလိုက်ရင် ပြည်တွင်းက တောင်သူတွေနစ် နာမယ်။ ဒါပေမဲ့ ကြက်သွန်နီဈေး ကို ဈေးကြီးပေးပြီး အမြဲဝယ်ယူ နေရရင် ပြည်သူတွေအတွက်က အဆင်မပြေပြန်ဘူး။ အဲဒီတော့ဈေးအရမ်းကြီးနေချိန်မှာ ပြည်ပ က တင်သွင်းခွင့်ကိုအချိန်အကန့် အသတ်တစ်ခုနဲ့တင်သွင်းပြီး ကြက်သွန်နီ လှိုင်လှိုင်ထွက်ချိန်မှာ  ပြည်ပတင်သွင်းခွင့်ကို ပိတ်ပစ် လိုက်တာမျိုးဖြစ်သင့်တယ်’’ ဟု ဦး ကျော်သူက ဆိုသည်။

မိသားစုတစ်စုလျှင် တစ်လ အသုံးပြုသည့်ကြက်သွန်နီပမာဏ သည် အများဆုံးနှစ်ပိဿာခန့်သာ ဖြစ်သဖြင့် ဖုန်းအသုံးပြုမှုအနည်း ငယ်လျော့လျှင်ပင် အသုံးစရိတ် ကာမိနိုင်ကြောင်း၊ ထို့ကြောင့် တောင်သူများကို ငဲ့ညှာစေလို ကြောင်း လွတ်လပ်သောတောင် သူ  လယ်သမားအသင်းဥက္ကဋ္ဌဦးသိန်းအောင်က ဆိုသည်။

‘‘ကြက်သွန်နီဈေးတက်တာ ကို ပြည်သူတွေအနေနဲ့မမြင်စေ ချင်ဘူး။ ဘာလို့လဲဆိုတော့ ကြက် သွန်နီဈေးတက်တယ်ဆိုပေမယ့် စိုက်ခင်းပျက်စီးသွားတာတွေ လည်းရှိတယ်။ အဲဒါတွေနဲ့ပြန်ပြီး ကာမိရုံရှိပါတယ်’’ ဟု ဦးသိန်း အောင်က ပြောသည်။

စားသုံးသူနှင့်တောင်သူနှစ် ဦးနှစ်ဖက်အဆင်ပြေစေရန် အစိုး ရက ဈေးနှုန်းတစ်ခုသတ်မှတ်ကာ ၀ယ်ယူပေးပြီး အစိုးရ၀န်ထမ်းများ ကို ၀န်ထမ်းသက်သာပုံစံမျိုးဖြင့် ပြန်လည်ရောင်းချခြင်းမျိုး ဆောင် ရွက်ပါက အတိုင်းအတာတစ်ခုအ ထိအကျိုးရှိနိုင်ကြောင်း ဦးသိန်း အောင်က ဆိုသည်။

ကြက်သွန်နီဈေးအတက်၊အ ကျသည် နိုင်ငံစီးပွားရေးဈေးကွက် ထက် ရာသီဥတုပေါ်မူတည် ပြောင်းလဲနေသဖြင့် ရာသီဥတုနှင့် ပတ်သက်၍ တောင်သူများကိုအ သိပညာများ ဖြန့်ဝေပေးနေ ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်ဦးလှဆန်းက ဆိုသည်။

‘‘ကြက်သွန်နီဈေးကို တည် ငြိမ်အောင်အစိုးရက ၀င်ရောက် ထိန်းညှိပေးတာထက် တောင်သူ တွေကိုတော့ အသိပညာတွေဖြန့် ဝေပေးနေပါတယ်။ မိုးလေ၀သ ၀က်ဘ်ဆိုက်ကြည့်ပါ၊ ရာသီဥတု ကို ခန့်မှန်းပြီးလုပ်ကြပါဆိုပြီးပြော တာရှိပါတယ်။ အခုစိုက်ပျိုးရေး အလေ့အကျင့်ကောင်း (Good Agriculture Practice)ကို လုပ်ဖို့ ပြောနေပါတယ်။ အခုတောင်သူ တွေဆီက စိုက်ပျိုးရေးလုပ်သား တွေ လုံးဝရှားပါးနေပြီ။ ဓာတ်မြေ ဩဇာသုံးတာများလို့ မြေတွေပျက် စီးနေပြီ။ အဲဒါကို မြေပြင်ဖို့လို တယ်။ မွေးမြူရေးနဲ့တွဲလုပ်ဖို့ လို တယ်ဆိုပြီး အသိပေးနေတာရှိပါ တယ်’’ ဟု ဦးလှဆန်းကဆိုသည်။

စိုက်ပျိုးရေးအလေ့အကျင့် ကောင်းဖြင့် တောင်သူများရင်းနှီး ကျွမ်းဝင်မှုရှိလာပါက စိုက်ခင်း များပျက်စီးမှုကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်လာနိုင်မည် ဖြစ်သဖြင့် ဈေးနှုန်းမတည်ငြိမ်မှု များလည်း ကာကွယ်ပြီးသားဖြစ်မည်ဟု ၎င်းကဆိုသည်။

ကြက်သွန်စိုက်သက်တမ်း ၁၀ နှစ်အတွင်း သုံးနှစ်သာအ မြတ်အစွန်းရရှိပြီး သုံးနှစ်မှာအ ရင်းရှုံးခဲ့ကာ ကျန်လေးနှစ်တွင် အ ရင်းကျေရုံသာဖြစ်ခဲ့သည့်တောင် သူဦးဝင်းဦးက ယခုနှစ်တွင်လည်း မရေရာမသေချာမှုများဖြင့် ရင် မောရဦးမည်ဟုဆိုသည်။ မြန်မာ နိုင်ငံတွင် အဓိကစားဖိုဆောင်သီးနှံ ဖြစ်သည့် ကြက်သွန်နီနှင့်ပတ် သက်၍ တောင်သူနှင့်ပြည်သူနှစ်ဦး နှစ်ဖက်အကျိုးရှိစေရန် အလေး ပေးဆောင်ရွက်သင့်သည့်အခြေ အနေရောက်နေကြောင်း တောင် သူများ၏ ပြောစကားကသက်သေ ပြနေပြီဖြစ်သည်။