စမတ်ဖုန်းမှတစ်ဆင့် အိမ်အတွင်းဆောင်ရွက်ချက်များကို ထိန်းချုပ်နိုင်မည့်စနစ် တောင်ကြီးနည်းပညာတက္ကသိုလ်ကျောင်းသားများ တီထွင်နိုင်လင်းအောင် မန္တလေး၊ ဖေဖော်ဝါရီ-၄ စမတ်ဖုန်းပေါ်မှတစ်ဆင့် နေအိမ် တစ်ခုလုံး၏ ဆောင်ရွက်ချက်များ ကိုထိန်းချုပ်နိုင်မည့်Smart Homeနည်းပညာ

လာ​ရောက်​ကြည့်​ရှုသူများကို Smart Home ပ​ရောဂျက်​နှင့်ပတ်သက်၍ ရှင်းပြ​နေစဉ်​ (ဓာတ်ပုံ − နိုင်လင်းအောင်)

စမတ်ဖုန်းပေါ်မှတစ်ဆင့် နေအိမ် တစ်ခုလုံး၏ ဆောင်ရွက်ချက်များ ကိုထိန်းချုပ်နိုင်မည့်Smart Homeနည်းပညာကို တောင်ကြီးနည်း ပညာတက္ကသိုလ် အီလက်ထရွန် နစ်မေဂျာ စတုတ္ထနှစ်ကျောင်းသား များက စုပေါင်းတီထွင်ခဲ့သည်။

အဆိုပါ Smart Home စနစ် တည်ဆောက်ရာတွင် Arduino ဆားကစ်များကို မော်တာအာရုံခံ စနစ်များဖြင့် ချိတ်ဆက်ထားပြီး ဖုန်းပေါ်မှ ထိန်းချုပ်နိုင်ရန် Blue- tooth စနစ်ဖြင့်ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ထားကြောင်း တောင် ကြီးနည်းပညာတက္ကသိုလ် အီ လက်ထရွန်နစ်မေဂျာ စတုတ္ထနှစ် ကျောင်းသား ကိုဆက်ပိုင်ထူးက ပြောသည်။

‘‘Arduino နဲ့ Bluetooth ကို ချိတ်ပြီးတော့ ပရိုဂရမ်တွေရေး တယ်။ ပြီးတော့ တံခါးတွေနဲ့ဓာတ်လှေကားအတွက် အာရုံခံစနစ် မော်တာတွေကို တပ်ပြီးတော့ထိန်း ချုပ်လို့ရအောင် လုပ်ထားတယ်။ ဖုန်းအတွက်ကိုတော့ ၀က်ဘ် ဆိုက်တစ်ခုမှာကြည့်ပြီး App ကို ကိုယ်လိုချင်သလို ဖန်တီးပြီးထည့် ထားတယ်။ ကိုယ် စနစ်ထည့်ထား ရင် ထည့်ထားသလောက်သုံးလို့ရ တယ်’’ ဟု ကိုဆက်ပိုင်ထူးကပြော သည်။

လက်ရှိတွင် ၎င်းတို့၏ Smart Home စနစ်ကို တံခါးများ အပိတ်၊အဖွင့်ပြုလုပ်ခြင်း၊ ကား ပါကင်နှင့် လူစီးဓာတ်လှေကား စနစ်ထိန်းချုပ်ခြင်း၊ ရေကူးကန် ရေလဲလှယ်ခြင်း၊ မီးအလှဖွင့်ခြင်း၊ အိမ်အတွင်း မီးအပိတ်၊အဖွင့်ပြု လုပ်ခြင်း၊ ခြံစည်းရိုးတွင် တပ်ဆင် ထားသောမီးများ ညမှောင်လျှင် အလိုအလျောက်လင်းအောင်ပြု လုပ်ခြင်း အစရှိသည့်အာရုံခံစနစ် များ ထည့်သွင်းထားသည်ဟုဆို သည်။

‘‘ဒါက Bluetooth နဲ့ပဲချိတ် ထားတာဆိုတော့ မီတာတစ်ရာ ပတ်လည်ထိန်းချုပ်လို့ရပါတယ်။ ဒါကို အဆင့်မြှင့်ပြီးတော့ wifi တို့၊ ADSL တို့နဲ့ချိတ်ဆက်ရင်တော့ အင်တာနက်ရတဲ့ တစ်ကမ္ဘာလုံးက နေ ကိုယ့်အိမ်ကို ထိန်းချုပ်လို့ရမှာ ဖြစ်ပါတယ်’’ ဟု ကိုဆက်ပိုင်ထူး က ပြောသည်။

အဆိုပါနည်းပညာကို ဖေ ဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်တွင် မန္တလေးမြို့၌ ပြုလုပ်သည့် မြန်မာ စွန့်ဦးတီထွင်ပွဲတော်တွင် ၀င် ရောက်ပြသခဲ့သည်။